၂၁ ရာစုမှာ လူတွေအတွက် ဖက်ရှင်ဟာအရေးပါဆုံး ကဏ္ဍတစ်ခုအဖြစ် ပါဝင်လာပါတယ်။ ဖက်ရှင်ကျတဲ့ သူတစ်ယောက်ဖြစ်ဖို့ မှန်ကန်တဲ့ အဝတ်အစားအရောင်ရွေးချယ်မှုကလည်း အရမ်းအရေးကြီးပါတယ်။ လူတိုင်းလူတိုင်း ကိုယ်ရဲ့ဖက်ရှင်နဲ့ ပတ်သက်ပြီး Confidence ရှိရှိပဲ ဖြစ်ချင်ကြတာပါ။ ဒီလိုအမြဲကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့ ဘယ်လိုဖက်ရှင်အရောင်တွေ ရွေးချယ်ဝင်သင့်လဲ။ လူတိုင်းအားကျရတဲ့ ဖက်ရှင်ကျတဲ့ အမျိုးသားအများစုက ဘယ်လိုဖက်ရှင်အရောင်တွေ ဝတ်ဆင်လေ့ရှိလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) ကာကီရောင်

Source : dhgate.com

အမျိုးသားအများစုကြိုက်နှစ်သက်တဲ့ အရောင်ထဲမှာ ကာကီရောင်ကလည်း ထိပ်ဆုံးက ပါဝင်မယ်ထင်ပါတယ်။ ကာကီရောင်ဟာ Classic ဆန်တဲ့အရောင်တွေထဲက တစ်ခုပါ။ တခြား အရောင်တော်များများနဲ့လည်း တွဲဖက်ဝတ်လို့ အကောင်းဆုံးဖြစ်တာကြောင့် ကာကီရောင်ကတော့ သင့်ကို ဖက်ရှင်ကျစေမယ့် ရွေးချယ်စရာအရောင်တစ်မျိုးဖြစ်ပါတယ်။

(၂) နက်ပြာရောင်

Source : Business Insider

ဒုတိယလူကြိုက်အများဆုံးနဲ့ ဖက်ရှင်အကျဆုံးအရောင်ကတော့ နက်ပြာရောင်ပါ။ နက်ပြာရောင်ကတော့ တခြားအရောင် ခပ်နုနုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လို့အကောင်းဆုံး လိုက်ဖက်မှုရှိတဲ့အရောင်ဖြစ်ပါတယ်။ လူငယ်ဆန်ချင်တဲ့သူတွေအနေနဲ့ ပန်းရောင်၊ အပြာနုရောင်တွေနဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။

(၃) အနက်ရောင်

Source : He Spoke Style

အနက်ကတော့ ပြောစရာမလိုအောင်ကို ယောကျာ်းလေးတွေ အကြိုက်တွေ့တဲ့ အရောင်တစ်မျိုးပါ။ ဘယ်လိုကာလာမျိုးနဲ့ ဖြစ်ဖြစ် တွဲဖက်ဝတ်ဆင်လို့အဆင်ပြေနိုင်တဲ့အတွက် ဘာလာလာဒေါင်းတဲ့အရောင်တစ်မျိုးဖြစ်ပါတယ်။ အနက်ရောင် Suit တွေကတော့ လုံးဝအထာထာကျကျမိုက်တဲ့ ဖက်ရှင်မျိုးဖြစ်ပြီး လူငယ်ဆန်ချင်ရင်တော့ အဖြူနဲ့ ဂျင်းရောင်တွေကို တွဲဖက်ဝတ်ဆင်လို့ရပါတယ်။

(၄) မီးခိုးရာင်

Source : Pinterest

မီးခိုရောင်ဖက်ရှင်တွေကလည်း ၂၁ ရာစုမှာ ပိုမိုအသုံးများလာတဲ့ လူကြိုက်များတဲ့ဖက်ရှင်တစ်မျိုးပါ။ အရောင်ဖျော့တဲ့အတွက် တွဲဖက်ဝတ်ဆင်မယ့် ဖက်ရှင်အရောင်ကိုတော့ တော်တော်လေး စဉ်းစားဖို့လိုပါတယ်။ မီးခိုးရောင်နဲ့ အလိုက်ဖက်ဆုံးကတော့ အနီရောင်၊ မိတ်ကပ်ရောင်နဲ့ အနက်ရောင်ပဲဖြစ်ပါတယ်။

(၅) စစ်စိမ်းရောင်

Source : aliexpress.com

စစ်စိမ်းရောင်နဲ့ အလိုက်ဖက်ဆုံးက ကာကီနဲ့ အနက်ပါ။ တခြားသောအရောင်တွေနဲ့လည်း တွဲဖက်ဝတ်နိုင်ပေမယ့် ကာကီရောင်နဲ့ အနက်ကတော့ လုံးဝဖက်ရှင်ကျတဲ့သူတွေ အမြဲဝတ်ဆင်လေ့ရှိတဲ့ ကာလာရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။