အဝတ်အစားဖက်ရှင်တွေကို မိမိအသက်အရွယ်အလိုက် ဝတ်ဆင်ခြင်းသည် အနုပညာတစ်ရပ်ပါပဲ။ ဆယ်ကျော်သက်ယောကျာ်းတစ်ယောက်အနေနဲ့ အသက် (၆၀) ကျော်အရွယ်လို ဝတ်ဆင်ပါက ဘယ်လိုမှ ဖက်ရှင်ကျမှာ မဟုတ်သလို အသက်အရွယ်ကြီးရင့်နေသူတစ်ယောက်အနေနဲ့ လူငယ်လေးလို ဝတ်ဆင်ခြင်းကလည်း သင့်ကို မရင့်ကျက်ဘူးလို့ အထင်ခံရနိုင်ပါတယ်။

ဒီလိုအသက်အရွယ်အလိုက် ဝတ်ဆင်တဲ့အခါ သင့်ရဲ့ပတ်ဝန်းကျင်နဲ့ အလုပ်အကိုင်သည်လည်း သင့်ရဲ့ဖက်ရှင်အပေါ် များစွာအကျိုးသက်ရောက်မှုရှိစေပါတယ်။ အသက်အရွယ်အလိုက် ဝတ်စားဆင်ယင်ဖို့ရန်အတွက် အမျိုးသားတွေရဲ့အသက်အပိုင်းအခြားကို သုံးပိုင်း ပိုင်းနိုင်ပါတယ်။

လူငယ်အရွယ် ၁၈ နှစ်နှင့် ၂၉ နှစ်ကြား၊ လုပ်ငန်းခွင်ဝင်နေသော သက်လတ်ပိုင်းအရွယ် ၃၀ နှစ်နှင့် ၅၄ နှစ်ကြား၊ ရင့်ကျက်ပြီး အတွေ့အကြုံပြည့်ဝသော ၅၅ နှစ်နှင့်အထက် စသည်ဖြင့် သုံးပိုင်း ပိုင်းနိုင်ပါတယ်။

အသက် ၁၈ နှစ်နှင့် ၂၉ နှစ်ကြားရှိ ယောကျာ်းများအတွက် ဖက်ရှင်

man fashion accessories

ဒီအသက်အရွယ်ရှိတဲ့ ယောကျာ်းများအနေနဲ့ကတော့ ကိုယ့်ရဲ့ကိုယ်ပိုင်ဖက်ရှင်ကို ဖန်တီးနိုင်ဖို့ရန်အတွက် Theme တစ်ခုတည်းကို စွဲစွဲမြဲမြဲဝတ်ဆင်ဖို့လိုအပ်ပါတယ်။ ပိုလိုရှပ်အင်္ကျီနှင့် ချည်သားဘောင်းဘီ ဝတ်ဆင်နေကျလူငယ်ဆိုရင် ထိုဖက်ရှင်ကို အသားပေးပြီး ဝတ်ဆင်ပါ။ ဒီလိုမဟုတ်ဘဲ ဂျင်းဘောင်းဘီနှင့် ရှပ်အင်္ကျီကို ကြိုက်နှစ်သက်တယ်ဆိုရင် ထိုဖက်ရှင်ကိုပဲ ဦးစားပေး ဝတ်ဆင်သင့်ပါတယ်။

ဖက်ရှင်အသုံးအဆောင်ပိုင်းကို ပြောရမယ်ဆိုရင်တော့ လူငယ်ဖြစ်တဲ့အတွက်ကြောင့် ဖက်ရှင်အသုံးအဆောင် အများဆုံး သုံးခုအထိ ဝတ်ဆင်နိုင်ပါတယ်။

အသက် ၃၀ နှင့် ၅၄ ကြား အမျိုးသားများအတွက်

man classic fashion

လုပ်ငန်းခွင်လည်း ဝင်နေရပြီး အတိုင်းအတာတစ်ခုအထိလည်း ရင့်ကျက်သင့်သဘောက် ရင့်ကျက်ပြီဆိုရင်တော့ ခံ့ညားတဲ့ဖက်ရှင်မျိုးကို ဝတ်ဆင်သင့်ပါပြီ။ ဝင်ငွေလည်း အတန်အသင့်ရနေပြီဖြစ်တဲ့အတွက်ကြောင့် ဆယ်ကျော်သက်အရွယ်တုန်းကလို ဖန်စီလက်ပတ်များ၊ လက်စွပ်များ မဝတ်ပါနဲ့တော့။

နာရီကောင်းကောင်းတစ်လုံး ဝယ်ဝတ်ပါ။ အရည်အသွေးကောင်းတဲ့ခါးပတ်၊ ရှူးဖိနပ် စသည်ဖြင့် အဆင့်မြင့်မြင့်နဲ့ စတိုင်လ်ကျအောင် ဝတ်ဆင်သင့်ပါတယ်။

အသက် ၅၅ နှင့်အထက် အမျိုးသားများအတွက်ဖက်ရှင်

mature fashion for men

ဒီအသက်အရွယ်မှာတော့ လူကြီးလူကောင်းဖက်ရှင်မျိုးကို ဦးစားပေးရပါတော့မယ်။ အသက်အရွယ်လည်း ရလာပြီဖြစ်တဲ့အတွက်ကြောင့် သက်သောင့်သက်သာရှိတဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ရမှာဖြစ်သလို လူအများ လေးစားမှုရရှိအောင်လည်း ဝတ်ဆင်ဖို့လိုအပ်ပါတယ်။

သင့်ရဲ့ဝတ်စားဆင်ယင်မှုပေါ် မူတည်ပြီး လူအများက အကဲဖြတ်တာဖြစ်တဲ့အတွက်ကြောင့် ဘယ်အသက်အရွယ်အပိုင်းအခြားမှာမဆို သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ပြန့်ပြန့်ဝတ်ဆင်ဖို့ကတော့ အဓိက အကျဆုံးပါပဲ။

Source:  Realmenrealstyle.com