ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ နေလောင်ကာခရင်မ်သည် ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို အသားအရေဂရုစိုက်တဲ့ လူတိုင်း သိထားကြပါတယ်။ ယနေ့ခေတ်တွင် နေလောင်ကာခရင်မ်သည် မိန်းကလေးများအတွက်သာမက ယောကျာ်းလေးများအတွက်ပါ အရေးပါသော နေ့စဉ်သုံးအလှကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

အပြင်ထွက်တော့မယ်ဆိုတာနဲ့ နေပူပူ မိုးရွာရွာ နေလောင်ကာခရင်မ်လေး မဖြစ်မနေလိမ်းသွားသင့်ပါတယ်။ နေမပူဘဲ မိုးအုပ်နေတယ်ဆိုရင်တောင်မှ တိမ်တွေသည် အန္တရာယ်ပြင်းလွန်းလှသော ခရမ်းလွန်ရောင်ခြည်များ အသားထဲသို့ ဖောက်မဝင်ဖို့ရန်အတွက် မကာကွယ်ပေးနိုင်ပါဘူး။

ဒီဆောင်းပါးလေးထဲမှာတော့ လူအများသိထားကြတဲ့ နေလောင်ကာခရင်မ်နှင့် ပတ်သက်သော အလွဲတချို့ကို ဖော်ပြပေးချင်ပါတယ်။

ရေထဲမှာ ရှိနေရင် နေလောင်မခံရဘူးဆို

benefits of using sunscreen for men

Photo Source: Mankind.co.uk

ထိုအချက်သည် လုံးဝ မှားယွင်းသောအချက်တစ်ခုပဲဖြစ်ပါတယ်။ သင်သည် ရေနက်ပိုင်းထဲမှာ ရှိနေရင်တောင်မှာ UVB အလင်းတန်းများသည် အသားအရေထဲကို ထိုးဖောက်နိုင်ပါသေးတယ်။ ဒါ့ကြောင့်လည်း ရေမကူးခင် မိနစ် ၃၀ အလိုကတည်းက နေလောင်ကာခရင်မ် လိမ်းထားသင့်တာပါ။

SPF များများပါတဲ့ နေလောင်ကာခရင်မ်များသည် တစ်နေကုန် ခံတယ်ဆို

benefits of using sunscreen for men

Photo Source: Skincancer.org

ဘယ်လောက်ပဲ SPF များတဲ့ နေလောင်ကာခရင်မ် ဖြစ်နေပါစေ တစ်နေကုန်မခံပါဘူး။ သူ့ရဲ့အကျိုးသက်ရောက်မှုက နှစ်နာရီအထိသာ ခံပါတယ်။ ဒါ့ကြောင့်လည်း အရေပြားဆရာဝန်များက နေလောင်ကာခရင်မ်များ ထပ်ခါတလဲလဲ လိမ်းပေးဖို့ အကြံပေးထားကြတာပါ။

နေလောင်ကာခရင်မ်မလိမ်းထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများသာ အရေပြားကင်ဆာကို ခံစားရနိုင်တာဆို

benefits of using sunscreen for men

Photo Source: Bodespa.com

နေလောင်ကာခရင်မ် မလိမ်းမိတဲ့နေရာတွေဖြစ်တဲ့ လက်သည်းခွဲကြား၊ ခြေဖနောင့်စတဲ့ သင် မမျှော်လင့်ထားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများသည်လည်း အရေပြားကင်ဆာ ခံစားရနိုင်ချေရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်သည် အရေပြားကင်ဆာဖြစ်ပေါ်စေတဲ့ တစ်ခုတည်းသောတရားခံတော့မဟုတ်ပါဘူး။ သင့်ရဲ့မျိုးရိုးဗီဇကြောင့်လည်း အရေပြားကင်ဆာကို ခံစားရတတ်ပါတယ်။

နေလောင်ကာခရင်မ် လိမ်းထားမယ်ဆိုရင် အရေပြားကင်ဆာ ခံစားရနိုင်ချေရှိပါသလား

 

benefits of using sunscreen for men

ဘယ်နေလောင်ကာခရင်မ်ကမှ အလုံးစုံကာကွယ်မပေးနိုင်ပါဘူး။ ဒါ့ကြောင့် အပြင်ထွက်မယ်ဆိုရင် နေလောင်ဒဏ်ခံရခြင်းကို လျော့ချပေးဖို့ရန်အတွက် သက်သာချောင်ချတဲ့ အင်္ကျီလက်ရှည်၊ ဦးထုပ်နှင့် နေကာမျက်မှန်တို့ ဝတ်ဆင်သင့်တာပါ။ နောက်ထပ် သတိထားရမယ့်အချက်ကတော့ ရက်လွန်နေတဲ့ နေလောင်ကာခရင်မ်များကို အသုံးမပြုမိဖို့ပါပဲ။ ရက်လွန်နေတဲ့ နေလောင်ကာခရင်မ်သည် အကျိုးအာနိသင်ရှိမှာမဟုတ်တဲ့အပြင် အသားအရေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

နေပူပူ မိုးရွာရွာ နေလောင်ကာခရင်မ် လိမ်းပါ

benefits of using sunscreen for men

Photo Source: Theadultman.com

စောစောက ပြောခဲ့သလိုပဲ တိမ်တွေသည် UVA နဲ့ UVB အလင်းတန်းများကို မကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့် တိမ်ထူထပ်တဲ့နေ့မှာလည်း နေလောင်ကာခရင်မ်ကို မဖြစ်မနေ လိမ်းသင့်ပါတယ်။ ရာသီဥတုက ဘယ်လိုပဲဖြစ်နေပါစေ အပြင်ထွက်တော့မယ်ဆိုတိုင်း နေလောင်ကာခရင်မ်လိမ်းပေးရပါမယ်။

Source: Forbes.com