ခွေးတွေက သူတို့သခင်တွေကို အရမ်းသစ္စာရှိကြတယ်။ သူတို့ဟာ ကစားရတာကို နှစ်သက်ကြတယ်။ ပြေးရတာ ဘောလုံးလေးတွေ လိုက်ဖမ်းရတာ ကြိုက်ကြတယ်။ သူတို့ဆီမှာ မြန်ဆန်စွာပြေးနိုင်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားကြတယ်။ တစ်ချို့ ခွေးတွေဆိုရင် အပြေးပြိုင်ပွဲတွေအတွက် အသုံးပြုကြပါတယ်။
ဒီနေ့ kwee page ကနေ ကမ္ဘာ့အမြန်ဆုံး ခွေးမျိုးစိတ်များကို ဖော်ပြပေးသွားမှာပါ။
၁. Greyhound
Source: Torque Chrome
Greyhound ခွေးမျိုးစိတ်တွေဟာ တစ်နာရီကို (၄၃) မိုင်အထိ ပြေးနိုင်ပြီး သူတို့ကိုပြိုင်ပွဲတွေမှာ အသုံးပြုကြတယ်။ အီဂျစ် သမိုင်းတွေကို ပြန်ပြီးလေ့လာကြည့်မယ်ဆိုရင် Greyhound ခွေးမျိုးစိတ်တွေနဲ့ဆင်တူတဲ့ ခွေးရုပ်တွေကို အီဂျစ်ပိရမစ်တွေမှာ တွေ့နိုင်ပါတယ်။
၂. Vizsla
Source: Betstreet
ဟန်ဂေရီနိုင်ငံ မျိုးရင်းဖြစ်ပြီး တစ်နာရီကို မိုင် (၄၀) အထိပြေးနိုင်တဲ့ စွမ်းရည်ပိုင်ဆိုင်ထားပါတယ်။ သူတို့တွေဟာ သခင်တွေအပေါ် သစ္စာရှိပြီး သန်မာတဲ့ ခွေးမျိုးတွေဖြစ်ပါတယ်။
၃. Saluki
Source: Dogtime
Saluki မျိုးစိတ်တွေကလည်း တစ်နာရီကို မိုင် (၄၀) ပြေးနိုင်တဲ့အထိ မြန်ဆန်ပါတယ်။ သူတို့မှာ ရှည်လျားတဲ့ ခြေချောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ Saluki အထီးတွေဟာ အမတွေထက် အကောင်အရွယ်အစား ပိုမိုကြီးပါတယ်။
၄. Jack Russell Terrier
Source: Dogs NSW
ဒီခွေးမျိုးကို Parson Russell Terrier လို့လည်းခေါ်ပါသေးတယ်။ ချစ်စရာကောင်းတဲ့ ဒီခွေးမျိုးစိတ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀) ကျော်ကတည်းက အင်္ဂလန်မှာ မြေခွေးတွေကို ခြောက်လန့်ဖို့ အသုံးပြုခဲ့ကြတာပါ။ သူတို့ရဲ့မြန်နှုန်းကတော့ တစ်နာရီကို (၃၈) မိုင်အထိရှိပါတယ်။
၅. Dalmatian
Source: Vetstreet
ပုံမှန်အရွယ်အစားပဲ ရှိတဲ့ ဒီခွေးမျိုးစိတ်တွေကတော့ တစ်နာရီကို (၃၇) မိုင်အထိ ပြေးနိုင်ကြပါတယ်။ သူတို့ကို ပစ္စည်းတွေသယ်ဖို့ အသုံးပြုကြပါတယ်။ တစ်ချို့နေရာတွေမှာတော့ အိမ်မွေးတိရိစ္ဆာန်အဖြစ် ထားကြပါတယ်။
၆. Borzoi
Source: Simple Wikipedia
Borzoi ခွေးမျိုးစိတ်တွေဟာ ဝံပုလွေတွေကို လိုက်ရာတွင်အသုံးပြုတဲ့ ရုရှားခွေးတွေအဖြစ်ကျော်ကြားပါတယ်။ သီးသန့်နေတတ်ပြီး တစ်နာရီကို (၃၆) မိုင်အထိ ပြေးနိုင်ကြပါတယ်။