အအေးဓါတ်ကဲလာတဲ့ ဆောင်းနေ့ရက်တွေကို ဆွယ်တာနဲ့ချည်း ဖြတ်သန်းလို့ မဖြစ်ပါဘူး။ ဆောင်းတွင်းမှာ အနွေးဓါတ်အပြင် ဖက်ရှင်အရပါ ကြည့်ကောင်းစေမယ့် ဂျက်ကတ်လေးတွေလည်း ညွှန်းချင်ပါတယ်။

(၁) Varsity Jacket

Varsity Jacket

Photo; giaonhan247

Varsity Jacket တွေကို Sports Jacket တွေလို့လည်း ခေါ်ကြပါတယ်။ တက္ကသိုလ်ကျောင်းသားတွေ ၊ အားကစားအသင်းတွေ အဝတ်များတဲ့ ဂျက်ကတ်ဖြစ်ပြီး Sportswear ထက် ပိုစမတ်ကျပြီး Smart-Casual လောက်လည်း Formal ဘက် မရောက်ပါဘူး။ လူငယ်ဝတ်ဂျက်ကတ်ဖြစ်ပြီး မြန်မာနိုင်ငံလို သိပ်မအေးတဲ့ နိုင်ငံတွေနဲ့ အလိုက်ဖက်ဆုံး ဂျက်ကတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

(၂) Bomber Jacket

bomber jacket men

Photo: Luxe Digital

Bomber တွေကို အရင်က လူလတ်ပိုင်းတွေပဲ အဝတ်များခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ လူငယ်တွေလည်း Bomber Jacket ကို နှစ်နှစ်ခြိုက်ခြိုက်ကြီး ဝတ်လာကြပြီ ဖြစ်ပါတယ်။ Bomber တွေမှာ အရောင်အနေနဲ့ အနက် ၊ နက်ပြာက အကောင်းဆုံးပါပဲ။ Suede သားရေသားနဲ့လည်း ထွက်ထားတဲ့ Bomber Jacket တွေ ရှိပါတယ်။ များသော အားဖြင့် နိုင်လွန်လို ချည်မျိုးနဲ့ ထွက်ပါတယ်။

(၃) Field Jacket

field-jacket-shirt

Photo: Dmarge

Field Jackets တွေက အကြမ်းဝတ်နိုင်တဲ့ ဂျက်ကတ်အဖြစ် လူသိများပါတယ်။ Field Jacket ကို လူကြီးကြိုက်ဖက်ရှင်လို့ ဆိုကြပါတယ်။ ဒီဇိုင်းအရ Bomber လောက် သိပ်ဆွဲဆောင်မှု မရှိဘူးလို့ ထင်ရပေမယ့် အကြမ်းခံမှု ၊ ဝတ်လို့ကောင်းပြီး ရေရှည် ဝတ်ဆင်နိုင်မှုတွေအပြင် ထူးခြားတဲ့ ဒီဇိုင်းတွေကြောင့် နှစ်သက်သူလည်း များပြားလှပါတယ်။

Featured Photo; giaonhan247