သင့် Mood က သင့်ကို လွှမ်းမိုးပါတယ်။ ပျော်နေတာပဲ ဖြစ်ဖြစ် ၊ ဝမ်းနည်းနေတာပဲ ဖြစ်ဖြစ် ၊ စိတ်ဖိစီးတာပဲ ဖြစ်ဖြစ် လွတ်လပ်ပေါ့ပါးတာပဲ ဖြစ်ဖြစ် ဒီခံစားချက်တွေက သင့်ရဲ့ နိစ္စဒူဝ လုပ်ငန်းစဉ်ပေါ် သက်ရောက်မှု ရှိနေပါတယ်။ အခုပြောမှာကတော့ စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက်တွေ ဖြစ်လာတိုင်း လုပ်ပေးလို့ ရမယ့် အားကစားနည်းစနစ်တွေ အကြောင်းပဲ ဖြစ်ပါတယ်။

(၁) ဝမ်းနည်းနေရင်

Photo: Freepik

ဝမ်းနည်းနေတယ်ဆိုတာ သင့်မှာ Endorphins level နိမ့်နေလို့ ဖြစ်ပါတယ်။ Endorphins ဟာ သဘာဝက ထုတ်ပေးတဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ကခုန်တာ ၊ အေရိုးဗစ်ကစားတာနဲ့ ရေကူးခြင်းဟာ ဝမ်းနည်းမှုကို သက်သာလျော့ပါးစေပါတယ်။

(၂) အထီးကျန်နေရင်

Photo: Freepik

အထီးကျန်တယ်ဆိုတာ တစ်ကိုယ်တည်းလို့ ခံစားရတဲ့ စိတ်အခြေအနေပါ။. အထီးကျန်နေချိန်မှာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အတူ ရှိခြင်းဟာ စိတ်ခံစားချက်ကို သက်သာစေနိုင်ပါတယ်။ Lonely ဖြစ်နေတယ်လို့ ခံစားရရင် တစ်နေကုန် စားပွဲမှာ အလုပ်လုပ်တာကနေ ထပြီး ဘောလုံးကန်တာ ၊ Workout ကစားဖို့ Gym သွားတာမျိုး လုပ်သင့်ပါတယ်။

(၃) စိတ်ဖိစီးနေရင်

Photo: Freepik

စိတ်ဖိစီးနေချိန်မှာ ယောဂကစားတာက အကောင်းဆုံးပါ။ ယောဂဟာ ပူလောင်နေတဲ့ စိတ်ကို ငြိမ်းစေပြီး စိတ်ကြည်လင်လာအောင် ကူညီပေးနိုင်ပါတယ်။ စိတ်တိုနေတယ်ဆိုရင်လည်း အသက်ရှုစနစ်တစ်ခုခုကို သုံးပြီး စိတ်ဖြေလျှော့နိုင်သလို ပြေးစက်ပေါ် ပြေးပြီးလည်း စိတ်ကို သက်သာအောင် လုပ်နိုင်ပါတယ်။

(၄) ပျင်းနေရင်

Photo: Freepik

ပျင်းနေတယ်ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု လုပ်လိုက်တာက စိတ်ကို ပြောင်းပေးနိုင်ပါတယ်။ အကောင်းဆုံး ကစားနည်းတွေက ဘက်စကတ်ဘော ၊ ဘောလုံး ၊ ကြက်တောင် ၊ တင်းနစ် နဲ့ ဂျူဒိုတို့ပါပဲ။

(၅) မောပန်းနေရင်

Photo: Freepik

တစ်နေကုန် ဇယ်ဆက်သလို အလုပ်လုပ်နေရလို့ ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင် ကိုယ်လက်လှုပ်ရှား လုပ်ရတာထက်စာရင် ပေါ့‌ပေါ့ပါးပါး အကြောလျှော့တာ ၊ ယောဂကစားတာမျိုးက အကောင်းဆုံး လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ အားကစားတွေဟာ ရုပ်ပိုင်းဆိုင်ရာကနေ စိတ်ကို အကျိုးပြုကြတာ ဖြစ်လို့ မှန်ကန်တဲ့ အားကစားလုပ်ခြင်းအားဖြင့် စိတ်ခံစားချက် Mood ကို ပြောင်းလဲ ပေးနိုင်မှာပါ။