ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ စပိန်လက် ရွေးစင်တိုက်စစ်မှူး တောရက်စ်ကတော့ ကစားသမားဘဝမှ အပြီးတိုင်အနားယူသွားခဲ့ပါပြီ။ အသက် (၃၅) နှစ်အရွှယ်ကစားသမား တောရက်စ် နာမည်ကြီးကလပ်အသင်းတွေဖြစ်တဲ့ အက်သလက်တီကိုအသင်း၊ လီဗာပူးလ်အသင်း၊ ချယ်လ်ဆီးအသင်း ၊ အေစီမီလန်အသင်းစတဲ့ထိပ်တန်းကလပ်အသင်းတွေမှာကစားခဲ့ပြီး ဆာဂန်တိုဆူအသင်းမှာ ကစားသမားဘဝရဲ့နောက်ဆုံးအချိန်တွေကိုဖြတ်သန်းခဲ့တာဖြစ်ပါတယ်။
Source : independent.co.uk
တိုက်စစ်ကစားသမား တောရက်စ်ဟာ အက်သလက်တီကိုအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုလည်း အက်သလက်တီကိုအသင်းမှာပဲ စတင်ခဲ့တာဖြစ်ပါတယ်။ တောရက်စ်ဟာ(၁၈)နှစ်ကြာကစားသမားဘဝကိုဖြတ်သန်းခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ဖလား (၂)ကြိမ် ၊ ချန်ပီယံလိဂ်ဖလား (၂)ကြိမ် ၊ အက်ဖ်အေဖလား (၁)ကြိမ် ၊ ယူရိုဖလား (၂) ကြိမ်နဲ့ ကမ္ဘာ့ဖလား (၁)ကြိမ် စတဲ့အောင်မြင်မှုမှတ်တမ်းများစွာလည်း ရေးထိုးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
Source : talkSPORT
အက်သလက်တီကိုအသင်းမှာ (၂၀၀၁) ကနေ (၂၀၀၇) ၊ လီဗာပူးလ်အသင်းမှာ (၂၀၀၇) ကနေ (၂၀၀၇) ကနေ (၂၀၁၁) ၊ ချဲလ်ဆီးအသင်းမှာ (၂၀၁၁) ကနေ (၂၀၁၅) ၊ အေစီမီလန်အသင်းမှာ (၂၀၁၅) ကနေ (၂၀၁၆) ၊ ၂၀၁၆ မှာတော့ အသင်းဟောင်းအသက်လက်တီကို ကိုပြန်လည်ရောက်ရှိလာခဲ့ပြီး ၂၀၁၈ ခုနှစ်အထိကစားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဇူလိုင်လမှာတော့ အက်သလက်တီကိုအသင်းကနေ ဂျပန်ဂျေလိဂ်-၁ကလပ် ဆာဂန်တိုဆူအသင်းသို့ရောက်ရှိလာခဲ့ပြီး (၂)ရာသီအတွင်း (၃၅) ပွဲကစားကာ (၅)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
Source : BBC
တောရက်စ်ဟာ ဆာဂန်တိုဆူအသင်းနဲ့ အတူနောက်ဆုံးပွဲစဉ်အဖြစ် ဗစ်ဆဲလ်ကိုဘေအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီးမှ ကစားသမားဘဝကနေ အနားယူသွားခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာတော့ ဗစ်ဆဲလ်ကိုဘေအသင်းကို (၆-၁) ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ကစား သမားဘဝရဲ့ နောက်ဆုံးပွဲရှုံးနိမ့်ခဲ့ပေမယ့် (၁၈)နှစ်တာကစားသမား ဖြတ်သန်းခဲ့မှုမှာတော့ အောင်မြင်မှုတွေ ဆုဖလားတွေနဲ့ အတူ ပရိသတ်တွေအချစ်တွေရရှိပိုင်ဆိုင်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတစ်ဦးဆိုတာတော့ ပရိသတ်တွေထာဝရ အမှတ်ရနေအုန်းမယ်ထင်ပါတယ်။
Source : India Today