လက်ရှိ Horror ဖန်တွေကြားမှာ ဝက်ဝက်ကွဲအောင်မြင်မှုရနေတဲ့ ဇာတ်ကား လို့ပြောရင် Final Destination Bloodlines ကတော့ ထိပ်ဆုံးပါပဲ။ ဒီနှစ် ၂၀၂၅ ထဲမှာ နောက်ဆုံးထွက်ထားတဲ့ Final Destination ရုပ်ရှင်ကားနဲ့အပြိုင် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြမ်းဆုံး Horror ရုပ်ရှင်တွေ အများကြီး ထွက်ထားပါသေးတယ်။ ဒီဆောင်းပါးမှာတော့ Horror ရုပ်ရှင်ချစ်သူတွေ ကြည့်ကိုကြည့်ရမယ့် ဇာတ်ကားကောင်းတွေကို ညွှန်းပေးပါမယ်။
(၁) Companion
Source : Warner Bros.
Companion ဇာတ်ကား ကတော့ ဇာတ်လမ်းဇာတ်အိမ် တည်ထားတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကို အကျဉ်းချုပ်ပြောရရင် စုံတွဲ ၃ တွဲ ၊ ဝေးလံခေါင်သီတဲ့ စံအိမ်ကြီးဆီ အလည်လာကြရင်း ထူးဆန်းခြောက်ခြားဖွဘ် အဖြစ်အပျက်တွေကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက IMDb RATING 6.9 ရရှိထားပြီး Horror ဇာတ်ကားကောင်းကောင်း ကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်သင့်ပါတယ်။
(၂) Until Dawn
Source : Sony Pictures Entertainment
Until Dawn ဇာတ်ကား ကတော့ Horror / Survival ဇာတ်လမ်း အမျိုးအစား ဖြစ်ပါတယ်။ ခြောက်ခြားဖွယ်ရာ လျှို့ဝှက်ဆန်းမှုတွေရဲ့ အချိန်စက်ဝိုင်းထဲမှာ ပိတ်မိနေတဲ့ သူငယ်ချင်းတစ်စု ၊ မိုးလင်းသည်အထိ သူတို့ အသက်ရှင်ကျန်ရစ်နိုင်ဖို့ လွတ်မြောက်လမ်းရာ ရှာဖွေကြရမှာပါ။ သူတို့နောက်ကို လိုက်နေတဲ့ အရာတွေက ဘာလဲ ၊ သူတို့ ဘယ်လို အသက်ရှင်နိုင်ဖို့ ရုန်းကန်သွားရမလဲဆိုတာ ကွီးတို့ပဲ ဇာတ်ကားထဲမှာ ဆက်ကြည့်လိုက်ပါနော်။
(၃) Sinners
Source : Warner Bros.
Sinners ဇာတ်ကားက IMDb RATING 7.8 ရထားတဲ့ သွေးစုပ်ဖုတ်ကောင် Horror ရုပ်ရှင်ကား ဖြစ်ပါတယ်။ ခေတ်သစ် ဗန်ပိုင်းယား ရုပ်ရှင်ကားတွေထဲမှာ ဒီကားက တော်တော်လေး အဆင့်မြင့်တဲ့ ဇာတ်ကားလို့ ပြောရမှာဖြစ်ပြီး ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးကျူးမှု များစွာကို ရထားတာပါ။ ဗန်ပိုင်းယား ဇာတ်ရုပ်တွေကို တကယ်ကိုပဲ လက်တွေ့ဆန်ဆန် လက်ရာမြောက်အောင် ဖန်တီးချပြထားပြီး နာမည်ကြီး Actors တွေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပုံမှန် Horror ရုပ်ရှင်တွေနဲ့ မတူတဲ့ Vibe ကို ခံစားချင်ရင်တော့ Sinners က Must Try ပါပဲ။
Featured Photo : The Cornell Daily Sun