ဒီကာလတွေမှာ လူတိုင်း လက်အိတ်တွေ mask တွေနဲ့ ဗိုင်းရပ်စ်ပိုးက ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ကြိုးစားနေကြတဲ့အချိန်မှာ အထိရောက်ဆုံးနည်းလမ်းတခုက ကိုယ်ခံအားစနစ်ကိုတတ်နိုင်သမျှကိုမြှင့်တင်တာပဲဖြစ်ပါတယ်။ အခုပြောပြမှာကတော့ ကိုယ့်အနီးအနားကဆိုင်တွေမှာပဲ အလွယ်တကူဝယ်လို့ရမယ့် ကိုယ့်ခံအားကောင်းစေမယ့်အသီးတွေပဲဖြစ်ပါတယ်။
(၁) လိမ္မော်သီး
Source : Medical News Today
လိမ္မော်သီးက ရေငတ်ပြေစေပြီး သင့်ရဲ့ကိုယ်ခံစွမ်းအားအတွက်အရေးပါတဲ့အာဟာရဓါတ်တွေဖြစ်တဲ့ ဗီတာမင် ဒီ စီနဲ့ အီး ဘီတာကာရိုတင်းဓါတ်နဲ့ ဇင့်ဓါတ်တွေကိုပေးနိုင်ပါတယ်။ ဒါ့အပြင့် ငှက်ပျောသီးလို ပိုတက်စီယမ်ဓါတ်ရစေပြီး သွေးဖိအားကိုကျစေပါတယ်။
(၂) နာနတ်သီး
Source : Medical News Today
အပူဒေသအသီးတွေထဲမှာ နာနတ်သီးက စူပါစတားပါပဲ။ နာနတ်သီးဖျော်ရည်တခွက်(၂၃၇မီလီမီတာ) က နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်စီနဲ့ မန်ဂနိစ်ဓါတ်တွေအတွက်ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင်ရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့ ဂုဏ်သတ္တိနဲ့ အစာကြေစေတဲ့အင်ဇိုင်းဓါတ်တွေလဲပါဝင်ပါတယ်။
(၃) ထောပတ်သီး
Source : NBC News
ထောပတ်သီးကတော့ တခြားအသီးတွေနဲ့မတူတဲ့အသီးတမျိုးပါ။ ထောပတ်သီးမှာ ခန္ဓာကိုယ်အတွက်အကျိုးဖြစ်စေတဲ့အဆီပါဝင်ပြီး အများစုကရောင်ရမ်းတာ၊ နှလုံးကျန်းမာရေးနဲ့ပတ်သတ်တာတွေအတွက်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ ပိုတက်စီယမ်၊ ဖိုင်ဘာနဲ့ မဂ္ဂနီစီယမ်ဓါတ်တွေလဲပါရှိပါတယ်။ ပိုတက်စီယမ်ကိုလုံလောက်စွာစားသုံးပေးခြင်းက သွေးပေါင်ချိန်ကျဆင်းစေပြီး လေဖြတ်နိုင်ခြေလျော့နည်းစေပါတယ်။
(၄) သရက်သီး
Source : Healthifyme
သရက်သီးတွေက ဗင်တာမင်စီပါဝင်တဲ့ အကောင်းဆုံးအသီးတွေထဲကတခုပါ။ ကျန်းမာရေးအကျိုုးကျေးဇူးများစေတဲ့ အမျှင်ဓါတ်များစွာပါဝင်ပြီး အိုမင်းရင့်ရော်မှုကိုကာကွယ်တဲ့ အင်တီအောက်ဆီဒင့်ကိုတိုးစေနိုင်တယ်။ ဒါ့အပြင် လေ့လာမှုတခုအရ သရက်သီးက ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်တဲ့ အစားအစာထဲမှာလဲပါဝင်ပါတယ်။
(၅) စတော်ဘယ်ရီ
Source : The Indian Express
စတော်ဘယ်ရီသီးတွေဟာ အဟာရဓါတ်မြင့်မားစွာပါဝင်ပြီး မန်ဂနိစ်၊ ဖောလစ်နဲ့ ပိုတက်စီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာက စတော်ဘယ်ရီသီးတွေရဲ့ ထူးခြားချက်ဖြစ်ပါတယ်။ အခြားအသီးတွေနဲ့ယှဉ်ကြည့်တဲ့အခါ စတော်ဘယ်ရီက သွေးတွင်းသကြားဓါတ်ကို မတက်စေဘူး အင်တီအောက်ဆီဒင့်ကြွယ်ဝတယ်။ ဒါ့အပြင် ကင်ဆာရောဂါနဲ့ အကျိတ်တွေကို မဖြစ်အောင်ကူညီပေးနိုင်တယ်လို့လဲတွေ့ရှိပါတယ်။