ကျန်းမာတဲ့ လူမှုဘဝပုံစံရဖို့ ဒီနေ့ခေတ်မှာ Gym သွားတာမျိုးကို လူတိုင်း လက်ခံလာကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Gym သွားပြီး အားကစားလုပ်တယ်ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ Gym မသွားရ မနေနိုင်တဲ့ သူတွေ ရှိသလို Gym ကို တစ်ခါမှ မရောက်ဖူးတဲ့ သူတွေလည်း ရှိပါတယ်။

Workout မလုပ်ဖြစ်သူတွေမှာလည်း သူတို့အကြောင်းနဲ့ သူတို့ ရှိပါတယ်။ အခုပြောမယ့် အချက် ၅ ချက်ကတော့ Gym မသွားဖြစ်သူတွေ ပေးလေ့ရှိတဲ့ အကြောင်းပြချက်တစ်ချို့ ဖြစ်ပါတယ်။

(၁) အချိန်မရှိလို့

Photo: Pexels

ဟုတ်ပါတယ်။ ဒီနေ့ခေတ်မှာ အချိန်က ရှားပါးပစ္စည်းဖြစ်နေပါတယ်။ ဒါပေမယ့်လည်း Gym အများစုဟာ တစ်ပတ်မှာ တစ်ရက်ပဲ ပိတ်လေ့ရှိတာ ဖြစ်လို့ တကယ်လို့ Gym ကစားမယ်ဆိုရင် ကိုယ်အားမယ့် အချိန်ကို ညှိပြီးတော့ ကစားလို့ရပါတယ်။

(၂) ပင်ပန်းလို့

Photo: Bicycling

တစ်ချို့သူတွေရဲ့ အလုပ်အကိုင် သဘာဝကိုက Gym ရုံသွားဖို့ မသင့်သလို ဖြစ်နေပါတယ်။ တစ်နေကုန် အလုပ်ခွင်မှာ ပင်ပန်းလာသူဟာ Gym ခန်းကို လန်းလန်းဆန်းဆန်း သွားဖို့ ဝိတ်ပြားတွေကို အားနဲ့မာန်နဲ့ မနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။

သူတို့အတွက်ကတော့ မနက်စော လန်းလန်းဆန်းဆန်း ရှိချိန်မှာ ကစားချင်ရင် ကစား ၊ ဒါမှမဟုတ်ရင်လည်း အိမ်မှာတင် အပေါ့စား ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ လိုပါတယ်။

(၃) စိတ်မဝင်စားလို့

Photo: Pexels

Gym ကစားတယ်ဆိုတာ ဘော်ဒီကြီးလာဖို့တင် မဟုတ်ပါဘူး။ စိတ်ကိုပါ ကြံ့ခိုင်လာစေတဲ့ အလေ့အကျင့်ကောင်းပါ။ တကယ်လို့ Gym ကစားဖို့ စိတ်မပါဘူးဆိုရင် ကိုယ့်ကို Gym ကစားချင်အောင် Motivate လုပ်ပေးမယ့် partner တစ်ယောက်နဲ့ တစ်ခါလောက် သွားကစားဖို့ တိုက်တွန်းချင်ပါတယ်။

(၄) အသက်ကြီးနေလို့

Photo: Unsplash

အားကစားလုပ်ဖို့ အသက်ကြီးပြီလို့ ထင်တာ မှားပါတယ်။ Gym ကစားတာ Workout လုပ်တယ်ဆိုတာ လူငယ်တွေနဲ့ပဲ ဆိုင်တာ မဟုတ်ပါဘူး။ အသက်ကြီးတဲ့အထိ အားကစားလုပ်သူဟာ အကြောအချဉ်ပျော့ပြောင်းပြီး ကျန်းမာရေးပိုကောင်းပါတယ်။

(၅) တစ်ယောက်တည်း သွားမကစားချင်လို့

Photo: Unsplash

တစ်ချို့သူတွေအတွက် Gym Buddy လိုပါတယ်။ Gym ဆိုတာ လူသစ်တွေနဲ့ တွေ့ဖို့ အကောင်းဆုံး နေရာထဲမှာ ပါပါတယ်။ ကိုယ့်ဘော်ဒါတွေကို Gym အတူ ကစားဖို့ စည်းရုံးကြည့်ပါ။ ဒါဆိုရင် အဖော်ကောင်းလို့ Gym ကစားဖြစ်သွားပါလိမ့်မယ်။