Forrest Gump ဇာက်ကားထုတ်လုပ်ပြတဲ့ခဲ့နှစ်ကို Hollywood ရဲ့ရွှေခေတ်လို့ သတ်မှတ်တဲ့အထိ ဒီဇာက်ကားက အောင်မြင်မှုရရှိခဲ့တာပါ။တွန်ဟန့်က Forrest Gump ဇာက်ကားမှာ သရုပ်ဆောင်ဖို့အတွက် ဇာက်ညွန်းကို ဖက်ပြီး ၁ နာရီခွဲ အကြာမှာ ဆုံးဖြတ်ခဲ့တာပါ။ ဇာက်ညွန်းထဲမှာ မပါတဲ့ တချို့အရာတွေကို ထည့်သွင်းဖို့လည်း ဒါရိုက်တာနဲ့ သဘောတူညီမှုရယူခဲ့ပါသေးတယ်။အခု ဒီဇာက်ကားထဲက ပရိတ်သတ်တွေ မသိလောက်သေးတဲ့ စိတ်ဝင်စားစရာအချက်တွေကို ပြောပြပေးသွားမှာပါ။

ပရိတ်သတ်တို့မှတ်မိကြသေးလား ဖော့ရက်စ်က စစ်ပွဲဆန့်ကျင်သူ အနေနဲ့ မိတ်ခွန်းပြောရတဲ့အခန်းကိုလေ။သူမိတ်ခွန်းပြောခါးနီးမှာ မိုက်ခရိုးဖုန်းက ကြိုးအဖြုတ်ခံလိုက်ရတဲ့အတွက်ကြောင့် အဲ့အခန်းမှာ သူဘာပြောခဲ့လဲဆိုတာ ရုပ်ရှင်ပရိတ်သတ်တွေ မကြားခဲ့ရဘူး။ “ဒါကျနော်ပြောချင်တာအကုန်ပါပဲ” ဆိုတာကိုပဲ ကြားခဲ့ရတာပါ။

 CNN Why we loved - and hated - 'Forrest Gump'

Source : CNN

အဲ့အခန်းမှာသူပြောခဲ့တာက “ဒီကလူတွေ ဗိယက်နမ်ကို စစ်တိုက်သွားတဲ့အချိန်မှာ၊ တခါတလေ ခြေထောက်မပါပဲနဲ့ သူတို့အမေအိမ်ကိုပြန်သွားကြတယ်။ တခါတလေ သူတို့အိမ်ကိုတောင် မပြန်လာနိုင်ကြဘူး။ ဒါက ဆိုးရွားတဲ့ အရာတခုပါ။ ဒါကျနော်ပြောချင်တာ အကုန်ပါပဲ” လို့ဖြစ်ပါတယ်။

Forrest Gump ရုပ်ရှင် ပြအပြီးမှာပဲ Forrestအကြောင်း နောက်ထပ် စာအုပ်တအုပ်ကို ရေးခဲ့ပါသေးတယ်။ တွန်ဟန့် က Forrest Gump နောက်ဆက်တွဲ ဇာက်ကားတွေ ရိုက်ကူးဖို့အတွက် ငြင်းဆန်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ ဒီနောက်ဆက်တွဲ စာအုပ်က ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ အတွက်မဖြစ်နိုင်လောက်အောင် တော်တော်ညံဖျင်းနေလို့ပါ။

Forrest Gump နောက်ဆုံး နိုင်ငံ ဖြတ်ပြီး ပြေးတဲ့အခန်းကို မှတ်မိကြသေးလာမသိဘူး။ အဲ့အခန်းကို လူစားထိုးပြီး ပြေးခိုင်းခဲ့တာပါ။ လူစားထိုးတဲ့ သူကလည်း သူ့ညီဖြစ်သူ ဂျင်ဟန့်ပါ။ သူတို့နှစ်ယောက်က ရုပ်အရမ်းတူတာပါ။

အခုပြောပြပေးမဲ့ အချက်ကတော့ ပရိတ်သတ်တွေ လုံးဝထင်မမှတ်မထားတဲ့ အရာပါ။ရုပ်ရှင်ထဲမှာ တွန်ဟန့် ရိုက်နေတဲ့ ပင်ပေါင် ဘောလုံးက တကယ့်ဘောလုံးမဟုတ်ပါဘူး။ ကွန်ပြုတာ ဂရပ်ဖစ် အကူအညီနဲ့ ဆွဲထားတာပါ။ တွန်ဟန့်ကတော့ ပင်ပေါင် ရိုက်တဲ့အခန်းတိုင်းမှာ ဘောလုံးမပါပဲ ခန္ဓာကိုယ်ပဲ လှုပ်ရှားနေခဲ့တာပါ။ဒီအချက်မသိခင်တုံးကတော့ တွန်ဟန့်ကို ပင်ပေါင် ဆရာကြီးလို့ထင်ခဲ့မိပါသေးတယ်။

 

Paramount Celebrates ‘Forrest Gump’ 25th With Blu-ray, National Mall Screening

Source : Media Play News

တွန်ဟန့်ဟာ Forrest Gump ဇာက်ကားအတွက် သရုပ်ဆောင်ကြေးကို သက်သက်မယူပဲ ဇာက်ကားအမြတ်ထဲကနေ ရာခိုင်နှုန်းခွဲယူဖို့ သဘောတူညီခဲ့ပါတယ်။ ဒီသဘောတူညီချက်က နေ သူဟာ ဒေါ်လာ သန်း ၄၀ အထိရရှိခဲ့ပါတယ်။

ဇာက်ကားထဲမှာ တွန်ဟန့်ပြောခဲ့တဲ့ “ကျနော့နာမည် Forrest Gump ပါ။ လူတွေက ကျနော့ကို Forrest Gump လို့ခေါ်ကြပါတယ်” ဆိုတဲ့စကားကို သူကိုယ်တိုင်ထွင်ပြီးပြောခဲ့တာပါ။ တကယ်က ဇာက်ညွန်းထဲမှာ မပါပါဘူး။

ဒါရိုက်တာက သူထွင်ပြီးပြောတဲ့ စကားကို ကြိုက်တဲ့အတွက်ကြောင့် မရပ်စေပဲ ဆက်လတ်ရိုက်ကူးခဲ့တာပါ။ဇာက်ကားထဲမှာ ပရိတ်သတ်တွေ သတိမထားမတဲ့ စိတ်ဝင်စားစရာ အချက်တချက်ရှိပါသေးတယ်။ Forrest ဟာ ဘယ်အရွယ်ရောက်ရောက် ရှပ်အကျီတမျိုးထဲကိုပဲ ဝတ်ဆင်ခဲ့တာပါ။သူဟာ ဇာက်ကားအစကတည်းက အပြာရောင် ရှပ်ကိုပဲ ဝတ်ဆင်ခဲ့ပါတယ်။

Tom Hanks Paid for Some of 'Forrest Gump' Out of Pocket and it Paid Off

Source : No Film School

တွန်ဟန့် ပြေးတဲ့အခန်းဟာ အပြင်မှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ထည့်သွင်းရိုက်ကူးထားတာပါ။၁၉၈၂ ခုနှစ်တုံးက Louis Michael Figueroa ဆိုတဲ့သူဟာ နယူးဂျာစီကနေဆန်ဖရန်စစ်စကို အထိ အမေရိကန် ကင်ဆာအဖွဲ့ကို ထောက်ခံကြောင်းပြဖို့ ပြေးခဲ့တာပါ။လူတွေသူ့ကို ဘယ်လိုပြေးခဲ့တာလဲ မေးရင် “ ခြေထောက်တချောင်းရဲ့ရှေ့မှာ နောက်ခြေတချောင်း ကိုချထားလိုက်တာပဲ” လို့ တခွန်းပဲဖြေခဲ့ပါတယ်။

ဂျန်နီက တွန်ဟန့်ကို သူ့ဆီမှာ ဆရာဝန်တွေ မသိသေးတဲ့ ရောဂါတမျိုးဖြစ်နေတယ်လို့ ပြောတဲ့ အခန်းကို မှတ်မိကြသေးလား။အဲ့ဒီအချိန်တုံးက သိပ္ပံပညာရှင်တွေ AIDS အကြာင်း ဆောင်းပါးရေးနေတဲ့ အချိန်ပါ။ ဒါကြောင့် ဂျန်နီရဲ့ရောဂါကို ဆရာဝန်တွေက မပြောပြနိုင်သေးတာပါ။

၁၉၉၄ ခုနှစ် Forrest Gump ဇာက်ကားပြသခဲ့တဲ့ နှစ်ကို Hollywood ရဲ့ရွှေရောင် နှစ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အဲ့နှစ်မှာပဲ The Shawshank Redemption၊ The Lion King တို့လိုဇက်ကားကောင်းတွေ ထွက်ရှိခဲ့တာပါ။ဒီကားတွေက Forrest Gump နဲ့တူတူ သမိုင်းတလျှောက် အကောင်းဆုံး ဇာက်ကားတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။အခုဖော်ပြပေးခဲ့တဲ့ အချက်တွေကတော့ kwee ပရိတ်သတ်တွေ မသိသေးဘူးလို့ ထင်တဲ့ အချက်တွေပါ။ Forrest Gump ဇာက်ကားဟာ ဘယ်အချိန်ပဲ ပြန်ကြည်ကြည့် ဘယ်လိုမှ ရိုးအီမသွားတဲ့ ဇာက်ကားကောင်းတကားပါ။