ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကိုယ်ချစ်တဲ့သူနဲ့ Valentine’s Day ကို ဖြတ်သန်းတော့မယ်ဆိုရင် အခုကတည်းက plan ချထားရတော့မှာပါ။ ဒီလို အစီအစဉ်ဆွဲရာမှာ အထောက်အကူဖြစ်စေမယ့် Dating Idea တစ်ချို့ကို Kwee ပရိတ်သတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။
(၁) Cable Car စီးပါ
Photo: FashionBeans
လူတွေနဲ့ မွန်းကြပ်နေတဲ့ မြို့ကြီးပြကြီးကို အပေါ်စီးကနေ ငုံ့ကြည့်ပြီး လွတ်မြောက်တဲ့ ရသကို ခံစားတာ ကောင်းပါတယ်။ Valentine’s Day မှာ ကိုယ်ချစ်ရတဲ့ မိန်းကလေးကို အမြင့်တစ်နေရာကနေ အဝေးနဲ့ အောက်ခြေမြေပြင် မြင်ကွင်းရှုခင်းတွေကို လိုက်ပြဖို့ အကောင်းဆုံး အိုင်ဒီယာ ၂ ခု ရှိပါတယ်။ တစ်ခုက Cable Car စီးတာနဲ့ နောက်တစ်ခုက မိုးပျံပူဖောင်းစီးတာ ဖြစ်ပါတယ်။ နှစ်ခုစလုံးကို အကောင်အထည် ဖော်ဖို့လည်း သိပ်မခက်ပါဘူး။
(၂) ကြယ်မြင်လမြင် ခရီးထွက်ပါ
Photo: FashionBeans
ကမ်းခြေရဲ့ ညတွေက ရိုမန်းတစ်ဆန်ပါတယ်။ လှိုင်းသံနဲ့ အဆုံးမဲ့ ကျယ်ပြောလှတဲ့ ပင်လယ်ကြီးနဲ့ သူရဲ့ အပေါ်က ပျိုးပြက်လင်းလက်နေတဲ့ တောက်ပကြယ်တွေကို အတူငေးကြည့်ရတဲ့ အတွေ့အကြုံဟာ Valentine’s Day ကို Memory တစ်ခုလို ကျန်စေမယ့် အတွေ့အကြုံပဲ ဖြစ်ပါတယ်။
(၃) စွန့်စားခန်း ထွက်ပါ
Photo: Pexels
တောလမ်း တောင်လမ်းတွေ အတူတက်ပြီး ခရီးကြမ်းနှင်ခြင်းဟာလည်း Valentine’s Day နေ့ကို ထူးခြားစေတဲ့ အိုင်ဒီယာပါပဲ။ တောင်ပေါ်ဒေသတွေမှာ ဒီအချိန်ဆို တိမ်တွေ ဆိုင်းပြီး မြူတွေ နှင်းတွေနဲ့ ဒဏ္ဍာရီဆန်ဆန် လှပနေတော့မှာပါ။ ဒီလိုမျိုး သဘာဝတရားကြီးထဲ စက်ဘီးတစ်စီးနဲ့ ဖြစ်ဖြစ် ကျောပိုးအိတ်တစ်လုံးလွယ်ပြီး စခန်းချဖို့ သာယာတဲ့နေရာမှာ တဲထိုးပြီး ဖြစ်ဖြစ် နှစ်ကိုယ်တူ စွန့်စားကြည့်သင့်ပါတယ်။
(၄) ဟင်းအတူ ချက်ပါ
Photo: Pexels
ထမင်းဟင်းအတူ ချက်စားတာမျိုး မလုပ်ဖူးသေးဘူးဆိုရင် စမ်းကြည့်သင့်ပါတယ်။ အသင့်စား စားသောက်ဆိုင်တွေမှာ ထမင်းတွေ ဟင်းတွေ မှာစားတာထက်တော့ ပိုပြီး စိတ်လှုပ်ရှားရမှာပါ။ ပျော်ပွဲစားထွက်ရင်း အတူ ချက်ပြုတ်တာဆို ပိုပြီး ရင်ခုန်ဖို့ကောင်းနေမှာ ဖြစ်ပါတယ်။
(၅) တစ်ခုခု အတူတည်ဆောက်ပါ
Photo: White’s Lumber
လက်မှုထည်တွေ လုပ်ရတာ ဝါသနာပါသူချင်းဆိုရင်လည်း လက်မှုပစ္စည်းလေးတစ်ခုကို အမှတ်တရ တည်ဆောက်တာ လုပ်နိုင်သလို ပန်းချီဆွဲတာ ၊ အနုပညာပစ္ဏည်းတစ်ခု ဖန်တီးတာမျိုးကို နှစ်ယောက်သား လက်တွဲလုပ်ဆောင်နိုင်ပါတယ်။ အမှတ်တရပစ္စည်းတစ်ခု ဖန်တီးပြီးရင် အဲဒီနေ့ရဲ့ Memory စကားတစ်ခွန်းဖြစ်ဖြစ် အမှတ်တရစာသားတစ်ခု ရေးထားမယ်ဆိုရင် နောင်နှစ် နောင်နှစ် Valentine’s Day တွေမှာလည်း သတိရစရာတွေ ဖြစ်ကျန်ခဲ့မှာပါ။