သင်က ဘာသာစကားအသစ်တခုကိုလေ့လာနေသူဖြစ်ပါသလား? ။ ဘာသာစကားအသစ်သင်ယူတယ်ဆိုတာ ဦးနှောက်မှတ်ဉာဏ်ကိုတိုးတက်စေတယ်ဆိုတဲ့အပြင် ကောင်းကျိုးတွေအများကြီးရှိတယ်ဆိုတာဘာသာစကား လေ့လာနေသူတွေသိကြမှာပါ။ ဒါပေမယ့် ဘာသာစကားလေ့လာတဲ့အခါ အရမ်းနှေးနှေးပဲလေ့လာရင် ပျင်းလာတတ်ပါတယ်။ အခုပြောပြမယ့်အချက်တွေက ဘာသာစကားလေ့လာတဲ့အခါ မှန်မှန်ကန်ကန်နဲ့မြန်မြန်ဆန်ဆန်လေ့လာနိုင်ဖို့ ကူညီပေးမယ့်အချက်တွေပဲဖြစ်ပါတယ်။

(၁) သင်ယူမှုပန်းတိုင်တွေ ချမှတ်ပါ

Source : Freepik

ဘာသာစကားအသစ်ကိုသင်ယူတဲ့အခါ ပထမဆုံးလုပ်ရမယ့်အချက်က ပန်းတိုင်တွေချမှတ်တာပဲဖြစ်ပါတယ်။ ဥပမာ – ၆လ ဒါမှမဟုတ် ၁နှစ်ကြာရင် ဘယ်အဆင့်အထိရောက်ရမယ်ဆိုတာမျိုး သတ်မှတ်ပြီးလေ့လာသင့်ပါ တယ်။ ဒီလိုမှမဟုတ်ရင် သင့်ရဲ့ဘာသာစကားလေ့လာမှုနှုန်းက ဘယ်လောက်ကြာမှတိုးတက်လာမယ်ဆိုတာ မသိဘဲဖြစ်နေပါလိမ့်မယ်။ လေ့လာချက်များအရလဲ မှန်ကန်တဲ့ပန်းတိုင်ချမှတ်ထားတာက ပိုတတ်မြောက်လွယ် ပါတယ်။

(၂) ထိရောက်တဲ့စကားလုံးများကို အရင်လေ့လာပါ

Source : istock

ဘာသာစကားတခုမှာ စကားလုံးပေါင်းများစွာရှိတတ်ပါတယ်။ ဥပမာ အင်္ဂလိပ်စာဆိုရင် စကားလုံးအရေအတွက် ၆၀၀၀၀၀ မှ ၁ သန်းခန့်ရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာက ဘာသာစကားတခုတတ်မြောက်ဖို့ ဒီစကားလုံး တွေအကုန်သိစရာမလိုတာပါ။ ဒါ့ကြောင့် အသုံးများပြီးလိုအပ်တဲ့စကားလုံးတွေကိုသာလေ့လာတာက ဘာသာ စကားလေ့လာတဲ့နေရာမှာအချိန်ကုန်သက်သာစေပါတယ်။

(၃) လေ့လာထားတဲ့စကားလုံးတွေကို တရက်လုံး၊ နေ့စဉ်သုံးပါ

Source : Business Insider

ဘယ်ဘာသာစကားမဆို အခုမှ စလေ့လာတဲ့သူတွေအနေနဲ့ တရက်လုံးပြန်ပြောနေဖို့ဆိုတာမလွယ်ကူဘူးလို့ ထင်ရပေမယ့် တကယ့်ကထင်သလောက်မခက်ပါဘူး။ သင်အလုပ်သွားအလုပ်ပြန်ချိန်တွေမှာ ဘတ်စ်ကားစီး ရင်းလေ့လာတာ၊ မိတ်ဆွေတယောက်ကိုစောင့်ဆိုင်းနေရင်းရတဲ့အချိန်မှာလေ့လာတာတွေလုပ်လို့ရပါတယ်။

(၄) လေ့လာတဲ့ ပုံစံပြောင်းပါ

Source : The Balance Careers

တကယ်လို့ သင်လေ့လာရင်းနဲ့ပျင်းလာရင်လည်း ပုံစံပြောင်းပြီးလေ့လာပါ။ youtube ကနေလေ့လာတာ၊ ရေဒီယိုကနေလေ့လာတာ၊ apps တွေကနေလေ့လာတာစသဖြင့်နည်းတွေကနေ စာအုပ်တွေ ပုံကဒ်လေးတွေ ဝယ်ပြီးလေ့လာတာ၊ ဂိမ်းတွေ ဇာတ်လမ်းတွေကနေလေ့လာတာတို့လိုပုံစံအပြောင်းအလဲလုပ်ကြည့်ရင် ပျင်းတော့မှာမဟုတ်ပါဘူး။

(၅) ပျော်ပျော်ရွှင်ရွှင်လေ့လာပါ

Source : Psychological Science

နောက်ဆုံးအနေနဲ့က ဘာသာစကားမြန်မြန်တတ်ဖို့ဆိုရင် စိတ်ပျော်ရွှင်တဲ့အချိန်ဟာ လေ့လာသင်ယူဖို့အကောင်းဆုံးပါပဲ။ ဂိမ်းတွေနဲ့လေ့လာတာကလည်း နည်းလမ်းကောင်းတခုပါ။ ဒါမှမဟုတ် ကိုယ်ဝါသနာပါတဲ့အရာတွေလို စိတ်ဝင်စားတဲ့အရာတွေနဲ့ဆက်စပ်လေ့လာလို့လဲရပါတယ်။ ဒါ့ကြောင့် ဘာသာစကားလေ့လာတဲ့အခါ သင့်ကိုယ်သင်ပျော်ပျော်ရွှင်ရွှင်နဲ့လေ့လာနိုင်တဲ့နည်းလမ်းတွေအသုံးပြုပေးပါ။