ချစ်သူမဖြစ်သေးဘူးဆိုပေမယ့် First Date ဆုံခွင့်ရတာဟာ အလားအလာကောင်းနေပြီဆိုတဲ့ သဘောပါပဲ။ ဒီလို တွေ့တွေ့ချင်း ကိုယ့်ကို ကောင်မလေး သဘောကျလာစေဖို့ ဘာတွေလုပ်ရမယ်ဆိုတာ ကြိုပြီး သေသေချာချာ စီစဉ်ထားဖို့ အရေးကြီးပါတယ်။

(၁) အစီအစဉ်လေးနဲ့ သွားပါ

Source: PhillyVoice

စီးပွားရေးလောကမှာ စကားပုံတစ်ခု ရှိပါတယ်။ P ခြောက်လုံးဆိုတဲ့ စကားပါ။ ကြိုတင်ပြင်ဆင်ထားသော ကောင်းမွန်တဲ့ အစီအစဉ်ဟာ စွမ်းဆောင်ရည်နည်းပါးခြင်းကို ကာကွယ်နိုင်သည် (Prior Proper Planning Prevents Poor Performance) ဆိုတဲ့ အတိုင်း First Date မှာ အစီအစဉ်ကောင်းလေးတွေ မဖြစ်မနေ ချထားသင့်ပါတယ်။ ဒီအစီအစဉ်မှာမှ မမျှော်လင့်တာတွေ ဖြစ်လာရင် နောက်ထပ် အရန်အစီအစဉ်ဆိုတာပါ စဉ်ထားရမှာပါ။

(၂) ရုံးပိတ်ရက်မှာ သွားမချိန်းနဲ့ 

Source: favouritedating.com

အလုပ်များတဲ့ ခေတ်ကြီးဆိုပေမယ့် ကောင်မလေးကို အလေးအနက်ထားပြီး အချိန်ပေးကြောင်း ပြသဖို့အတွက် စနေ၊ တနင်္ဂနွေမဟုတ်တဲ့ ကြားရက်မှာ တွေ့သင့်ပါတယ်။ ညနေခင်းနဲ့ ညပိုင်းတွေဟာ First Date အတွက် အကောင်းဆုံး အချိန်ပဲ ဖြစ်ပါတယ်။

(၃) ကြိုတင်ပြင်ဆင်ပါ

Source: moneycrashers.com

ကိုယ်မရောက်ဖူးတဲ့ နေရာကို ကောင်မလေးကို ချိန်းထားရင် ဒီနေရာနဲ့ ပတ်သက်ပြီး ကိုယ့်ဘက်ကသိအောင် ကြိုတင်စီစဉ်ထားသင့်ပါတယ။် ဥပမာ စားသောက်ဆိုင်/ ဘားတစ်ခုခုကို သွားမယ်ဆိုရင် ဒီဆိုင်နေရာနဲ့ ပတ်သက်ပြီး ဘယ်မှာ ရှိတယ်၊ ဘာတွေ ကောင်းတယ်ဆိုတာကို လေ့လာ စုံစမ်းထားပြီး လိုအပ်ရင် Review တွေ ဝင်ဖတ်တာတို့ ၊ ကြိုပြီးဘိုကင် လုပ်ထားတာတို့ လုပ်သင့်ပါတယ်။

(၄) မတွေဝေပါနဲ့ 

Source: phillymag.com

တစ်ခုခုဆို ကောင်မလေးက အကြံတောင်းလို့မှ မသိဘူးလေ မဖြစ်စေပါနဲ့။ ယောကျာ်းတစ်ယောက်အနေနဲ့ မိန်းမတစ်ယောက်ရဲ့ အရှေ့မှာ စိတ်ဓါတ်ကြံ့ခိုင် ပြတ်သားတဲ့ လူတစ်ယောက်အဖြစ် ရပ်တည်ပေးဖို့ လိုပါတယ်။ ဒါဟာ First Date မှာ အမှတ်ကောင်းဖို့အတွက် အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

(၅) ဘယ်လို နေရမလဲ

Source: Dating Tips – Match.com

ကောင်မလေးနဲ့ ချိန်းထားတဲ့ နေရာကို ချိန်းထားတဲ့ အချိန်အတိုင်း အရောက်သွားပါ။ အဝတ်အစားကို စတိုင်ကျဖို့ထက် သပ်ရပ်ပြီး ကိုယ့်ရဲ့ Personality ကို ဖော်ပြနိုင်မယ့် ဖက်ရှင်ကို ဝတ်တာမျိုး လုပ်သင့်ပါတယ်။ စကားပြောရာမှာလည်း ကိုယ်ချည်း ဦးဆောင်ပြောတာမျိုး မဖြစ်စေဘဲ သူ့ စကားကိုလည်း နားထောင်ဆွေးနွေးတဲ့ အပိုင်းကို ပိုအသုံးချပါ။
ရှောင်ရမယ့် အချက်တွေအနေနဲ့ ပါးစပ်နံမယ့် အစားအသောက် စားတာတို့ ၊ အနံ့ပြင်းလွန်းတဲ့ ရေမွှေးတွေ ဆွတ်လာတာတို့ကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါဆိုရင် First Date မှာ အခြေအနေကောင်းဖို့ အတော်လေး အလားအလာရှိပါတယ်။