လူအများစုက သူတို့ရဲ့မွေးရာပါအမှတ်နဲ့ ထိခိုက်ဒဏ်ရာ၊ ခွဲစိတ်ဒဏ်ရာကြောင့် ရရှိတဲ့ အမာရွတ်တွေကို မနှစ်မြို့ကြပါဘူး။ အထူးသဖြင့် “ဒီအမာရွတ်က ဘာဖြစ်တာလဲ၊ ဒီအမှတ်အကြီးကြီးက မွေးရာပါလား” စသည်ဖြင့် ခဏခဏအမေးခံရတဲ့အခါ စိတ်ကုန်လာကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့ရဲ့ အမာရွတ်တွေ၊ အမှတ်တွေကို အင်္ကျီအဝတ်အစားတွေနဲ့ တတ်နိုင်သမျှဖုံးအုပ်ပစ်ကြတာပါပဲ။

စာဖတ်သူမှာလည်း အဲ့ဒီလိုဖုံးအုပ်ပစ်ချင်တဲ့အမာရွတ်တစ်ခုခုရှိမယ်ဆိုရင် နည်းလမ်းကောင်းတစ်ခုပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ အမိုက်စားတက်တူးဒီဇိုင်းတွေနဲ့ အမာရွတ်နဲ့ မွေးရာပါအမှတ်တွေကို သက်ဝင်လှုပ်ရှားလာအောင် ဖန်တီးပစ်လိုက်ခြင်းပဲဖြစ်ပါတယ်။ အခြားသူတွေ ဘယ်လိုအိုင်ဒီယာဆန်းဆန်းလေးတွေနဲ့ ဖန်တီးပုံဖော်ထားတလဲဆိုတာ စိတ်မဝင်စားကြဘူးလား။

ယာဉ်ပျံပေါ်က ပြုတ်ကျလာတဲ့ ဂြိုလ်သူမ

သစ်ကိုင်းပေါ်မှာ နားနေတဲ့ ငှက်

ခွေးခြေရာလား၊ ကြောင်ခြေရာလား ဖြေပါ။

လက်မောင်းပေါ်က တက်တူးမြေပုံ

သရဲခြောက်ခံရမှာ မကြောက်ဘူးလား

လှောင်အိမ်ထဲက ငှက်ငယ်

ပင်လယ်ထဲမှာ မနေဘဲ ပုခုံးပေါ်မှာနေထိုင်ကျက်စားနေတဲ့ ငါးမန်း

ပြေးနေတဲ့ ကောင်လေးတစ်ယောက်

အမာရွတ်ကို တုတ်ချောင်းအဖြစ်ပြောင်းလဲလိုက်သူ

စကြဝဠာထဲက ဂြိုလ်တစ်စင်းနဲ့ ကြယ်တစ်စင်း

စာဖတ်သူတို့လည်း ကိုယ့်အမာရွတ်နဲ့ ကိုက်ညီမယ့် တက်တူးဒီဇိုင်းကို သေချာစဉ်းစားရင်း တက်တူးထိုးပေမယ့် ပညာရှင်နဲ့ သေချာတိုင်ပင်ကြည့်လိုက်ပါဦး။ သူမတူတဲ့အမိုက်စား တက်တူးဒီဇိုင်းဖြစ်ဖို့လည်း လိုတယ်နော်။

Source: Brightside.me