ကိုယ်ချစ်သူနဲ့ ဒိတ်လုပ်ရတဲ့အခါမှာလူတိုင်း ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်အချိန်လေးတွေကိုပဲလိုချင်ကြမှာ သေချာပါတယ်။ တစ်ခါတစ်လေမှာ တစ်ချို့လုပ်ရပ်လေးတွေက ဒိတ်လုပ်နေစဉ်မှာ ကိုယ်နဲ့ကိုယ်ချစ်သူရဲ့ အပျော်တွေကိုပျက်စီးသွားစေတက်ပါတယ်။ ဒါကြောင့် ချစ်သူနဲ့ ဒိတ်တော့မယ်ဆိုရင် ဘယ်လိုအရာတွေကို ရှောင်ကျဉ်ရမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။
(၁) တစ်ကိုယ်ကောင်းဆန်တာ
Source : Men’s Health
ချစ်သူစုံတွဲရယ်လို့ဖြစ်လာရင် တစ်ယောက်တည်းတစ်ကိုယ်ကောင်းဆန်တက်တဲ့ အကျင့်ကို ဖျောက်ဖျက်ဖို့လိုလာပါပြီ။ ဘယ်သွားမယ် ဘာစားမယ် စသည်ဖြင့် ကိုယ်တစ်ယောက်တည်းရဲ့ ဆန္ဒကိုဦးစားမပေးပဲ ကိုယ်ချစ်သူရော ဘယ်သွားချင်လဲ ဘာစားချင်လဲ ဘာလုပ်ချင်လဲ ညှိနှိုင်းတက်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ ဆန္ဒတွေနောက်ပဲ လိုက်လုပ်ပေးနေရရင် ကြာလာတဲ့အခါ စိတ်ပျက်လာပါလိမ့်မယ်။
(၂) ရည်စားဟောင်းအကြောင်းမေးတာ
Source : Business Insider
ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် တစ်ခါတစ်လေဒိတ်လုပ်နေတုန်းမှာ ကိုယ့်ချစ်သူရဲ့ အရင်ရည်းစားဟောင်းအကြောင်းမေးတက်ကြပါတယ်။ တကယ်တော့ ကိုယ်ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင် ဒိတ်နေတုန်းမှာ ဘယ်သူကမှ ရည်းစားဟောင်းအကြောင်း နောက်ကြောင်းပြန်လှန်မပြောချင်ကြပါတယ်။ ဒါကြောင့် ချစ်သူနဲ့ ဒိတ်နေတဲ့အချိန်မှာ ရည်စားဟောင်းအကြောင်းတွေ သွားမမေးမိပါစေနဲ့။
(၃) ပိုက်ဆံနဲ့ပတ်သတ်ပြီးလျစ်လျူရှု့တာ
Source : Getty Images
ချစ်သူစုံတွဲတွေကြားမှာ ငွေကြေးကဏ္ဍအတွက်ကိုလည်း မဖြစ်မနေထည့်စဉ်းစားသင့်ပါတယ်။ ကိုယ်ချစ်သူနဲ့ ဒိတ်လုပ်တဲ့အခါ ကျသင့်တဲ့ကုန်ကျစရိတ်တွေကို တစ်ဦးတည်းကခံရတာမျိုးမလုပ်သင့်ပါဘူး။ ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် တစ်ဦးတစ်ဖက်တည်းကပဲ ဒိုင်ခံအကုန်ခံနေရမယ်ဆိုရင် ရေရှည်မှာ ငြိုငြင်စရာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်တွေကို တက်နိုင်သလောက် မျှခံသင့်ပါတယ်။
(၄) ဖုန်းသုံးနေတာ
Source : Medium
ချစ်သူနှစ်ဦးဒိတ်နေတဲ့အချိန်မှာ ဖုန်းတွေကြည့်ဖို့မလိုဘူးထင်ပါတယ်။ ကိုယ်ချစ်သူကိုဘေးထားပြီး ဖုန်းကိုအာရုံစိုက်နေတာက သူ့အပေါ်အလေးမထားရာရောက်စေပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေ မဖြစ်မနေဖုန်းပေါ်ရမယ့် ကိစ္စတွေကလွဲပြီး ဂိမ်းဆော့နေတာမျိုး ဆိုရှယ်မီဒီယာသုံးနေတာမျိုးကို လုံးဝလုံးဝရှောင်ကျဉ်ဖို့အကြံပြုချင်ပါတယ်။