မြန်မာ့စပါးအုံးမြွေလို့ လူသိများတဲ့ MMA (One Championship) ဝိတ်တန်းနှစ်ခု ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်ဟာ Fighter Only မဂ္ဂဇင်း ကရွေးချယ်ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးနိူင်ငံတကာဖိုက်တာဆု (International Fighter of the Year) ပဏာမစာရင်းမှာ ပါဝင်လာတယ်လို့ သိရပါတယ်။

အောင်လဟာ ပြီးခဲ့တဲ့နှစ်က တစ်နှစ်တာအကောင်းဆုံးနိူင်ငံတကာဖိုက်တာဆု (International Fighter of the Year) ရရှိခဲ့ဖူးပြီး ယခု (၂) နှစ်ဆက်တိုက် ပဏာမစာရင်း၌ပါဝင်လာခြင်းလည်းဖြစ်ပါတယ်။ World MMA Award ဆုချီးမြှင့်ပွဲကို အောက်တိုဘာလ အတွင်းကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

Source: Vapual Auaw

ယခုနှစ်အတွက် ဆုရွေးချယ်ရာမှာ (၂၀၁၉) ဇန်နဝါရီ (၁) ရက်နေ့မှ (၂၀၂၀) ဇွန်လ (၃၀) ရက်နေ့အထိကျင်းပခဲ့တဲ့ ပြိုင်ပွဲများရဲ့ ရလဒ်နှင့် စွမ်းဆောင်ရည်များတွေကို ထည့် သွင်းတွက်ချက်မည် ဖြစ်ကြောင်း သိရပါတယ်။

Source: Asian MMA

တစ်နှစ်တာအကောင်းဆုံးနိူင်ငံတကာဖိုက်တာဆု (International Fighter of the Year) ပဏာမစားရင်မှာ အောင်လနဲ့အတူ UFC အမျိုးသားဖိုက်တာ ဝယ်တာဝိတ်တန်းချန်ပီယံ အူစမန်၊ UFC အမျိုးသားဖိုက်တာ မစ်ဒယ်ဝိတ်တန်းချန်ပီယံ အက်ဒီဆန်ညာ၊ UFC အမျိုးသမီးဖိုက်တာ ဖလိုင်းဝိတ်ချန်ပီယံ ဗလင်တီနာ၊ UFC အမျိုးသမီးဖိုက်တာ စထရောဝိတ်တန်း ချန်ပီယံဝေလီဇန်တို့ ပါဝင်လာခဲ့ပါတယ်။ ယခုနှစ်တွင် ဆုအမျိုးအစား (၂၂) မျိုး ရွေးချယ်ချီးမြှင့်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

Source: Myanmar International TV

အောင်လအန်ဆန်ဟာ (၂၀၁၈) ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံးနိုင်ငံတကာဖိုက်တာဆုကို UFC ဖိုက်တာ ခါဘစ်ကို ကျော်ဖြတ်၍ ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်နှစ်တာ အကောင်းဆုံးနိူင်ငံတကာဖိုက်တာဆု (International Fighter of the Year) ကိုပရိသတ် များ၏ မဲပေးစနစ်ဖြင့် ရွေးချယ်မှာဖြစ်ပြီး www.worldmmaawards.com/nominees သို့ ဝင်ရောက်မဲပေးနိုင်ပါတယ်။

Kwee ပရိသတ်တွေကိုလည်း အောင်လအန်ဆန် ကိုထောက်ခံမဲပေးကြဖို့ တိုက်တွန်းချင်ပါတယ်။