လည်ပင်းအခေါက် ကော်လာဒီဇိုင်းနဲ့ ဆွယ်တာတွေကို သိပ်ချမ်းအေးလှတဲ့ဒေသတွေမှာ ဝတ်လေ့ရှိပါတယ်။ ကနဦးက ဒီဖက်ရှင်တွေကို အလုပ်ကြမ်းသမားတွေ ၊ သင်္ဘောသားနဲ့ ရေကြောင်းအရာရှိတွေ ဝတ်ဆင်ခဲ့ကြရာကနေ အခုတော့ လူတိုင်းအတွက် ဆောင်းတွင်းဝတ် ဖက်ရှင်တစ်ခုဖြစ်လာခဲ့တာပါ။ လည်ထောင် Roll Neck Jumpers တွေမှာလည်း သူ့အမျိုးအစားနဲ့သူ ရှိကြတာပါပဲ။ ဒီထဲက ထင်ရှားတဲ့ လည်ထောင် Jumpers တွေကတော့ –
(၁) Classic Roll Neck

Photo: a-gentlemans
ကျား/မ မရွေး ဆောင်းတွင်းအတွက် ပုံမှန်ဖက်ရှင်အဖြစ် အဝတ်များတဲ့ လည်ထောင်ဖက်ရှင်တစ်မျိုးပါ။ Classic Roll Neck တွေကို ကြည့်လိုက်ရင် နာမည်အတိုင်း Classic ဆန်ပြီး ခပ်ရိုးရိုးနဲ့လာပါတယ်။ လည်ပင်းနေရာမှာ သူ့ဘာသာ ကော်လာခေါက်ပြီးသား လာလေ့ရှိပါတယ်။ များသောအားဖြင့် ဆောင်းတွင်းဝတ်ကြတဲ့ Winter Coat ကြီးရဲ့ အောက်မှာ ခံ ဝတ်လေ့ရှိပါတယ်။
(၂) Funnel Neck

Photo: mrporter
Funnel Neck ဒီဇိုင်းတွေက Classic Roll Neck တွေထက် ပိုရိုးရှင်းတဲ့ ဗားရှင်းပါ။ လည်ပင်းခေါက် Neckline လည်း နည်းနည်း ပိုတိုပါတယ်။ ပုံမှန်ထက် လည်ခေါက်တိုတာ ဖြစ်လို့ ဒီအတိုင်း အထောင်အတိုင်းထား ဝတ်ရတာပါ။ တချို့ Funnel Neck ဒီဇိုင်းတွေကတော့ ခေါင်းစွပ်ဒီဇိုင်းဖြစ်ပြီး လည်ပင်းနားမှာ ဇစ် ထားတဲ့ ဒီဇိုင်းနဲ့လည်း ထွက်ထားပါတယ်။
(၃) Mock Neck

Photo: HRDs India
Classic နဲ့ Funnel Neck လည်ခေါက်ဒီဇိုင်းနှစ်မျိုးစပ် Hybrid ဒီဇိုင်းမျိုးပါ။ လည်ပင်း Neckline နည်းနည်း ပိုဆန့်ထားလို့ Mock Neck တွေက ပိုနွေးပါတယ်။ Mock Neck တွေက Mid-Weight အနေနဲ့ ဝတ်လို့ကောင်းပါတယ်။ သိပ်အေးလွန်းရင်လည်း အပေါ်ကနေ Coat တစ်ခုခု ထပ်ဝတ်နိုင်ပါတယ်။
Featured Photo: fashionbeans
