လီဗာပူးလ်နဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်ဟာ ဘောလုံးလောကမှ အနားယူကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါပြီ။

Source: Marca

အဆိုပါ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ဂျပန်ကလပ် Sagan Tosu အသင်းမှာ ကစားနေရင်း လူမှုကွန်ရက်ပေါ်မှာ အခုလို ကြေညာလိုက်တာပါ။ ‘ကျနော့ဆီမှာ အရမ်းအရေးကြီးတဲ့သတင်း ကြေညာစရာရှိပါတယ်။ ဘောလုံးလောကမှာ ၁၈ နှစ်တာကျင်လည်ခဲ့ပြီး အခု အနားယူရမဲ့အချိန်ရောက်လာပါပြီ’ လို့ရေးသားပြီး သူရဲ့ လူမူကွန်ရက်အကောင့်မှာ တင်ခဲ့တာပါ။

လာမဲ့ တနင်္ဂနွေနေ့မှာ Tokyo တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အသေးစိတ်ကို ကြေညာမယ်လို့ ပြောခဲ့ပါသေးတယ်။ တောရက်စ်ဟာ ဂျပန်ကလပ် Sagan Tosu ကို ၂၀၁၈ ဇူလှိုင်လ မှာရောက်ရှိလာခဲ့တာပါ။ J League မှာ ၃၂ ပွဲကစားပြီး ၄ ဂိုးသွင်းယူထားပါတယ်။

Source: The National

တောရက်စ်ဟာ အက်တလတ်တီကို အကယ်ဒမီထွက် ကစားသမားတယောက်ဖြစ်ပြီးတော့ ၁၉၉၉ ခုနှစ်မှာ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုလည်း အက်တလတ်တီကို အသင်းနဲ့စတင်ခဲ့ပါတယ်။

အတ်တလတ်တီကို အသင်းဟာ La Liga အမှတ်ပေးပြိုင်ပွဲသို့ ၂၀၀၁-၂၀၀၂ ဘောလုံးရာသီမှာ တန်းတက်ကစားခွင့် ရရှိခဲ့ပါတယ်။ La Liga မှာ ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်တာကြောင့် လီဗာပူးအသင်းက ၂၀၁၈ ခုနှစ်မှာ တောရက်စ်ကို အရခေါ်ယူခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက တောရက်စ်အတွက် ပြောင်းရွှေ့ကြေးက လီဗာပူးသမိုင်းတလျှောက်မှာ အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။ လီဗာပူးအသင်းမှာလည်း ခြေးစွမ်းပြကစားနိုင်ခဲ့ပြီးတော့ ၁၄၂ ပွဲမှာ ၈၁ ဂိုးထိသွင်းယူနိုင်ခဲ့ပြီး လီဗာပူးပရိသတ်တွေရဲ့ အသည်းစွဲကစားသမားတဦးဖြစ်ခဲ့ပါတယ်။

Source: Planet Football

၂၀၁၁ ခုနှစ်အရောက်မှာတော့ တောရက်စ်ဟာ အံ့သြစရာကောင်းလောက်အောင် ချယ်လဲဆီးအသင်းကို ပြောင်ရွှေ့သွားခဲ့ပြီး လီဗာပူးပရိတ်သတ်တွေရဲ့အသည်းကို ခွဲခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကို ရောက်ပြီးနောက်ပိုင်း ခြေစွမ်းတွေ ကျဆင်းလားပြီး စီးရီးအေကလပ် အေစီမီလန်အသင်းဆီ အငှားနဲ့ပြောင်းရွှေ့ကစားခဲ့ရပါတယ်။

တောရက်စ်ဟာ ချယ်လဲဆီးအသင်းနဲ့အတူ FA ဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့၊ ယူရိုပါလိဂ်ဖလား တို့ ရရှိခဲ့ပါသေးတယ်။ ၂၀၁၇ ခုနှစ်မှာ အသင်းဟောင်းအက်တလတ်တီကို အသင်းဆီ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဂျပန်ကလပ် Sagan Tosu ကို ပြောင်းရွှေ့သွားခဲ့ပြီး လက်ရှိထိ အသင်းမှာ ကစားနေဆဲပါ။

Source: The National

တောရက်စ်ဟာ ကလပ်အသင်းတွေမှာထက် နိုင်ငံအသင်းမှာ ပိုမို အောင်မြင်မှု ရရှိခဲ့တယ်လို့ ပြောလို့ရပါတယ်။ စပိန်နိုင်ငံအသင်းနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလား၊ UEFA European Championship ချန်ပီယံ ၃ ကြိမ်ထိ ဆွတ်ခူးရရှိခဲ့ပါတယ်။