ကျန်းမာနုပျို အရွယ်တင်လှပဖို့ လေ့ကျင့်ခန်း လိုက်စားပါ ၊ Fitness လုပ်ပါ ဆိုတဲ့စကားတွေ မကြာခဏဆိုသလို ကြားဖူးနေရပေမယ့် လူတိုင်း နေ့စဉ်ဘဝမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့အတွက် အချိန် နာရီပိုင်းလောက် သီးသန့်ခွဲပေးဖို့ကို တော်တော်လေး ခက်ခဲနိုင်ပါတယ်။ အချိုကတော့ လေ့ကျင့်ခန်း လုပ်ဖို့ လုံးဝတက်ကြွမှုမရှိ စိတ်မပါသလို အချို့ကလည်း ကောက်ရိုးမီးလို အစလေးပဲ လုပ်ပြီး နောက်ပိုင်းဆက်မလုပ်တော့တာမျိုးလည်း ရှိကြပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းကျိုးတွေကိုတော့ အားလုံးသိပြီးသား ဖြစ်တာမလို့ ဒီဆောင်းပါးလေးမှာတော့ လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ မိုတီ ရစေမယ့် Tips လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ပျော်ရွှင်မှုနဲ့ ချိတ်ဆက်ပါ

Fitness

Photo : PtEverywhere

Fitness လုပ်ဖို့ အဓိက အရေးကြီးတာ ပျော်ရွှင်မှု ရှိဖို့ပါပဲ။ ပျော်ရတဲ့အရာတွေ လုပ်မှသာ ကွီးတို့ မိုတီ ကောင်းကောင်းရမှာပါ။ Gym ထဲသွားပြီး အလေး မ,နေမှ မဟုတ်ပါဘူး။ ကွီးတို့က ဘယ်လို အားကစားနည်းတွေကို ဝါသနာပါလဲ ? ရေကူးလား ၊ လက်ဝှေ့လား ၊ ကြက်တောင်ရိုက်လား စသည်ဖြင့်ပေါ့။ ကွီးတို့ နှစ်သက်ပျော်ရွှင်ရတဲ့ လေ့ကျင့်ခန်းတွေ ၊ အားကစားတွေကို ရွေးချယ်လုပ်နိုင်ပါတယ်။

(၂) အကြောင်းပြချက်ရှာပါ

Fitness
Photo : Extreme Studio Performance

Fitness ကို တစိုက်မတ်မတ် မှန်မှန်လုပ်ဖြစ်ဖို့ တွန်းအားတစ်ခုတော့ ရှိရပါမယ်။ အသဲကွဲလို့လား ၊ ဝိတ်ကျချင်လို့လား ၊ လူတွေမမှတ်မိအောင် ပြောင်းလဲပစ်ချင်လို့လား ၊ နောက်နှစ်ပေါင်းများစွာ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ချင်လို့လား စသည်ဖြင့်ပါ။ တစ်ခုခုကို အမြဲတမ်း အစဉ်တစိုက်လုပ်နိုင်သူတွေရဲ့ နောက်ကွယ်မှာ အကြောင်းပြချက်ကောင်းတစ်ခု ရှိကြပြီး ဒါကပဲ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို အောင်မြင်ဖို့ အရောက်ပို့ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။

(၃) စည်းကမ်းရှိပါ

Fitness
Photo : NASM Blog

တစ်ခါတစ်လေမှာ စတင်ဖို့ ခက်ခဲသလို စတင်ပြီး ရေရှည်ဆက်လုပ်ဖို့ကလည်း ခက်ခဲနိုင်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက Discipline နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ထိန်းညှိသွားဖို့ လိုတာပါ။ Self – Discipline ရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပဲ့ကိုင်တက်ရင် Fitness လုပ်ဖို့ မိုတီ ရရုံသာမက ဘဝအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ၊ အောင်မြင်မှုတွေဆီကို ပို့ဆောင်ပေးပါလိမ့်မယ်။

(၄) ပြောင်းလဲလာမှုတွေကို ခံစားလိုက်ပါ

 Fitness
Photo : Eat This Not That

ဘယ်အရာမဆို နေ့ချင်းညချင်း ရလဒ် ထွက်မှာတော့ မဟုတ်ပါဘူး။ ထိုက်သင့်တဲ့အချိန် ၊ ကာလအပိုင်းအခြားတစ်ခုတော့ လိုပါတယ်။ ဒါပေမယ့် နေ့စဉ်နေ့တိုင်း ဇွဲရှိရှိလုပ်ဖြစ်ရင် တနေ့တခြား သိသာပြောင်းလဲမှုတွေကို စတင်ခံစားလာရမှာပါ။ ကွီးတို့က ကိုယ်လက်လှုပ်ရှား Fitness ပိုင်းကို သေချာလေး လုပ်ချင်တယ်ဆိုရင် အချိန် ၃ ပတ်ကနေ ၆ ပတ်လောက်ယူပြီး တစိုက်မတ်မတ်လေး မှန်မှန်လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲလာမှုတွေကို တနေ့တခြား ခံစားလာရပါလိမ့်မယ်။

Source : LifeHack

Featured Photo : Men’s Fitness