ပွဲတွေလမ်းတွေ သွားတာဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ Night Out တာဖြစ်ဖြစ် ချစ်သူနဲ့ ချိန်းထားလို့ပဲ ဖြစ်ဖြစ် အပြင်ထွက်ပြီဆိုတာနဲ့ စတိုင်ကျကျလေးထွက်တော့ ကောင်မလေးတွေ ငေးတာပေါ့။
ယောက်ျားလေးအများစုက ဘိုသီဘတ်သီ နေတာ များပါတယ်။ တကယ်တော့ ကိုယ်စတိုင်ကို နည်းနည်းလောက် ဂရုစိုက်လိုက်မယ်ဆိုရင် ကိုရီးယားမင်းသားတွေလောက်ကတော့ သနားတယ် ပြောလို့ရသွားမယ်။
1. လက်ပတ်နာရီ
ယောက်ျားလေးတွေက မိန်းကလေးတွေလို ဆွဲကြိုးတွေ လက်စွပ်တွေ အများကြီး ဆင်ဖို့ မလိုပါဘူး။ လက်ပတ်နာရီကောင်းကောင်း တစ်လုံးက ဝတ်ဆင်ထားတဲ့ အမျိုးသားကို အရောင်ပိုတောက်စေတာတော့ အမှန်ပဲ။
2. ရှူးဖိနပ်အနက်ရောင်
ပေါ့ပေါ့ပါးပါးစီးဖို့ ရှူးတွေကို နှစ်သက်ရာ ဝယ်နိုင်ပါတယ်။ အနက်ရောင်ရှူးလေးတစ်ရန်ကို ဖိနပ်စင်ပေါ်တင်ထားဖို့တော့ လိုပါလိမ့်မယ်။
Gentleman ဆန်ဆန် အသွင်ရဖို့က ရှူးအနက်လေးပဲ သင့်ကို ကူညီနိုင်မှာပါ။
3. ခါးပတ်
ခါးပတ်အမိုက်စားလေးလည်း လိုပါမယ်။ Jeans ဝတ်ဝတ် Style Pants ဝတ်ဝတ် ခါးပတ်ပတ်ထားလိုက်ရင် ပိုပြီး စတိုင်ကျစေပါတယ်။
4. ပိုက်ဆံအိတ်အပြား
ပိုက်ဆံကို ဘောင်းဘီဖင်အိတ်ထဲ လုံးထွေးထည့်တာ ဖုန်းကာဗာနောက်ထဲ ခေါက်ထည့်တာမျိုးက Smart မကျလှပါဘူး။ ခေါက်ပိုက်ဆံအိတ်ထက် ပိုက်ဆံအိတ်အပြားက ပိုပြီး သင့်တော်ပါတယ်။ ပိုက်ဆံအိတ်အပြားနဲ့ Hand Phone နဲ့ တွဲကိုင်လိုက်ရင် လန်းသွားမယ်ဆိုတာ အာမခံပါတယ်။
5. ကုတ်အင်္ကျီ
အရမ်းပူအိုက်တဲ့အခါမျိုးကလွဲရင် တီရှပ်အပေါ်က ထပ်ဝတ်ဖို့ အပေါ်အင်္ကျီ အပါးလေးတစ်ထည်ရှိရပါမယ်။ ပုံမှန် တစ်ထပ်တည်း ဝတ်တာထက် နှစ်ထပ်ဝတ်တာက သင့်ကိုပိုပြီး ဆွဲဆောင်မှုရှိစေမှာပါ။





