ရာသီဥတုသိပ်အေးတဲ့ အရပ်တွေမှာ Puffer Jacket တွေက အခရာပါပဲ။ Puffer ဂျက်ကတ်တွေကို နှင်းတွေ သည်းအောင်ကျပြီး အေးကိုက်လှတဲ့ဒေသတွေက အကြိုက်တန်း ဝတ်ကြပါတယ်။ Puffer ဂျက်ကတ်တွေက လေလုံ/ရေလုံလည်း ဖြစ် ၊ တစ်ကိုယ်တော်အနွေးဓါတ်လည်း ပေးတာကြောင့် သိပ်အေးလာပြီဆိုရင် Puffer ဂျက်ကတ်တွေ ရွေးဖို့ အကြံပြုချင်ပါတယ်။

Puffer ဂျက်ကတ် ရွေးချယ်မယ်ဆိုရင် အခြေခံစဉ်းစားစရာအချက်လေးတချို့ ရှိပါတယ်။ ဘယ်လို Features လေးတွေလဲဆိုတာကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) ရေလုံရမယ်

puffer jacket men

Photo: bosshunting

ဆောင်းတွင်းဝတ် Puffer ဂျက်ကတ်သားတွေက ရေမစိမ့်ဖို့ ရေလုံဖို့ အရေးကြီးပါတယ်။ နှင်းတောထဲမှာဆို Puffer တွေက နှင်းရည်နှင်းစက်တွေ စိမ့်ဝင်မလာအောင် ကာကွယ်ပေးရမှာပါ။ တောကြမ်းခရီးဝတ်မယ်ဆိုရင်လည်း ရေမစိုအောင် မိုးကာသားဖြစ်ဖို့ သေချာစစ်ပါ။ ဒါဆို တော်ရုံ မိုးမိရင်လည်း စိုးရိမ်စရာ မရှိတော့ပါဘူး။

(၂) လျှို့ဝှက်သိုင်းကြိုးလေးတွေ ပါရမယ်

man-in-puffer-jacket

Photo: dapperconfidential

Puffer ဂျက်ကတ်တွေက ဘက်စုံသုံး ဂျာကင်တွေပါ။ အရေးအကြောင်းဆို Puffer တွေဟာ ကျောပိုးအိတ်လိုပါ အသုံးချနိုင်ပါတယ်။ ဒါကြောင့် Puffer ဂျက်ကတ်တွေကို ဝယ်ရာမှာ ဂျာကင်အတွင်း လိုင်နာတွေထဲမှာ သိုင်းကြိုး Straps လေးတွေ ဝှက်ချုပ်ထားသလား စစ်ကြည့်သင့်ပါတယ်။ အရေးကြုံလာရင် ဒီကြိုးလေးတွေက သင့်အတွက် တကယ်အသုံးဝင်လာနိုင်လို့ ဖြစ်ပါတယ်။

(၃) ခေါင်းစွပ် ပါရမယ်

Puffer Jacket With Hood

Photo: amazon

Coat အားလုံးမှာ ခေါင်းစွပ် Hood ပါတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Puffer မှ ဝယ်မယ်ဆိုရင် ခေါင်းစွပ်ပါတာမျိုးပဲ ဝယ်ပါလို့ အကြံပေးချင်ပါတယ်။ ခေါင်း ဆောင်းနိုင်တဲ့ Puffer တွေက မိုးနဲ့ ဆီးနှင်းတွေကို ခေါင်းကနေ ခါးအထိ လုံအောင် ကာကွယ်ပေးနိုင်လို့ ဖြစ်ပါတယ်။ အေးလာပြီဆိုရင်လည်း ဒီခေါင်းစွပ်တွေက ခေါင်းရော နားရွက်ပါ နွေးထွေးစေပါတယ်။

(၄) Texture ဒီဇိုင်း ကြည့်ပါ

style-down-jacket

Photo: johnlewis

Puffer တွေရဲ့ ဒီဇိုင်းက တခြားဂျက်ကတ်တွေနဲ့ ကွဲပြားပါတယ်။ ဝတ်ဆင်သူ နွေးထွေးအောင်အတွက် Puffer တွေမှာ Insulation လို့ ခေါ်တဲ့ အတွင်းဖော့ခံတွေ ပါဝင်ပါတယ်။ Insulation တွေကို အကန့်လိုက် ချုပ်ထားတာ ဖြစ်ပါတယ်။ Puffer လို့ ပြောလိုက်ရင် အတွင်းဖော့ခံအကန့်ချုပ်ကွက်တွေက သိသာထင်ရှားတာကြောင့် စစ်ဆေးရလည်း လွယ်ပါတယ်။

(၅) လက်စည်းဒီဇိုင်း ကြည့်ပါ

Sustainable-Puffer-Jackets

Photo: goodonyou

အပေါ်ဘက်မှာ ပြောခဲ့သလိုပါပဲ။ Puffer တွေက သက်တောင့်သက်သာနဲ့ နွေးထွေးနေဖို့ အထူးထုတ်ထားတဲ့ ဂျက်ကတ်တွေ ဖြစ်ပါတယ်။ Puffer တွေက လေလုံအောင် အင်္ကျီလက်တွေကို မျှော့လက်စည်းနဲ့ ချုပ်ထားလေ့ရှိပါတယ်။ ရာသီဥတုသိပ်အေးလာချိန်မှာ အပြင်လေကြောင့် အင်္ကျီထဲ လေတိုးပြီး မအေးရအောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Featured Photo: johnlewis