မင်္ဂလာပါ။ KWEE ကို စဉ်ဆက်မပြတ်အားပေးနေတဲ့ ပုရိသတို့ထဲမှာ ခန္ဓာကိုယ်အချိုးအစားက ပိန်ပိန်ရှည်ရှည်ဖြစ်နေသူတွေ ပါလားဗျ။ အခုတစ်ခါမှာတော့ ဒီလိုခန္ဓာကိုယ်ပိုင်ရှင် ကွီးတို့အတွက် ဖက်ရှင်ပိုင်းဆိုင်ရာ ဗဟုသုတတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

တချို့သူတွေက ပိန်အောင် အတင်းလုပ်ယူပြီး ကြိုးစားနေရတဲ့ ယနေ့ခေတ်ထဲမှာ အချို့သော ကွီးတွေအတွက်ကတော့ ပိန်လွန်းနေလို့ အင်္ကျီအဝတ်အစားဝတ်တဲ့အခါ တိုင်ပတ်ရပြန်ရောဗျာ။

ကိုယ်ကဒီအတိုင်းဝတ်လိုက်မိပေမယ့် အင်္ကျီဝတ်ထားပုံက ကို့ယို့ကားယားဖြစ်နေမယ်ဆိုရင် လူအများရဲ့လှောင်ရယ်ခြင်းကို ခံရနိုင်ပါတယ်။ ဒါကြောင့် KWEE ရဲ့ စာဖတ်ပရိတ်သတ်များအတွက် အဝတ်အစားဝတ်တော့မယ့်အခါမှာ သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ပုခုံးဖော့တွေ

နန်းတော်ကြီးတွေရှေ့မှာ မတ်တပ်ရပ်စောင့်နေရတဲ့ အစောင့်ကြီးတွေပုံမပေါက်ချင်ရင်တော့ ပုခုံးမှာဖော့တွေအထူကြီးထည့်ပြီးဝတ်တာကို ရှောင်ကြဉ်လိုက်ပါ။

Accessories အကြီးကြီးတွေ မဝတ်ပါနဲ့

ပိန်ပါးတဲ့လူတစ်ယောက်အနေနဲ့ အနည်းငယ် ပွယတဲ့အဝတ်အစားတွေကို ဝတ်တာက သူ့ဟာနဲ့သူကြည့်ကောင်းတယ်ဆိုပေမယ့် Accessories တွေကို အကြီးကြီးတွေ မဝတ်ပါနဲ့။ နာရီ၊ ခါးပတ် စသဖြင့်လို သေးငယ်ပြီး သိပ်မထင်ရှား မသိသာတဲ့ပစ္စည်းလေးတွေဆိုရင် အဆင်ပြေပါတယ်။

အလွှာတွေ ထပ်ပြီးဝတ်ပေးပါ

ခန္ဓာကိုယ်အတန်ငယ် ဖွံ့ဖြိုးသူတွေအနေနဲ့ ပိုပြီးဝသယောင်ထင်သွားစေနိုင်လို့ ပွပွယယတွေ မဝတ်ဆင်သင့်ဘူးဆိုပေမယ့် ပိန်တဲ့သူတွေအတွက်ကတော့ ဆန့်ကျင်ဖက်ပါ။ အလွှာလေးတွေထပ်ပြီး ဝတ်ဆင်ပေးခြင်းက ခန္ဓာကိုယ်ကို ပိုပြီးတော့ ပြည့်ပြည့်လေးနဲ့ ကြည့်လို့ကောင်းသွားစေပါတယ်။

အစင်းကြောင်းတွေပါတာ မဝတ်ပါနဲ့

အစင်းကြောင်းပါတဲ့ အဝတ်အထည်တွေဟာ သိပ်ပြီးအရပ်မရှည်သူတွေ ဝတ်ဆင်သင့်တဲ့ အင်္ကျီတွေဖြစ်တာကြောင့် ကိုယ်က အရပ်လည်းရှည်ပြီး ပိန်ပါးသူတစ်ဦးဆိုရင်တော့ အစင်းပါတဲ့အင်္ကျီတွေကို ရှောင်ပါ။

ဘောင်းဘီအောက်ခြေကို လိပ်တင်ပါ။

ဘောင်းဘီဝတ်လိုက်တာနဲ့ မပြီးသေးပါဘူး။ ပိုပြီးဖက်ရှင်ကျသယောင်၊ ကြည့်လို့ကောင်းနေစေဖို့အတွက် ဘောင်းဘီအောက်နားလေးကို ပုံမှာပြထားတဲ့ အတိုင်းအတာလောက်အထိ လိပ်တင်ပေးလိုက်ပါ။ အရပ်ရှည်တဲ့ အမျိုးသားတွေနဲ့ အထူးလိုက်ဖက်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။

ဒဲ့ကျ ဘောင်းဘီရှည်များ

အရပ်ရှည်ပြီး ခန္ဓာကိုယ်ပိန်ပါးတဲ့ ကွီးတွေအနေနဲ့ ဘောင်းဘီကျပ်ကျပ်တွေ ဝတ်ဆင်ခြင်းမှ ရှောင်ရှားသင့်ပါတယ်။ ဒီလိုကြပ်ကြပ်တွေဝတ်ခြင်းက ပိုပိန်သယောင်ပေါ်လွင်စေနိုင်တာကြောင့် အကြပ်တွေအစား ဒဲ့ကျဘောင်းဘီတွေကို ဝတ်ဆင်ပေးပါ။

Source: buzz16.com