အသက် (၁၇) နှစ်အရွယ်သာရှိသေးတဲ့ အန်ဆူ ဖက်တီဟာ ယူကရိန်းနှင့် ယှဉ်ပြိုင်ကစားခဲ့တဲ့ နေရှင်းလိဂ် ပွဲစဉ်တွင် စံချိန်သစ်တစ်ရပ်တင်ရှိသွားခဲ့ပါတယ်။

ဖက်တီဟာ စပိန်လက်ရွေးစင် အသင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။ ယူကရိန်းအသင်းကို (၄) ဂိုးပြက်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဘာစီလိုနာ တိုက်စစ်မှူးလေးဟာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့တာပါ။

Source: Sports Finding

ဂိုးသွင်းယူချိန်မှာ ဖတ်တီရဲ့အသက်ဟာ (၁၇) နှစ်နဲ့ (၃၁၁) ရက်သာရှိပါသေးတယ်။ ဒါဟာ (၁၉၂၅) ခုနှစ်တွင်တင်ရှိထားတဲ့ စပိန်အသင်းအတွက် အသက်အငယ်ဆုံးဂိုးသွင်းသူ Juan Errazquin (၁၈) နှစ် (၃၄၄) ရက်စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

Source: My Joy Online

ဖက်တီဟာ စပိန်လက်ရွေးစင်အသင်းအတွက် ကိုယ်တိုင်အကောင်းဆုံးကစားပေးနိုင်ခဲ့ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့သလို ရာမို့စ်သွင်းယူခဲ့တဲ့ ပင်နယ်တီဟာလည်း သူ့ကြောင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဖက်တီဟာ စပိန်-ဂျာမနီ တစ်ဖက် တစ်ဂိုးစီသရေကျခဲ့တဲ့ နေရှင်းလိဂ် ပွဲစဉ်တွင် စပိန်စီနီယာအသင်းအတွက် ပထမဆုံး ပါဝင်ကစားပေးခဲ့ပါတယ်။

Source: Brandenton Herald

ဖက်တီဟာ အသက် (၁၀) နှစ်အရွယ်ကတည်းက ဘာစီလိုနာ လူငယ်အသင်းမှာစတင်ကစားခဲ့ပြီး စီနီယာ အသင်းကြီးအတွက်(၂၀၁၉) ဩဂုတ်လ တွင်ပါဝင်ကစားပေးခဲ့ပါတယ်။ တစ်ပက်ခန့်အကြာမှာ အိုဆာဆူနာအသင်းနှင့်ပွဲစဉ်တွင် ဂိုးသွင်းယူခဲ့ပြီး ဘာစီလိုနာအသင်းရဲ့သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် (၃၃) ပွဲအထိပါဝင်ကစားပေးခဲ့ပြီး (၈) ဂိုးသွင်းယူပေးခဲ့ပါတယ်။