ဘောလုံးအဖွဲအစည်းတခုဖြစ်တဲ့ ဖီဖာကတော့ လူမျိုးရေးခွဲခြားတဲ့သူတွေကို ပြစ်ဒဏ်နှစ်ဆတိုးမြှင့်လိုက်ပါပြီ။ ကစားသမားတယောက်က အခြားကစားသမားတယောက်ကို လူမျိုးရေးခွဲခြားတာ အပြစ်ရှိတယ်လို့ တွေ့ရှိခဲ့ရင် ၁၀ ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ကျခံရတော့မှာပါ။

Source: Channel 4

ထုတ်ပြန်လိုက်တဲ့ စည်းမျည်းတွေအရ လူမျိုးရေးခွဲခြားတဲ့သူကော ခွဲခြားခံရတဲ့သူပါ တရားရုံးက ခေါ်ယူစစ်ဆေးတော့မှာပါ။ထပ်ပြီးတော့ ဖီဖာက သူတို့ရဲ့စည်းမျည်းတွေထဲမှာ လိင်ခွဲခြားဆက်ဆံတာကိုလည်း ပြစ်မှုမြောက်ကြောင်းထည့်သွင်းဖော်ပြထားပါတယ်။

တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့ (Fare) နဲ့တိုင်ပင်ပြီး ဖီဖာကဒီစည်းမျည်းတွေကိုထုတ်ပြန်လိုက်တာပါ။လာမဲ့ ရက်အနည်းငယ်အတွင်းမှာ ဒီစည်းမျည်းတွေ သတ်ရောက်မှုရှိလာတော့ မှာပါ။အရင်တုံးက လူမျိုးရေးခွဲခြားတဲ့ ကစားသမားတွေကို အနည်းဆုံး ၅ ပွဲပယ်ပြစ်ဒဏ်ချမှတ်ရာကနေ အခု ၁၀ ပွဲအထိတိုးမြှင့်လိုက်တာပါ။ Gianni Infantino ဦးဆောင်တဲ့ ဖီဖာကတော့ သူတို့ရဲ့စည်းမျည်းတွေအပေါ်အခိုင်အမာ ရပ်တည်ကြောင်းပြောခဲ့ပါတယ်။

Source: DW

ဒါ့အပြင် ဖီဖာဟာ ပွဲကစားနေစဉ်အတွင်း အသင်းရဲ့ပရိတ်သက်တွေက လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ရင်ကလပ်အသင်းတွေကို ကွင်းပိတ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေတွေချမှတ်တော့မှာပါ။

လူမျိုးရေးခွဲခြားခံရတဲ့ကစားသမားတွေထဲမှာ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဒန်နီအဲဗက်စ်၊ အီတိုး၊ ဘာလိုတယ်လီ၊ အီဗရာ စတဲ့ကစားသမားတွေပါဝင်ပါတယ်။လူးဝစ်ဆွာရက်က ပက်ထရစ်အီဗရာကို ပွဲကစားနေစဉ်အတွင်း လူမျိုးရေးခွဲခြားတဲ့ စကားတွေပြောဆိုခဲ့တဲ့အတွက်ကြောင့် ဖီဖာက ၈ ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခဲ့ဖူးပါတယ်။

Source: CNN International

“လူတဦးခြင်းဆီရဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေး ခုခံကာကွယ်ဖို့အတွက် ဒီစည်းမျည်းစည်းကမ်းတွေကို ပြုပြင်မွမ်းမံရတာပါ” လို့ဖီဖာထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ကစားသမားတွေနည်းပြတွေ အပေါ်ကြွေးမြှီးပြသာနာရှိတဲ့ ကလပ်အသင်းတွေကို ကစားသမားအပြောင်းအရွှေ့ပိတ်ပင်တာတွေ လုပ်ဖို့ရှိတယ်လိုလည်း ဖီဖာတာဝန်ရှိသူတွေက ပြောထားပါတယ်။