ကိုယ်သဘောကျ စိတ်ဝင်စားနေတဲ့ ကောင်မလေးနဲ့ ပထမဦးဆုံး ဒိတ်လုပ်ခြင်းသည် စိတ်လှုပ်ရှားစရာကောင်းလွန်းလှပါတယ်။ စိတ်လှုပ်ရှားလွန်းလို့ ကောင်မလေးရှေ့မှာ အမှားမှားအယွင်းယွင်းတွေ ပြုလုပ်မိတာမျိုးလည်းရှိတတ်ပါတယ်။

အမှားမှားအယွင်းယွင်းဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ပုံရိပ်ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ပထမဦးဆုံး ဒိတ်မှာ အမှတ်ပြည့်ရချင်တယ်ဆိုရင် ရှောင်ကြဉ်သင့်တဲ့အချက်များ ပြုမူသင့်တဲ့ အပြုအမူများကို ဝေမျှပေးလိုက်ရပါတယ်။

သင်ချည်းပဲ စွတ်ပြောမနေပါနဲ့

tips for men on a first date

စကားပြောတဲ့အခါ သူတစ်လှည့် ကိုယ်တစ်လှည့် ပြောဖို့လိုအပ်ပါတယ်။ သူ(မ)က စကားနည်းတဲ့သူဖြစ်တဲ့အတွက်ကြောင့် စကားသိပ်မပြောဘူးဆိုရင်တောင်မှ သူ(မ) စိတ်ဝင်စားမယ့် အကြောင်းအရာမျိုးကို ရွေးချယ်ပြီး သူ(မ) စကားများများပြောလာအောင် ပြုလုပ်ရပါမယ်။ နို့မဟုတ်ရင် သင်ချည်းပဲ ပြောနေတဲ့အခါ သူ(မ) ပျင်းရိငြီးငွေ့သွားပါလိမ့်မယ်။

အာရုံလွှင့်မသွားပါနဲ့

tips for men on a first date

Photo Source: Insider.com

သူ(မ)နဲ့ ချိန်းတွေ့နေစဉ်မှာ သင့်ဖုန်းရဲ့နိုတီတွေကို စစ်စရာမလိုဘူးမဟုတ်လား။ ဖုန်းသံမြည်လာရင်လည်း လျစ်လျူရှုထားလိုက်ပါ။ ဒါမှမဟုတ် သင့်ဖုန်းကို အသံပိတ်ထားလိုက်ပါ။ ကောင်မလေးတွေသည် သူတို့အပေါ်မှာ အာရုံအပြည့်မရှိဘူးဆိုရင် စိတ်တိုတတ်ကြပါတယ်။

ဒိတ်အတွက် ကုန်ကျစရိတ်ကို တစ်ယောက်တစ်ဝက်မျှခံမယ်လို့ ပြောလာရင်လည်း လက်ခံလိုက်ပါ

tips for men on a first date

ယောကျာ်းကောင်းပီသသူတစ်ယောက်အနေနဲ့ ပထမဆုံးဒိတ်အတွက် ကုန်ကျစရိတ်ခံခြင်းသည် ယဉ်ကျေးတဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်မလေးဘက်က ကုန်ကျစရိတ်ကို တစ်ယောက်တစ်ဝက်မျှခံမယ်ဆိုရင်လည်း သဘောတူရပါမယ်။ သူသည် ဝန်ထုပ်ဝန်ပိုးအဖြစ် မခံစားချင်လို့ဖြစ်နိုင်ပါတယ်။ သူ(မ) သက်သောင့်သက်သာဖြစ်ဖို့အတွက် သင့်ဘက်က ပြုမူပေးဖို့လိုအပ်ပါတယ်။

ဖက်ရှင်ကျကျ ဝတ်စားသွားပါ

tips for men on a first date

ပထမဆုံးရက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ရဲ့အဝတ်အစားကို သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံဖြစ်မသွားဖို့လည်း လိုအပ်ပါတယ်။ အခြေခံအချက်တွေဖြစ်တဲ့ ရေချိုးသန့်စင်ခြင်း၊ နှုတ်ခမ်းမွှေးရိတ်သွားခြင်း၊ ရေမွှေးအနည်းငယ်ဆွတ်သွားခြင်းတို့ကိုလည်း ပြုလုပ်သင့်ပါတယ်။

ဟာသပြောပါ

tips for men on a first date

ဟာသပြောခြင်းသည် သင့်တို့နှစ်ယောက်ကြားမှာရှိတဲ့ ရေခဲအကာအရံတစ်ခုကို ဖြိုခွင်းလိုက်ရာရောက်ပါတယ်။ သင်တို့နှစ်ယောက်ရင်းရင်းနှီးနှီးရှိသွားဖို့ ကူညီပေးပါလိမ့်မယ်။ ကောင်မလေးနဲ့ ဒိတ်လုပ်ခြင်းသည် အလုပ်အင်တာဗျူးသွားဖြေတာမဟုတ်တဲ့အတွက်ကြောင့် ရုပ်တည်ကြီးနဲ့ သွားထိုင်နေလို့မရပါဘူး။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်သာ အချိန်ကုန်ဆုံးလိုက်ပါ။

သင့် စိတ်ကို တင်းကြပ်မထားတဲ့အတွက်ကြောင့် တစ်ဖက်က ကောင်မလေးသည်လည်း အလိုက်သင့်လေး ပြုမူလာပါလိမ့်မယ်။

ဒါဆိုရင်တော့ ပထမဒိတ်မှာတင် အငြင်းခံရမှာမဟုတ်တော့ပါဘူး။

Source: Menshealth.com

Featured Image Source: Thedailymeal.com