ဘယ်အချိန်ကြည့်ကြည့် စတိုင်ကျတဲ့ အမျိုးသားတွေမှာ ဖက်ရှင်နဲ့ ပတ်သတ်ပြီး အမြဲဂရုစိုက်တဲ့ အလေ့အကျင့်ကောင်းလေးတွေ ရှိပါတယ်။ ကျွန်တော်တို့ ယောကျာ်းလေးအများစုက ဖက်ရှင်နဲ့ပတ်သတ်ရင် သိပ်ပြီးခေါင်းရှုပ်မခံချင်ကြဘူးဆိုပေမယ့် အခုပြောမယ့် ရိုးရှင်းတဲ့ ဖက်ရှင်စည်းမျဉ်းတွေ သိထားမယ်ဆိုရင် ကွီးတို့ အချိန်တိုင်း စတိုင်ကျနေဖို့ သိပ်မခက်တော့ပါဘူး။

(၁) အချိုးအစား ကိုက်ညီမှုကို ဦးစားပေးပါ


Photo : Real Men Real Style

အဝတ်အစားဝတ်တဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်နဲ့ ကိုက်ညီမှုရှိတဲ့ အချိုးအစားကို ရွေးချယ်ခြင်းက စတိုင်ကျဖို့အတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ Suit ပဲ ဖြစ်ဖြစ် ၊ Shirt အင်္ကျီပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်နဲ့ မှန်ကန်တဲ့ အချိုးအစားမရှိရင် ကြည့်ရဆိုးစေမှာပါ။ ဒါကြောင့် အဝတ်အစားရွေးချယ်တဲ့အခါ ကိုယ်ရဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ ကိုက်ညီတဲ့ ဆိုဒ် / အချိုးအစား ဖြစ်ဖို့ကို ဦးစားပေးရွေးသင့်ပါတယ်။

(၂) အရောင်တွေ ကစားပါ


Photo : The New York Times

ဖက်ရှင်ရဲ့အခန်းကဏ္ဍမှာ အရောင်တွေရဲ့ အရေးပါမှုကလည်း သိပ်ကိုအားကြီးပါတယ်။ မီးခိုး ၊ အနက် စတဲ့အရောင်တွေပဲ အမြဲဝတ်ဆင်လေ့ရှိတယ်ဆို သင့်ရဲ့ ဖက်ရှင်အသွင်အပြင်ဟာ ပျင်းရိငြီးငွေ့စရာ ဖြစ်နေမှာပါ။ ဒါကြောင့် အရောင်အသွေးစုံတဲ့ ဖက်ရှင်ကာလာတွေကို စမ်းဝတ်ကြည့်ပြီး ဘယ်လို အရောင်ပေါင်းစပ်မှုတွေက ကိုယ့်စတိုင်နဲ့ အသင့်တော်ဆုံးလဲဆိုတာကို ဆန်းစစ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၃) ဖိနပ်တွေကို ဂရုစိုက်ပါ

Photo : Fratelli Borgioli

ဖက်ရှင်တစ်ခု ပြီးပြည့်စုံဖို့အတွက် ဖိနပ်တွေရဲ့ အရေးပါမှုကို မေ့ထားလို့ မရပါဘူး။ ဖိနပ်တွေက သင်ဝတ်ထားတဲ့ ဝတ်စုံကို ပိုမိုပြီးပြည့်စုံသွားစေပြီး စတိုင်ကျကျနဲ့ ကြည့်ကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဖိနပ်တွေအပေါ်လည်း ရင်းနှီးမြုပ်နှံသင့်ပြီး ကိုယ်ဝတ်မယ့် outfit နဲ့ လိုက်ဖက်မှုရှိတဲ့ shoes တွေ sneakers တွေကိုလည်း ပြောင်းလဲဝတ်ဆင်တက်ဖို့ လိုပါတယ်။

(၄) ကိုယ်ပိုင်စတိုင်ကို ဖော်ထုတ်ပါ


Photo : Real Men Real Style

အမြဲ စတိုင်ကျတဲ့ အမျိုးသားတွေမှာ ဖက်ရှင်နဲ့ ပတ်သတ်တဲ့ ကိုယ်ပိုင်စတိုင်တွေ ရှိကြပါတယ်။ ကိုယ်ပိုင်စတိုင်ကို ရှာဖွေဖော်ထုတ်နိုင်ဖို့ စမ်းသပ်မှုတွေကနေပဲ စတင်ရတာပါပဲ။ ဘယ်လို ဖက်ရှင်စတိုင်တွေ ၊ ဘယ်လို အဝတ်အစားပုံစံတွေက ကိုယ်နဲ့လိုက်ဖက်မှုရှိလဲဆိုတာကို စမ်းသပ်ဝတ်ဆင်ပြီး ကိုယ့်ကို စတိုင်ကျကျနဲ့ ကြည့်အကောင်းဆုံးဖြစ်စေမယ့် ဖက်ရှင်စတိုင်တွေကို မှတ်သားပြီး ဝတ်ဆင်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်လည်း စတိုင်ကျသူတွေကိုကြည့်လိုက်ရင် အမြဲလိုက်ဖက်တဲ့ ဖက်ရှင်တွေနဲ့  စတိုင်ကျကျ ကြည့်ကောင်းနေတာပါ။

Featured Photo : DMARGE