လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ do’s and don’t’s တွေအများကြီးရှိပါတယ်။ တခါတလေ ဘယ်ဟာက မှန်ပြီးဘယ်ဟာက မှားနေလဲဆိုတာ ဝေခွဲရခတ်ပါတယ်။ များသောအားဖြင့် တခြားလူတွေဆီကနေ ပြန်ကြားရတဲ့ အကြံဉာဏ်တွေဟာ မှားနေလေ့ရှိကြပါတယ်။ အားကစားလုပ်ပြီဆိုရင် ကျွမ်းကျင်တဲ့သူတွေဆီကပဲ အကြံဉာဏ်ယူသင့်ပါတယ်။
ဒီနေ့တော့ kwee page ကနေ ကျန်းမာရေးကို ထိခိုက်စေတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေကို ပြောပြပေးသွားမှာပါ။
မနတ်ခင်းဟာ အားကစားလေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်
Source: The Independent
ဒီစကားဟာ မမှန်ပါဘူး။ မိမိလေ့ကျင့်ခန်းလုပ်ဖို့အသင့်ဖြစ်နေတယ်လို့ခံစားရတဲ့အချိန်ဟာ အားကစားလုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အားကစားလုပ်တဲ့အချိန်ဟာ မနတ်ခင်းပဲဖြစ်ဖြစ်ညနေခင်းပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ မနတ်ခင်းအားကစားလုပ်တာနဲ့ညနေခင်းအားကစားလုပ်တာမှာ ကွာခြားချက် တစုံတရာမရှိဘူးလို့လည်း ပညာရှင်တွေကပြောထားကြပါတယ်။
ပဟေဠိတွေ၊ဉာဏ်စမ်းတွေ၊ဂိမ်းကစားတာတွေက ဦးနှောက်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတွေဖြစ်တယ်
Source: Pinterest
ပဟေဠိတွေ၊ဉာဏ်စမ်းတွေကပဲ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာမဟုတ်ပါဘူး။ ကိုယ်ကာယ လေ့ကျင့်ခန်းတွေဟာလည်း ခန္ဓာကိုယ်အတွက်ရောဦးနှောက်အတွက်ပါကောင်းပါတယ်။ သွေးလည်ပက်မူကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းတွေက ပဟေဠိတွေ၊ဉာဏ်စမ်းတွေ ဖြေရတာထက် ပိုပြီးဦးနှောက်အပေါ် အကျိုးသက်ရောက်မူရှိစေပါတယ်။ အားကစားလုပ်တာဟာ လူတစ်ယောက်ရဲ့စိတ်နေသဘောထား၊ မှတ်ဉာဏ်စွမ်းအား တို့ကိုမြှင့်တင်ပေးပြီး စိတ်ဖောက်ပြန်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
အားကစားမလုပ်ပဲ ရက်အနည်းငယ်နားလိုက်ရုံဖြင့် ခန္ဓာကိုယ်အပေါ်သက်ရောက်မူ မရှိဘူး
Source: Telegraph
စိတ်မကောင်းစွာနဲ့ပဲ ဒါဟာမမှန်ပါဘူး။ gym ကစားတဲ့သူတွေမှာ တပက်လောက်နားလိုက်ရုံနဲ့ ကြွက်သားတွေ အများကြီးဆုံးရှုံးစေပါတယ်။ ဒါကြောင့် မိမိလိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားရပြီဆိုရင်တောင် အားကစားလုံးဝမလုပ်ပဲ နားထားလို့ မရပါဘူး။
ပြေးစက်ပေါ်ပြေးတာက ပန်းခြံထဲမှာပြေးတာထက်ပိုကောင်းတယ်
Source: Today Show
ပြေးစက်ပေါ်ပြေးတာက ပန်းခြံထဲမှာပြေးတာဟာ ကွာခြားမူအများကြီးရှိပါတယ်။ ပန်းခြံထဲ လေကောင်းလေသန့်တွေ ရှူရှိုက်ရင်း ပြေးတာက ပြေးစက်ပေါ်တတ်ပြေးတာထက် ပိုကောင်းပါတယ်။ လေကိုဆန်ပြီးပြေးရတာဟာ အရေးကြီးတဲ့ ကြွက်သားတွေအတွက်ကောင်းမွန်ပြီး ပြေးစက်ပေါ်ပြေးတာထက်လည်း ကယ်လိုရီပမာဏ (၁၀) ရာခိုင်နှုန်းကျော် ပိုမိုလောင်ကျွမ်းစေပါတယ်။
နောက်ထပ် ပြောချင်တာတခုကတော့ အမြဲတမ်း gym မှာအချိန်အများကြီးပေးကာ လေ့ကျင့်ခန်းလုပ်တာက ကောင်းမွန်တဲ့ အကျင့်တခုမဟုတ်ပါဘူး။ ဘာပဲလုပ်လုပ် အလွန်အကျွန်မလုပ်ဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစား လှပဖို့အတွက် gym ကိုနေ့တိုင်းသွားစရာမလိုအပ်ပါဘူး။ ခန္ဓာကိုယ်ဟာလည်း နားဖို့လိုအပ်ပါတယ်။