နေရာတိုင်းမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းလေးတွေ ရှိကြတာပဲ မဟုတ်လား။ ဖက်ရှင်နယ်ပယ်မှာလည်း ဒီလို သိထားဖို့လိုမယ့် အခြေခံ စည်းမျဉ်းလေးတွေ ရှိကြပါတယ်။ ဖက်ရှင်နဲ့ သတ်ဆိုင်တဲ့ စည်းမျဉ်းလေးတွေကို သိထားမယ်ဆိုရင် ကွီးတို့ကို ဘယ်အချိန်ပဲဖြစ်ဖြစ် စတိုင်ကျကျနဲ့ ကြည့်ကောင်းနေစေမှာပဲ ဖြစ်ပါတယ်။ ကဲဒါဆို ယောကျာ်းလေးတစ်ယောက်အနေဲ့ အဝတ်အစားဝတ်တဲ့အခါ ဘယ်လိုမျိုးဖက်ရှင်ဆိုင်ရာ စည်းမျဉ်းလေးတွေ သိထားရမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်ပါ။

(၁) Polo T-shirts တွေဝတ်တဲ့အခါ

When Wearing Polo T-shirts

Photo : Mensxp

Polo T-shirts ယောကျာ်းလေးတွေအဝတ်များပြီး စမတ်ကျတဲ့ ဖက်ရှင်တစ်မျိုးဖြစ်ပေမယ့် Polo T-shirts တွေဝတ်တဲ့အခါ အရေးကြီးဆုံး သိထားရမယ့် အချက်တစ်ချက်ရှိပါတယ်။ အဲ့ဒါကတော့ အင်္ကျီ လက်ကို ပွပြီး ရှည်မနေစေဖို့ပါပဲ။ အင်္ကျီ လက်က လက်မောင်းရဲ့လေးပုံ သုံးပုံ / အလည်လောက်ကျပြီး Fit ဖြစ်နေဖို့ ဂရုစိုက်သင့်ပါတယ်။

(၂) Bow-Tie တွေရဲ့ဗြက်

Dress Shirt Collar Rule

Photo : Mensxp

Suit တွေဝတ်တဲ့အခါ စမတ်ကျစေဖို့ Bow-Tie တစ်ခုတွဲဖက် ဝတ်ဆင်တော့မယ်ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းတွေ ရှိပါတယ်။ အဓိကအားဖြင့်တော့ Bow-Tie တွေရဲ့ ဗြက်(အကျယ်)က အရေးကြီးဆုံးလို့ ပြောလို့ရပါတယ်။ အကယ်၍ Bow-Tie က သေးနေမယ်ဆိုရင် သင့်မျက်နှာကပိုပြီး ကြီးသယောင်ထင်ရစေမှာဖြစ်ပြီး ပြောင်းပြန်အနေနဲ့ Bow-Tie ရဲ့ဗြက်(အကျယ်)က ကြီးနေမယ်ဆိုရင်တော့ မျက်နှာကို ပိုသေးသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် Bow-Tie တွေ ဝတ်တဲ့အခါ ကိုယ့်မျက်နှာနဲ့ ကွက်တိကျမယ့် ဗြက်(အကျယ်)ကို သေချာစစ်ဖို့ လိုမှာပါ။

(၃) ရှပ်အင်္ကျီကော်လာတွေကို ဂရုစိုက်ပါ

Dress Shirt Collar Rule
Photo : Mensxp

ရှပ်အင်္ကျီကော်လာတွေက သင့်ရဲ့ဖက်ရှင်အသွင်အပြင်ကို အများကြီးပြောင်းလဲသွားစေနိုင်ပါတယ်။ ရှပ်အင်္ကျီဝတ်တဲ့အခါ ရှပ်ကော်လာက လည်ပင်အသားနဲ့ ထိကပ်ပြီး ကျပ်နေမယ်ဆိုရင် သင့်ကိုသက်တောင့်သက်သာမဖြစ်စေပဲ ကြည့်ရဆိုးစေနိုင်ပါတယ်။ အကယ်၍ သင့်ရှပ်အင်္ကျီကော်လာတွေက ကျပ်နေတယ်ဆိုရင်တော့ ကော်လာအတွင်းဘက်ကို လက်နှစ်ချောင်းထည့်ပြီး အနည်းငယ် ချောင်သွားအောင် ဖြေလျော့နိုင်ပါတယ်။

(၄) ဖိနပ်/ခြေအိတ်တွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ

Photo : Mensxp

ကွီးတို့ကို စတိုင်ကျဖို့ ဆိုရင် ဖိနပ်တွေရဲ့ အရေးပါမှုကိုလည်း မေ့ထားလို့မရနိုင်ပါဘူး။ ကိုယ်ဝတ်ဆင်မယ့် အဝတ်အစားနဲ့ လိုက်ဖက်မှုရှိတဲ့ ဖိနပ်/ ခြေအိတ်တွေကို ရွေးချယ်တက်ဖို့ လိုသလို ဖိနပ်တွေကို အမြဲသန့်ရှင်းသပ်ရပ်ပြီး တောက်ပြောင်နေအောင်လည်း ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ အလားတူ ခြေအိတ်တွေကိုလည်း အနံ့သက်ကင်းကင်းစေဖို့ ပုံမှန်လျော်ဖွတ်တာမျိုး လုပ်ပေးရမှာပါ။

(၅) Slim Fit Jeans တွေဝတ်ပါ

Photo : Mensxp

Jeans ဘောင်းဘီတွေ ဝတ်တဲ့အခါ သတိထားရမှာက ပွလျောင်းလျောင်း ဖြစ်မနေသင့်သလို အရမ်းကျပ်တဲ့ ဘောင်းဘီပုံစံတွေကိုလည်း လက်ရှောင်သင့်ပါတယ်။ Jeans ဘောင်းဘီတွေက ကိုယ့်ခန္ဓာကိုယ်နဲ့ Fit ဖြစ်မနေရင် ဆွဲဆောင်မှု လျော့စေပြီး ကြည့်ရဆိုးစေပါတယ်။ အကောင်းဆုံးကတော့ မပွလွန်းမကျပ်လွန်း Slim Fit ဖြစ်တဲ့ Jeans ဘောင်းဘီတွေကို သေချာလေးရွေးချယ်ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Mens Fashion Magazine