ဖေဖော်ဝါရီ ၁၄ ရက်ကို ချစ်သူများနေ့လို့လည်း ခေါ်ကြပါတယ်။ ဒါပေမယ့်လည်း အခုထိ အေးအေးလူလူ တစ်ကိုယ်တော် Single တွေအတွက်လည်း Valentine’s Day မှာ ပျင်းစရာမရှိအောင် ကျော်ဖြတ်လို့ရမယ့် နည်းတွေ ရှိပါတယ်။
(၁) Spa သွားပါ
Photo: tantaramenspa
အရင်က ရောက်ဖူးသလားတော့ မသိပါဘူး။ Spa သွားပြီး အနားယူကြည့်လိုက်ပါ။ တစ်ခါတစ်လေ ကိုယ့်အတွက်ကို သက်သာသလို နေလိုက်တဲ့ ဖီးလ်ကို လွတ်လွတ်လပ်လပ်ကြီး ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
(၂) ရုပ်ရှင်ကြည့်ပါ
Photo: ShutterStock
အခုဆို Oscar ရတဲ့ ကားတွေလည်း ထွက်ထားပါတယ်။ တစ်နှစ်လုံးမှာ မကြည့်ဖြစ်တဲ့ ရုပ်ရှင်ကားကောင်းတွေ ၊ TV Series တွေကို အိမ်မှာ အပီအပြင် ဒေါင်းပြီးပဲ ကြည့်မလား။ ကော်ဖီတစ်ခွက်နဲ့ စိတ်ကြိုက်နှပ်ပြီး ဇိမ်နဲ့ အရသာခံ ကြည့်ဖို့လည်း အကြံပြုချင်ပါတယ်။
(၃) ကိုယ့်ကိုယ်ကို ပြုစုပါ
Photo: Pexels
ဖေဖော်ဝါရီ ၁၄ ရက်ဟာ ဘယ်သူ့အတွက်မှ ပိုက်ဆံကုန်ခံစရာ မလိုတဲ့ FA တစ်ယောက်ရဲ့ ဘဝကို Congratulations လုပ်ရမယ့်နေ့ပါ။ အဲနေ့မှာ ရှန်ပိန်ပုလင်းကောင်းကောင်းလေး ဝယ် ၊ အစားကောင်း အသောက်ကောင်းတွေ လျှောက်စားဖို့ တိုက်တွန်းပါတယ်။ ဒါမှမဟုတ်ရင်လည်း မှတ်မှတ်ရရ ဖြစ်သွားအောင် Branded ဝတ်စုံတစ်စုံလောက် ဝယ်သင့်ပါတယ်။
(၄) စာဖတ်ပါ
Photo: Pexels
Valentine’s Day မှာ အပြင်မထွက်ဖြစ်တဲ့ စာဂျပိုးတွေအတွက်တော့ စာအုပ်ကောင်းကောင်းတွေ ဝယ်စုပြီး အိမ်မှာ ဇိမ်နဲ့ ဖတ်ဖို့ ညွှန်းချင်ပါတယ်။ စာဖတ်ခြင်းဟာ စိတ်ကို တည်ငြိမ်စေပြီး ပညာဗဟုသုတတိုးပွားကြောင်းလည်း ဖြစ်ပါတယ်။
(၅) ဘော်ဒါတွေနဲ့ တွေ့ဆုံပါ
Photo: Pexels
တစ်ခုရှိတာက Single Association အသင်းဝင်တွေပဲ တွေ့ဖို့ပါ။ နီးနီးနားနား ထိုင်လို့ကောင်းတဲ့ ဘားမှာ သွားပြီး ပျော်ပျော်ပါးပါး တစ်ညကို ကုန်ဆုံးစေတာပဲ ဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဖုန်းတွေ အသံတိတ်ထားဖို့နဲ့ အလွန်အကျွံ မသောက်ခဲ့ဖို့လည်း အကြံပြုချင်ပါတယ်။