လူတစ်ဦးချင်းစီမှာ အကြိုက်ကိုယ်စီရှိကြတယ်။ တစ်ချို့က စွန့်စားခန်းရုပ်ရှင်တွေ ကြိုက်သလို တစ်ချို့ကလည်း အချစ်ဇာတ်ကားတွေ ကြိုက်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ကြိုက်ပုံချင်းမတူကြဘူး။ ဒါပေမယ့် အခု kwee ဖော်ပြပေးမယ့် ရုပ်ရှင်ဇာတ်ကားတွေကတော့ ပေးရတဲ့အချိန်နဲ့ တန်တယ်လို့ လူအများထင်ထားကြတဲ့ဇာတ်ကားတွေပါ။
The Green Mile
Source: Medium
ကြာချိန် (၁၈၉) မိနစ်
ဒီကားကတော့ Stephen King ရဲ့စာအုပ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ ဆုတွေလည်း ရရှိခဲ့ပါတယ်။ အော်စကာဆုပေးပွဲမှာလည်း ဆု (၄) ခုအတွက် ဆန်ကာတင်စာရင်းမှာပါဝင်ခဲ့ဖူးပါတယ်။
ဘက်ဂျက်အနေနဲ့ ဒေါ်လာ သန်း (၆၀) သာအသုံးပြုခဲ့ပေမယ့် Box office မှာ ဒေါ်လာ (၂၈၆.၈) သန်းရရှိတဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။
Gladiator
Source: Freebie Mom
ကြာချိန် (၁၅၅) မိနစ်
ဒီရုပ်ရှင်ကတော့ တကယ့်မှက်ကျောက်တင်ထိုက်တဲ့ ဇာတ်ကားပါ။ အရိုင်းအစိုင်းတွေနဲ့ တိုက်ခိုက်တဲ့အခန်းတွေ ကစားကွင်းထဲမှာ တိုက်ခိုက်တဲ့အခန်းတွေက တကယ့်ကိုပီပြင်လွန်းပါတယ်။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။
ရောမစစ်သူကြီးတစ်ယောက် သူ့အပေါ်မကောင်းကြံသွားတဲ့ ဘုရင်ကို လက်စားချေဖို့ကြိုးစားပုံကို ရိုက်ကူးထားတာပါ။
The Lord of the Rings
Source: Britannica
ကြာချိန် (၅၅၈) မိနစ်
The Lord of the Rings ဇာတ်ကားဟာ ခေတ်သစ်ရုပ်ရှင်လောကရဲ့ မှော်ကွန်းမှတ်တိုင်တစ်ခုလို့ ပြောရင်မမှားပါဘူး။ သရုပ်ဆောင်တွေရဲ့ ကြိုးစားမူတွေ၊ ဇာတ်ကားနဲ့လိုက်ဖက်ညီတဲ့ ဝတ်စားဆင်ယင်မူတွေ၊ တီးလုံးသံတွေက ပရိသတ်တွေကို ဇာတ်ကားထဲမှာ စီးမျှောသွားစေပါတယ်။
Schindler’s List
Source: Netflix
ကြာချိန် (၁၉၅) မိနစ်
အောင်မြင်တဲ့ စီးပွားရေးသမား Oskar Schindler ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ သူဟာ နာဇီ ပါတီဝင်ဖြစ်ပေမယ့် ဂျူးတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သူပါ။ ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့ အားပေးမူကို ရထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ဘက်ဂျက် ဒေါ်လာ (၂၂) သန်းသာသုံးခဲ့ပေမယ့် ဒေါ်လာ (၃၂၁.၃) သန်းပြန်လည်ရရှိတဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဆုပေါင်း (၂၈) ဆုအထိရရှိထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။
Avatar
Source: SlashGear
ကြာချိန် (၁၆၂) မိနစ်
ဒီဇာတ်ကားကတော့ လူတွေစိတ်ကူးယဉ်နိုင်တာထက်ပိုပြီး ထူးခြားဆန်းပြားစွာ တင်ဆက်ထားတဲ့ ကားပါ။ Avatar ဟာ ဒါရိုက်တာ James Cameron ရဲ့အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ကားပါ။ ဘက်ဂျက် ဒေါ်လာ (၂၃၇) သန်းအထိအသုံးပြုခဲ့ပြီး ဒေါ်လာ (၂.၇၉) ဘီလီယံအထိ ပြန်လည်ရရှိခဲ့ပါတယ်။ ဆယ်စုနှစ်တစ်စုကြာသည့်အထိ ကမ္ဘာ့ဝင်ငွေအများဆုံး ဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။