ဘောလုံးသမားအများစုဟာ သာမာန်လူတွေထက် ပိုပြီးကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ကြတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ အမြဲတမ်းလိုလို လေ့ကျင့်ရေးဆင်းတာတွေ ပွဲကစားရတာတွေနဲ့ လှုပ်လှုပ်ရှားရှားနေရတဲ့အပြင် အစားအသောက်ထိန်းသိမ်းရတဲ့အတွက်လည်း အဆီကင်းပြီး ကျစ်လစ်သန်မာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြတာပါ။

ဒီထဲမှာမှ ခန္ဓာကိုယ်ဘော်ဒီကို အလှဆုံးထိန်းသိမ်းထားကြပြီး ကြွက်သားအမြောင်းမြောင်းနဲ့ ကြည့်ကောင်းတဲ့ ဘော်ဒီအတောင့်ဆုံး ဘောလုံးသမားတွေလည်းရှိပါတယ်။ ဒါဆို ဘော်ဒီအတောင့်ဆုံး ဘောလုံးသမားတွေက ဘယ်သူတွေဖြစ်မလဲ ဆက်လေ့လာကြည့်ရအောင်ပါ။

(၁) ခရစ္စတီယာနို ရော်နယ်ဒို

Cristiano Ronaldo

Photo : Sportmob

ရင်သပ်ရှုမောဖွယ် ကြွက်သားတွေနဲ့ဘော်ဒီအလှဆုံး ကစားသမားတွေအကြောင်းပြောရင် ခရစ္စတီယာနို ရော်နယ်ဒိုက ချန်ရစ်ခဲ့လို့မရတဲ့သူတစ်ယောက်ပါ။ ရော်နယ်ဒိုဟာ ကျန်းမာရေးအလွန်လိုက်စားသူတစ်ယောက်ဖြစ်ပြီး အစားသောက် ၊ လေ့ကျင့်ခန်းနဲ့ အိပ်ချိန်တွေကို အမြဲ
ဂရုတစိုက် အချိန်ဇယားဆွဲထားလေ့ရှိတယ်လို့ သိရပါတယ်။ ဘောလုံးလေ့ကျင့်ရေးအပြင် အိမ်မှာလည်းလေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ​ပုံကျလှပတဲ့ဘော်ဒီကို ထိန်းထားတဲ့သူတစ်ဦးဖြစ်ပါတယ်။

(၂) ဆာဂျီယိုရာမို့စ်

Sergio Ramos

Photo : Defensa Central

ကြွက်သားအမြောင်းမြောင်းနဲ့ ကြည့်ကောင်းတဲ့ဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ နောက်ထပ် ဘောလုံးသမားတစ်ဦးကတော့ ဆာဂျီယိုရာမို့စ် ဖြစ်ပါတယ်။ ဆာဂျီယိုရာမို့စ်ဟာလည်း ခရစ္စတီယာနို ရော်နယ်ဒိုကဲ့သို့ အာကစားအပြင်းအထန်လုပ်လေ့ရှိသူတစ်ဦးဖြစ်ပြီး သူ့ရဲ့တောင့်တင်းလှပတဲ့ ဘော်ဒီကို ထိန်းထားသူတစ်ဦးဖြစ်ပါတယ်။ လေ့ကျင့်ရေးမဆင်းရတဲ့အချိန်တွေမှာတောင် အိမ်မှာပုံမှန်လေ့ကျင့်ခန်းတွေလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

(၃) ဒေးဗစ်ဘက်ခမ်း

David Beckham

Photo : Esquire

ဒေးဗစ်ဘက်ခမ်းကတော့ ဘောလုံးလောကရဲ့ မင်းသားတစ်ပါးလို့တောင်ဆိုရတဲ့အထိ ကျော်ကြားသူတစ်ဦး ဖြစ်ပါတယ်။ ဘောလုံးကစားတဲ့ သက်တမ်းတစ်လျောက်လုံးသာမက ယနေ့အချိန်ထိကို ကမ္ဘာတစ်ဝှမ်းက ပျိုမေတို့ရဲ့နှလုံးသားကို ဖမ်းစားထားနိုင်တဲ့သူတစ်ဦးဖြစ်ပြီး ရုပ်ရည်ချောမောတဲ့အပြင် အမြဲစတိုင်လ်ကျကျနေတက်သူဖြစ်ပါတယ်။ အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း ၊ ကြွက်သားအစိုင်တွေနဲ့ ကြည့်ကောင်းတဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။

(၄) ရီယိုဖာဒီနန်

Rio Ferdinand

Photo : The Sun

အင်္ဂလန်လက်ရွေးစင်အသင်း ခံစစ်ကစားသမားဟောင်းဖြစ်တဲ့ ရီယိုဖာဒီနန်ကတော့ ၂၀၁၅ ခုနှစ်လောက်ကစတင်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေအနားယူခဲ့ပြီးနောက် ၂၀၁၇ လောက်မှာ လက်ဝှေ့လောကထဲက စတင်ခြေချလာခဲ့သူ ဖြစ်ပါတယ်။ ဘောလုံးသမားဘဝကတည်းက ဘော်ဒီအတော်သင့်လှတဲ့ကစားသမားစာရင်းမှာပါဝင်ခဲ့တဲ့ ဖာဒီနန်ဟာ လက်ဝှေ့လေ့ကျင့်ရေးတွေနဲ့ ပြင်းပြင်းထန်ထန် Trianing တွေပြုလုပ်ပြီး ကြွက်သား အစိုင်အခဲတွေနဲ့ တောင့်တင်းလှပတဲ့ ဘော်ဒီပိုင်ဆိုင်တဲ့ ကစားသမားဟောင်းဖြစ်လာခဲ့ပါတယ်။

(၅) ရောဘတ် လီဝန်ဒေါ့စကီး

Robert Lewandowski

Photo : The Limited Times

ဘိုင်ယန်မြူးနစ်အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ရောဘတ် လီဝန်ဒေါစကီးဟာလည်း တောင့်တင်းသန်မာတဲ့ ကြွက်သားစိုင်ဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ ဘောလုံးကစားသမားတစ်ဦးဖြစ်ပါတယ်။ ငယ်ငယ်ကသိပ်ပြီး ကြံ့ခိုင်မှုမရှိပဲ ပိန်ပိန်ပါးပါးကောင်လေးတစ်ယောက်ဖြစ်ခဲ့တဲ့အတွက် မြို့ကလပ်အသင်းမှာတောင် ရွေးချယ်ခြင်းမခံခဲ့ရဘူးလို့ အင်တာဗျူးတစ်ခုမှာဆိုထားပါတယ်။

လီဝန်ဒေါ့စကီးရဲ့ မိသားစုဟာ အားကစားအသိုင်းအဝိုင်းမိသားစုက ဆင်းသက်လာတဲ့အပြင် ဇနီးသည်ကလည်း ကာရာတေးကစားသမားတစ်ဦးဖြစ်တာကြောင့် တဖြေးဖြေးနဲ့ ကမ္ဘာတစ်ဝှမ်းက အကြံ့ခိုင်ဆုံးဘောလုံးသမားတစ်ဦးအဖြစ်ပြောင်းလဲလာခဲ့ပြီး ပရိသတ်တွေမြင်တွေ့ရတဲ့အတိုင်း ကြွက်သားအမြောင်းလိုက်နဲ့ ကျစ်လစ်တောင့်တင်းတဲ့ ဘော်ဒီအတောင့်ဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Featured Photo : Bavarian Football Works