ဝတ်စားဆင်ယူမှုနဲ့ ပတ်သက်လာရင် အမျိုးသားတော်တော်များများက သိပ်ပြီးဂရုစိုက်လေ့မရှိကြပါဘူး။ ဝတ်စားဆင်ယူမှုဟာ နယ်ပယ်တော်တော်များများအတွက် အရေးပါပါတယ်။ အမျိုးသမီးတွေရဲ့ အာရုံကို ဖမ်းစားမလား။ အလုပ်ရှင်တွေရဲ့ အာရုံကို ဖမ်းစားမလား။ အလုပ်အကိုင်အဆင်ပြေမပြေ ဆိုတဲ့နေရာမှာလည်း ဝတ်စားဆင်ယင်မှုကို မေ့ထားလို့မရပါဘူး။

ဒီနေ့ kwee page က အမျိုးသားတွေသတိထားရှောင်သင့်တဲ့ အဆင်မပြေတဲ့ ဝတ်စားဆင်ယင်မှုတွေအကြောင်း ပြောပြပေးသွားမှာပါ။

(၁) V-Neck (လည်ပင်း ဗီပုံစံ)

Source: AliExpress

လည်ပင်း V ပုံစံ တီရှပ်၊ ဆွယ်တာတွေဟာ တစ်ချို့ ရင်အုံကြီးတဲ့ အမျိုးသားတွေအတွက် တမူထူးခြားစေတာ မှန်ပါတယ်။ ဒါပေမယ့် ရှိသင့်တာထက် ပိုပြီးအောက်ကိုရောက်တဲ့ V-Neck တွေကတော့ အဆင်မပြေနိုင်ပါဘူး။

(၂) အရမ်းကြပ်တဲ့ အဝတ်အစားတွေ

Source: British GQ

အရမ်းကြပ်တဲ့ အဝတ်အစားတွေဝတ်တာဟာ အမျိုးသားတစ်ယောက်ကို ကြည့်ရဆိုးစေပါတယ်။ အားကစားလုပ်တဲ့ချိန်၊ ရေကူးတဲ့ချိန်တွေကလွဲရင် တခြားအချိန်တွေမှာ အရမ်းကြပ်တဲ့ ဂျင်းဘောင်းဘီတွေ တီရှပ်တွေ မဝတ်တာ အကောင်းဆုံးပါ။ လေ့လာမှုတွေအရ အရမ်းကြပ်တဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့အမျိုးသားတွေက အမျိုးသမီးတော်တော်များများက နှစ်သက်သဘောကျလေ့မရှိကြောင်း ဖော်ပြထားပါတယ်။

(၃) တွန့်ကြေနေတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာ

Source: Tools of Men

မီးပူတိုက်ပြီးမှ ဝတ်သင့်တဲ့ အဝတ်အစားနဲ့ မီးပူမတိုက်လည်း ဝတ်လို့ရတဲ့ အဝတ်အစားဆိုပြီး ရှိပါတယ်။ တွန့်ကြေနေတဲ့ အဝတ်အစားတွေ ဝတ်ဆင်မယ်ဆိုရင် လူတွေရဲ့အမြင်မှ မသင့်တော်ပါဘူး။ အကယ်၍ သင်က စီးပွားရေးလုပ်နေသူ (သို့) လူအများနဲ့ ထိတွေ့ ဆက်ဆံနေရသူဖြစ်တယ်ဆိုရင်တော့ အဝတ်အစားတွေကို မီးပူတိုက်ပြီး ဝတ်ဖို့ အကြံပေးပါရစေ။

(၄) ကိုယ်နဲ့မတော်တဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်း

Source: Soyez Fleek

အင်္ကျီပွပွ ဘောင်းဘီဂွကျကြီးတွေက ခေတ်စားခဲ့တဲ့ ဖက်ရှင်ရေစီးကြောင်းတစ်ခု ဖြစ်ပေမယ့် ထင်ထားသလောက်တော့ ဆွဲဆောင်မှုမရှိပါဘူး။ ဒီလိုဝတ်စားထားတာက သင့်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ဝတ်စားဆင်ယင်မှုကို ဂရုမစိုက်တဲ့ပုံပေါက်စေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အချိုးအစားနဲ့ ကိုက်ညီတဲ့ အဝတ်အထည်တွေကိုပဲ ဦးစားပေးရွေးချယ်သင့်ပါတယ်။