iPhone တွေသည် တစ်နှစ်ကို စီးရီးတစ်မျိုးစီ ထွက်ရှိလာခဲ့တာ ယခုဆိုရင် iPhone 14 ထွက်ရှိလာတော့မဲ့အလှည့်သို့ ရောက်ရှိလာခဲ့ ပြန်ပါပြီ။ iPhone ကိုင်မဲ့သူတွေသည် သေချာတာကတော့ Flagship ဆန်ပြီး Luxury အထိအတွေ့မျိုး ခံစားချင်ကြတာဖြစ်တဲ့အပြင် အမိုက်စား Feature များကို ထည့်သွင်းစေချင်ကြမှာပါပဲ။

iPhone 14 စီးရီးထဲမှာတော့ ၆.၁ လက်မ ရှိတဲ့ Base iPhone ၊ ယခုနှစ်ထဲမှာမှ အမျိုးအစားသစ်တစ်ခု ထပ်တိုးထားတဲ့ ၆.၇ လက်မရှိသော iPhone Max ၊ ၆.၁ လက်မ Pro မော်ဒယ်နှင့် ၆.၇ လက်မရှိတဲ့ Pro Max မော်ဒယ်ဖြစ်ပါတယ်။

ထိုအမျိုးအစား (၄) မျိုးရှိတဲ့အနက်မှ iPhone 14 Pro မော်ဒယ်လေးကို ကိုင်ချင်ကြတဲ့ ကွီးတို့အနေနဲ့ သူတို့ဝယ်မဲ့ Flagship ဖုန်းထဲမှာ အသစ်ထပ်မံထည့်သွင်းစေချင်တဲ့ Feature အချို့ရှိပါတယ်။

ပိုပြီး အဆင့်မြင့်တဲ့ Megapixels များ

Flagship Feature

Photo: AppleInsider

iPhone 13 Pro ကတော့ ဖုန်းကင်မရာတွေထဲမှာ အကောင်းဆုံးလို့ ဆိုရမှာပါပဲ။ ဒါပေမဲ့ ပြီးပြည့်စုံမှုတော့ မရှိသေးပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ Image Resolution က ထင်သလောက် ပုံမလာလို့ပါပဲ။ Samsung Galaxy S22 Ultra က 108 MP နဲ့ ဓာတ်ပုံရိုက်ကူးနေချိန်မှာ 13 Pro ရဲ့ ကင်မရာဆင်ဆာကတော့ 12 MP ပဲ ရှိပါသေးတယ်။

Apple သည် ၂၀၁၅ ခုနှစ် iPhone 6s ထွက်ပြီးကတည်းက 12MP မှာပဲ ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် Apple ချစ်သူများသည် ဒီတစ်ခါ 14 Pro မှာတော့ 48 MP ဆင်ဆာလောက်ထိ သုံးစေချင်ပြီး Andriod Flagship ဖုန်းတွေကို အနိုင်ယူစေချင်နေပါပြီ။

တိုက်တေနီယမ်ကိုယ်ထည်

Flagship Feature

Photo: Mashable

ကိုယ်ထည်ပိုင်းနဲ့ ပတ်သက်လာပြန်ရင်လည်း ၂၀၁၇၊ iPhone X ထွက်ကတည်းက တောက်ပြောင်တဲ့ Stainless Steel Frame ကို သုံးခဲ့တာဖြစ်ပါတယ်။ Luxury ဆန်တဲ့ အထိအတွေ့ကို ခံစားရပေမဲ့ လက်ဗွေရာတွေ ကျန်ခဲ့တာကတော့ မမိုက်ပါဘူး။ ထိုအစား တိုက်တေနီယမ် ကိုယ်ထည်သာ အသုံးပြုမယ်ဆိုရင် လက်ဗွေရာလည်း ထင်မှာမဟုတ်ဘဲ အရင်ကထက်လည်း ပိုမိုပေါ့ပါးလာမှာ ဖြစ်ပါတယ်။

MagSafe 2

Flagship Feature

Wirless အားသွင်းတာနဲ့ ပတ်သက်ပြီး MagSafe က 15 W ရှိပြီး တော်တော်လေးကို အားသွင်းရတာမြန်ပါတယ်။ သို့သော် ၂၀၂၀ ၊ iPhone 12 စီးရီးထွက်ရှိကတည်းကဆိုတော့ သူ့ထက် ပိုမိုသစ်လွင်ပြီး နည်းပညာပိုမိုမြင့်မားတဲ့ MagSafe 2 ကို ထုတ်လုပ်စေချင်ပြီး 20 W အထိ သွားစေချင်နေကြပါတယ်။

ပိုမိုသေးငယ်တဲ့ Bezel

no more notch

Photo: iPhoneTricks.org

Notch အပေါက်လေးကတော့ ယခုချိန်ထိ ရှိနေဆဲပါပဲ။ iPhone 13 စီးရီးတွေထဲမှာတော့ Notch ကို ပိုသေးအောင် ဖန်တီးထုတ်လုပ်ထားပေမဲ့ အခုအချိန်မှာတော့ ဖျောက်လိုက်သင့်ပြီလို့ ယူဆနေကြပါတယ်။ ဒါ့အပြင် ခလုတ်လေးတွေကိုလည်း မရှိတော့ဘူးလို့ ထင်ရလောက်တဲ့အထိ ပိုသေးအောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Pro မော်ဒယ် ကိုင်ချင်ကြတဲ့ iPhone ချစ်သူတွေကတော့ အကောင်းစား Flagship ဖုန်းမျိုးကိုသာ ကိုင်ချင်ကြမှာဖြစ်ပြီး အထက်ဖော်ပြပါ Feature များ ထည့်သွင်းပေးဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။ ကွီးတို့ရော လာမဲ့ လပိုင်းအတွင်း ထွက်ရှိလာမယ့် iPhone 14 စီရီးထဲမှာ ဘယ်လိုအချက်မျိုးတွေကို ထည့်သွင်းစေချင်နေပါသလဲ။

Source: Makeuseof

Featured Image: Tom’s Guide