တချို့အားကစားတွေဟာ အဖွဲ့လိုက်ဖြစ်စေ တစ်ခြားသူတွေနဲ့ တွဲပြီး ဖြစ်စေ ကစားရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအချင်းချင်း ခပ်ခွာခွာနေဖို့ လိုအပ်တဲ့ ဒီလိုအချိန်မှာတော့ တစ်ယောက်တည်းနဲ့ အားကစားလုပ်လို့ရတာတွေ အများကြီး ရှိနေတုန်းပါပဲ။
(၁) ပြေးခြင်း

Photo: Freepik
ပြေးဖို့အတွက် ဖိနပ်တစ်ရံနဲ့ ပြေးလို့ရမယ့်နေရာကောင်းကောင်း ရှိရင် ရပါပြီ။ အပြေးလေ့ကျင့်ခန်း လုပ်သူအတွက် Gym ရုံမလိုပါဘူး။ကွက်လပ်ပြင်တစ်ခုမှာ ပြေးလွှားနေရုံပါပဲ။ တစ်ခုရှိတာက ဘေးကင်းစိတ်ချရပြီး လူသူရှင်းလင်းတဲ့ နေရာဖြစ်ဖို့တော့ လိုပါတယ်။
(၂) Hiking

Photo: Freepik
တောလမ်းခရီးကြမ်းတွေဟာ စွန့်စားသူတို့ရဲ့ နေအိမ်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့ ကိုယ်ဟာ ကျေးလက်နဲ့ နယ်မြို့လေးတစ်မြို့မှာ နေထိုင်တဲ့သူဆိုရင် Hiking ထွက်ဖို့အတွက် ကံကောင်းတဲ့ သူပါပဲ။
(၃) စက်ဘီးစီးခြင်း

Photo: Freepik
စက်ဘီးစီးခြင်းဟာ သိပ်ကို ရိုးရှင်းပြီး ကျန်းမာရေးအကျိုးလည်း များပါတယ်။ လမ်းလျှောက်တာ ၊ ပြေးတာလိုပဲ စက်ဘီးစီးရင်လည်း တစ်ခြားသူတွေနဲ့ ၆ ပေအကွာအနည်းဆုံး ထားပြီး စက်ဘီးစီးဖို့ အကြံပေးချင်ပါတယ်။
(၄) ယောဂ

Photo: Freepik
ယောဂကို အိမ်တွင်းမှာရော အိမ်ပြင်မှာပါ လေ့ကျင့်လို့ရပါတယ်။ အပြင်မှာဆို ဥယျာဉ်လိုနေရာမျိုးက သင့်တော်ပေမယ့် သွားမယ်လာမယ်ဆိုရင် နည်းနည်းလေး သတိတော့ထားပါ။ အိမ်ထဲမှာတော့ အကောင်းဆုံးပါပဲ။
