တစ်ခါတစ်လေ ရုပ်ရှင်လောကမှာ ငွေကြေးကအဓိကမကြပါဘူး။ တစ်ချို့ အရည်အချင်းရှိတဲ့ ဒါရိုက်တာတွေဟာ ငွေကြေးအနည်းငယ်နဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ရိုက်ကူးနိုင်ကြပါတယ်။ ဒီနေ့ kwee page ကနေပြီးတော့ ငွေကြေးအနည်းငယ်သာသုံးပြီးရိုက်ကူးခဲ့ပေမဲ့ အမြတ်ငွေ အများအပြားပြန်လည် ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဖော်ပြပေးသွားမှာပါ။

၁။ Whiplash (2014)

ဒရမ်တီးတာဝါသနာထုံတဲ့သူတစ်ယောက်အကြောင်းရိုက်ကူးထားတာဖြစ်ပြီး အော်စကာ (၃) ဆုနဲ့ Golden Globe (၁) ရရှိတဲ့အထိအောင်မြင်ခဲ့ပါတယ်။ ပရိုဂျူဆာကတော့ (၁၉) အရွယ် ဒရမ်သမားလေးနဲ့ jazz band အဖွဲ့ရဲ့ခေါင်းဆောင်တို့ရဲ့ ပက်သတ်မူကို ရိုက်ကူးပုံဖော်မဲ့ ဒီဇာတ်ကားကို ပရိတ်သက်တွေ ကြိုက်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဘက်ဂျက်အများကြီး မထုတ်ပေးခဲ့တာပါ။

ဒါပေမဲ့ ဒါရိုက်တာဖြစ်သူ Damien Chazelle နောက်ပိုင်းမှာ နာမည်ကြီးလာမဲ့ ဒီဇာတ်ကားရဲ့ဇာတ်ဝင်ခန်းတစ်ခုကို ဇာတ်လမ်းတိုအနေနဲ့ရိုက်ကူးခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်မှန်ကန်ခဲ့တယ်လို့ ဆိုရပါမယ်။ သူရိုက်ခဲ့တဲ့ ဇာတ်လမ်းတိုလေးဟာ Sundance ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘက်ဂျက်နည်းနည်းနဲ့ Whiplash ဇာတ်ကားကို ရိုက်ကူးခဲ့ပါတော့တယ်။ ဒီဇာတ်ကားဟာ ၂၀၁၄ ခုနှစ်မှာ အကောင်းဆုံး ဇာတ်ကား ၁၀ ကားစာရင်းဝင်ခဲ့သလို အမြတ်ငွေလည်း အများကြီးရရှိခဲ့ပါတယ်။

၂။ Get Out (2017)

ဘက်ဂျက်နည်းနည်းနဲ့ ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ ဆုတွေအများကြီးရရှိခဲ့ပါတယ်။ အကောင်းဆုံးဇာတ်ညွန်းနဲ့ အော်စကာဆု ရရှိခဲ့သလို အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု အတွက်လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

၃။ Slumdog Millionaire (2008)

Crime drama အမျိုးအစားတခုဖြစ်တဲ့ ဒီဇာတ်ကားကတော့ အိန္ဒိယ စာရေးဆရာ Vikas Swarup ရဲ့ အရောင်းရဆုံးစာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ အော်စကာဆုတွေအပြင် Golden Globe ဆု နဲ့ အခြားဆုတွေအများကြီးရရှိခဲ့တဲ့ဇာတ်ကားပါ။

၄။ My Big Fat Greek Wedding (2002)

ဒီးကားကတော့ ရိုးရိုးရှင်းရှင်းရိုက်ကူးထားတာပါ။ ဂရိအမျိုးသမီးတစ်ယောက်က အမေရီကန် အမျိုးသားတစ်ယောက်ကို ကြိုက်ခဲ့ရာမှာ မိသားစုအကြား အမြင်ကွဲလွဲမူကို ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပြီး ရိုမန့်စ် နဲ့ ဟာသ ရောနှောရိုက်ကူးထားပါတယ်။

၅။ Paranormal Activity (2007)

ဒီဇာတ်ကားကတော့ ဘက်ဂျက်နည်းနည်းနဲ့ ရိုက်ကူးထားတဲ့ horror ရုပ်ရှင်အမျိုးအစားပါ။ Pseudo-documentary စတိုင်ရိုက်ကူးထားတဲ့ဇတ်ကားပါ။ horror အမျိုးအစားဖြစ်တဲ့အတွက်ကြောင့် မအောင်မြင်နိူင်ဘူး လို့ထင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ သုံးခဲ့တဲ့ ဘက်ဂျက်ထက် များစွာကျော်လွန်ပြီး အမြတ်ငွေတွေ ရရှိခဲ့ပါတယ်။

၆။ Split (2016)

ဒီဇာတ်ကားကတော့ Billy Milligan ဆိုတဲ့လူတစ်ယောက်အကြောင်းရိုက်ကူးထားတာပါ။ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘက်ဂျက်အနည်းငယ်ပဲ သုံးပြီးရိုက်ကူးခဲ့ပေမဲ့ မယူနိုင်လောက်အောင် အမြတ်ငွေရရှိခဲ့ပါတယ်။

Source: Bright Side