Social Media ခေတ်မှာ ဖုန်းဟာ မရှိမဖြစ် အသုံးအဆောင်ဖြစ်လာပါတယ်။ စိတ်ပညာရှင်များရဲ့ သုတေသနပြုချက်အရ ကျွန်တော်တို့တွေဟာ တစ်ရက်ကို ပျမ်းမျှ ၅ နာရီလောက်က ဖုန်းတွေနဲ့ အချိန်ကုန်နေတာဖြစ်ပြီး တစ်နေ့ကို ၈၅ ကြိမ်လောက်က ဖုန်းပွတ်နေမိတတ်တယ်လို့ ဆိုပါတယ်။ ဖုန်းတွေကို ဒီလောက် စွဲစွဲလမ်းလမ်း သုံးလာပြီးနောက် ကျွန်တော်တို့ ဘာတွေ အကျိုးရှိသလဲဆိုတာထက် ဖုန်း မသုံးဖြစ်တဲ့ နေ့မှာ ကျွန်တော်တို့ သိလာမယ့် အရာတစ်ချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) အိပ်လို့ ကောင်းလာတယ်

Source: ShutterStock

လန်ဒန်မှ အိပ်စက်ခြင်းအကြောင်း သုတေသနလုပ်တဲ့ ဒေါက်တာ အက်စ်ဟဒ် အီဘရာဟင်က ပြောဖူးပါတယ်။ “တစ်ယောက်ယောက်က ကိုယ့်ရဲ့ Facebook ပို့စ်တစ်ခုခုကို Like ပေးပြီဆိုရင်ဖြစ်စေ Twitter မှ Tweet တစ်ခုခုကို ပြန်ပြီး Retweet လုပ်လိုက်ပြီဆိုရင်ဖြစ်စေ လူ့ဦးနှောက်ဗဟိုမှ ဒိုဖာမိန်းဆိုတဲ့ဓါတ်တစ်မျိုးကို နှိုးဆွပေးလိုက်ပါတယ် တဲ့။
Screen ပါတဲ့ ပစ္စည်းတွေဟာ လူရဲ့ အိပ်စက်မှုကို ကြန့်ကြာစေအောင် ဟန့်တားပြီး ဦးနှောက်ကို လှုံ့ဆော်လို့ ဖုန်းကို အနားမှာ ထားပြီး မအိပ်သင့်ဘူးလို့ ဆိုပါတယ်။ ကိုယ်သုံးနေကျ ဖုန်းလက်ထဲမှာ မရှိတဲ့ညဟာ ပုံမှန်ထက် စောပြီး အိပ်ရာဝင်စရာအကြောင်းရှိတာကြောင့် ပိုပြီးကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။

(၂) နေလို့ ကောင်းတယ်

Source: ShutterStock

တစ်ချို့ရက်တွေမှာ ဖုန်းဆက်စရာ မလိုတာ ဝမ်းသာစရာပါ။ အဲသလို နေ့တွေမှာ စိတ်ရဲ့ လှုပ်ရှားမှုက သိသိသာသာ နည်းတတ်ပါတယ်။ တစ်ပတ်မှာ တစ်ရက်လောက် ဖုန်းနဲ့ ဝေးဝေး နေကြည့်သင့်ပါတယ်။

(၃) ဘဝရဲ့ အရေးကြီးဆုံး အရာတွေကို သတိထားမိမယ်

Source: ShutterStock

တစ်ချို့သူတွေအတွက် တစ်ချို့အရာတွေကို တကယ်မလိုအပ်ပါဘူး။ တစ်ခါတစ်လေမှာ အရေးပေါ်တို့ ၊ မရှိမဖြစ်တို့ ဆိုတာတွေကို ဒီအတိုင်း လက်ပိုက်ကြည့်နေလိုက်တာက မှန်ကန်တဲ့ရွေးချယ်မှုဖြစ်သလို ဘဝမှာ အရေးပါတဲ့ နေထိုင်နည်းတစ်ရပ်လည်း ဖြစ်ပါတယ်။ လက်ထဲမှာ စမတ်ဖုန်းတစ်လုံး ရှိနေဖို့က အရေးကြီးတဲ့အရာလို့ တွေးလိုက်တာနဲ့ ဒီအတွေးဟာ လူတစ်ယောက်ရဲ့ အရေးကြီးဆုံးအရာတွေကို လက်လွတ်စေတတ်ပါတယ်။

(၄) အကုန်အကျသက်သာလာမယ်။

Source: ShutterStock

ဖုန်းဘေလ်ကြောင့် ပိုက်ဆံအကုန်များနေတာကို သတိထားမိရဲ့လား။ တစ်နေ့တစ်နေ့ ကိုယ်မစားရက် မသောက်ရက်ဘဲ ဖုန်းဘေလ်ဖိုးတွေ ကုန်ကုန်သွားတာကို စိစစ်ဖို့ လိုပါပြီ။

(၅) ကိုယ့်ဦးနှောက်ကို ပိုသုံးဖြစ်မယ်

Source: ShutterStock

ဖုန်းပဲ ပွတ်နေရင် ဦးနှောက်ရဲ့ စဉ်းစားမှုကို အလုပ်မပေးရာ ရောက်ပါတယ်။ ဖုန်းမကိုင်တဲ့ နေ့မှာ ဦးနှောက်ကို ပိုအလုပ်ပေးဖြစ်တာကြောင့် ကိုယ့်ရဲ့ ပင်ကိုယ်ဥာဏ်စွမ်းနဲ့ ပြဿနာတွေ ပိုဖြေရှင်းဖြစ်ပါလိမ့်မယ်။
စမတ်ဖုန်းတွေကို စွဲစွဲလမ်းလမ်း မကိုင်တော့တာနဲ့ ကိုယ့်အတွက် ကောင်းတဲ့အရာတွေ ရောက်လာတာကို တွေ့ရမှာပါ။ အခုပြောခဲ့တဲ့အချက်တွေကို သတိပြုမိတာနဲ့ ကိုယ့်လက်ထဲမှာ စမတ်ဖုန်းတစ်လုံးရှိနေရင်တောင် လိုတာထက်ပို သုံးမိမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ကိုယ့်ရဲ့ တစ်နေတာဟာ မလိုအပ်တဲ့ အမှိုက်တွေနဲ့ ပိတ်ဆို့ညစ်ထေးနေတော့မှာ မဟုတ်ပါဘူး။