ချစ်သူစုံတွဲတွေ ပထမဆုံးဒိတ်လုပ်တဲ့အချိန်ဟာ စိတ်လှုပ်ရှားဖို့အကောင်းဆုံးနဲ့ ရင်ခုန်ရဆုံးအချိန်တစ်ခုဖြစ်ပါတယ်။ ပထမဆုံးသူနဲ့ ကိုယ်နဲ့ နှစ်ယောက်တည်း မျက်နှာချင်းဆိုင် ဒိတ်လုပ်ရမှာဆိုတော့ အဆင်မှပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးတွေ နည်းနည်းတော့ရှိတက်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ပထမဆုံးချစ်သူနဲ့ ဒိတ်လုပ်တဲ့အခါ အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ ပျော်ရွှင်တဲ့ First Date လေးဖြစ်နိုင်ဖို့ အကြံပြုချက်လေးတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

(၁) အချိန်တိကျပါ

Source  : Dreamstime

ကိုယ်ကအမြဲနောက်ကျတက်တဲ့သူဆိုရင် First Date မှာတော့လုံးဝနောက်ကျလို့ မဖြစ်ဘူးဆိုတာကို သတိထားရပါမယ်။ First Date မှာကတည်းက ချိန်းထားတဲ့အချိန်ထက်နောက်ကျမှရောက်လာရင် ကောင်မလေးအနေနဲ့ စိတ်ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် အိမ်ကနေ နည်းနည်းစောစောထွက်ပါ။ ချိန်ထားတဲ့နေရာကို ဆယ်ငါးမိနစ်လောက်စောရောက်နေပါစေ။ ကောင်မလေးအလာမှာ ကိုယ်ကအသင့်စာင့်နေကြိုနေမယ်ရင် အမှတ်တစ်မှတ်တိုးမှာဖြစ်ပါတယ်။

(၂) သပ်သပ်ရပ်ရပ်ဝတ်သွားပါ

Source : Wattpad

လူတစ်ယောက်ကို စမြင်တာနဲ့ ပထမဆုံးသတိထားမိတဲ့အရာက ဝတ်ပုံစားပုံပါ။ ဒါကြောင့်အဝတ်အစားကလည်း သေချာလေးဝတ်ဆင်သွားဖို့အရေးကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။ အဓိက သပ်သပ်ရပ်ရပ်နဲ့ အနံ့အသက်ကောင်းတဲ့ အဝတ်အစားမျိုးရွေးချယ်ဝတ်ဆင်ရပါမယ်။ ပေါ့ပါးမှုလည်းရှိပြီး ကိုယ်အတွက်လည်း နေသာထိုင်သာရှိစေမယ့် ပေါ့ပေါ့ပါးပါး အဝတ်အစားမျိုးဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

(၃) ဦးစားပေးပါ

Source : StyleRug

First Date မှာချစ်သူကောင်မလေးပစ်ကြွေသွားစေမယ့် နည်းလမ်းတစ်ခုပြောပြပါမယ်။ ဒါကတော့သူကိုဦးစားပေးပြီး ဂရုစိုက်တဲ့အမူအရာမျိုးပြပေးပါ။ ဥပမာ ကော်ဖီဆိုင်ထဲဝင်တဲ့အခါ ကိုယ်ကတံခါးဖွင့်ပြီးသူမကို အရင်ပေးဝင်တာမျိုး သူမထိုင်ဖို့ ထိုင်ခုံလေးဆွဲပေးတာမျိုး စသည်ဖြင့်ဒီလိုသေးသေးမွှားမွှားကိစ္စလေးတွေကနေ သူကိုဦးစားပေးတယ်ဆိုတဲ့အမူအရာကိုပြသပြီး သူမရဲ့နှလုံးသားကိုသိမ်းပိုက်နိုင်ပါတယ်။

(၄) စကားပြောတဲ့အခါသက်တောင့်သက်သာရှိပါစေ

Source : Best Life

သူနဲ့ကိုယ်က ပထမဆုံးဒိတ်လုပ်တာဖြစ်တဲ့အတွက် တစ်ယောက်ကိုတစ်ယောက်တော့ နည်းနည်းလေးရှိန်နေတာမျိုးတွေရှိပါလိမ့်။ ဒါပေမယ့်လည်း ကိုယ်ဘက်ကစပြီး သူမကိုစကားလေးတွေပြောပါ။ စကားပြောတဲ့အခါမှာလည်း ကြောက်ကြောက်နဲ့ ရှက်ကိုးရှက်ကန်းဖြစ်မနေစေပဲ သက်တောင့်သက်သာပြောဆိုပါ။ သူမပြောတာလေးတွေလည်းသေချာဂရုစိုက်နားထောင်ပြီး တုန့်ပြန့်မှုလေးတွေပေးပါ။ ဒါဆိုသင့်တို့ရဲ့ First Date စကားဝိုင်းလေးက စိုစိုပြေပြေနဲ့ ပျော်စရာကောင်းနေမှာဖြစ်ပါတယ်။