ရာသီပေါ် လိုက်ပြီး ပြောင်းလဲရမယ့် ဖက်ရှင်ပစ္စည်းတွေထဲမှာ ဖိနပ်တွေလည်း ပါပါတယ်။ အပူချိန်မြင့်တက်လာပြီး ပူအိုက်လှတဲ့ ရာသီမျိုးမှာ Shoes နဲ့ Sneakers တို့အစား Slipper နဲ့ Flip Flops လို ခြေညှပ်ဖိနပ်တွေဟာ အကောင်းဆုံး နဲ့ ရာသီနဲ့ အလိုက်ဖက်ဆုံးပါပဲ။

ခြေညှပ်တွေက လေဝင်လေထွက်ကောင်းလို့ ခြေချွေးထွက်တာ ၊ ခြေဆီထွက်တာ သက်သာပြီး ခြေထောက်အနံ့ဆိုး မဖြစ်စေနိုင်သလို စီးရတာ သက်တောင့်သက်သာ ရှိပြီး လွတ်လပ်ပေါ့ပါးလို့ ပူအိုက်တဲ့ ရာသီနဲ့ အတော်ကြီး အဆင်ပြေတဲ့ Footwear အဖြစ် လူတော်တော်များများ စီးလေ့ရှိပါတယ်။ ပုံမှန် Shoes တို့လို ဖိနပ်တွေထက် ဈေးလည်း အများကြီး သက်သာသလို အကြမ်းပတမ်းလည်း စီးနိုင်ပါတယ်။ ပုံစံမျိုးစုံ နဲ့ ထွက်လို့ ဒီဇိုင်းပေါ် လိုက်ပြီး ကိုယ့်ဖက်ရှင်ကို စိတ်ကြိုက်ဆင်နိုင်တဲ့ အားသာချက်လည်း ရှိပါတယ်။

Flip Flops တွေက ရာဘာသားနဲ့ လာတာ ရှိသလို လယ်သာနဲ့လည်း ထွက်ပါတယ်။ နှစ်မျိုးလုံးက အကြမ်းခံသလို Stylish လည်း ဖြစ်ပါတယ်။ ကမ်းခြေလို ရေနီးတဲ့နေရာမျိုးမှာ စီးမယ်ဆိုရင် ရာဘာသားက အကောင်းဆုံးပါပဲ။ အရောင်အနေနဲ့ ယောကျာ်းလေးတွေ အစီးအများဆုံးက အနက် ၊ မီးခိုးရောင်နဲ့ အညိုရောင်ဆန်ဆန် Shades တွေ ပါတဲ့ အရောင်မျိုးတွေ များပါတယ်။ နွေရာသီ Casual Wear ဝတ်မယ်ဆိုရင် Flip Flops တွေ စီးတာက အကောင်းဆုံးပါပဲ။ Brand အနေနဲ့ဆို အမျိုးသားစီးအတွက် နာမည်အကြီးဆုံးတံဆိပ်တွေကတော့ –

(၁) Havaianas

Havainas

Photo: dmarge

Havaianas က ဘရာဇီးအမှတ်တံဆိပ် Flip Flop Sandals ခြေညှပ်တွေ ဖြစ်ပြီး ၁၉၆၂ ခုနှစ်ကတည်းက ဈေးကွက်ထဲ ထိုးဖောက်ခဲ့တာပါ။ ရာဘာအောက်ခံ Sole နဲ့ လာပြီး တောက်ပစုံလင်တဲ့ နွေရာသီဆန်ဆန် ကာလာ ဒီဇိုင်းတွေကြောင့် ထင်ရှားပါတယ်။ Havaianas အမှတ်တံဆိပ် Flip Flops တွေ အကုန်လုံး ဘရာဇီးနိုင်ငံမှာပဲ ဒီဇိုင်းဆွဲ ထုတ်လုပ်ပါတယ်။

Havaianas တွေက အရောင်မျိုးစုံ ၊ Pattern ဒီဇိုင်းမျိုးစုံနဲ့ ထွက်ပါတယ်။ အောက်ခံကူရှင် ခြေနင်းက သက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါး လွတ်လပ်တဲ့ လှုပ်ရှားမှုအတွက် အထူးဒီဇိုင်း ထုတ်ထားတာ ဖြစ်ပါတယ်။ Havaianas ခြေညှပ်ဖိနပ်တွေက ဂျပန်ရိုးရာ အဝတ်ကောက်ရိုးဖိနပ် Zori ရဲ့ ဒီဇိုင်းမျိုး ယူသုံးထားပြီး ရာဘာသားနဲ့ ထုတ်လုပ်ပါတယ်။

ရိုးရှင်းသပ်ရပ်ပြီး ဈေးနှုန်းသက်သာတာကြောင့် Havaianas ခြေညှပ်တွေဟာ ဘရာဇီးအောက်ခြေလူတန်းစားအကြားမှာ အကြီးအကျယ် အောင်မြင်လာပါတယ်။ Havaianas ဖိနပ်တွေက ဘရာဇီးရာဘာခြေညှပ်ဖိနပ် ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကို လွှမ်းမိုးထားပါတယ်။ အချက်အလက်တွေအရဆို ဘရာဇီးနိုင်ငံသား ၃ ယောက်မှာ ၂ ယောက်က တစ်နှစ်ကို Havaianas ဖိနပ်တစ်ရံ ဝယ်စီးဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ခြေညှပ်ဖိနပ်‌ဈေးကွက်မှာလည်း Havaianas ထုတ် Flip Flops တွေ လူကြိုက်များနေပါတယ်။ တစ်နှစ်ကို Havaianas တံဆိပ် ခြေညှပ်ဖိနပ်ပေါင်း သန်း ၂၀၀ အထိ ရောင်းချရတယ်လို့ ဆိုပါတယ်။ Havaianas အမှတ်တံဆိပ်ကို ဘရာဇီး ထုတ်လုပ်ရေးကုမ္ပဏီ Alpargatas S.A က ပိုင်ဆိုင်ထားပါတယ်။

(၂) Sperry

Sperry

Photo: dmarge

Sperry ကို Sperry Top-Sider လို့လည်း ခေါ်ကြပါတယ်။ ၁၉၃၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ အမှတ်တံဆိပ်ဖြစ်ပြီး အမေရိကန်တီထွင်သူ ပေါလ် အေ စပါရီဆိုသူက တီထွင်ခဲ့တာ ဖြစ်ပါတယ်။ လက်မှုပညာရှင်တစ်ဦးဖြစ်တဲ့ စပါရီဟာ ကမ္ဘာ့ပထမဆုံး Boat Shoe ဖန်တီးသူတွေထဲက တစ်ဦး ဖြစ်ပြီး အမေရိကန်စတိုင်အခြေခံ Casual Footwear တွေ ဖန်တီးခဲ့ပါတယ်။

စပါရီ တည်ထောင်ခဲ့တဲ့ Sperry ကုမ္ပဏီဟာ အခု မက်ဆာချူးဆက်ပြည်နယ် ဝယ်လ်သမ်မှာ ရုံးစိုက်ပါတယ်။ ကမ္ဘာပေါ်က ထိပ်တန်း Branded Casual ၊ Active Lifestyle ၊ Work ၊ Outdoor Sport ၊ Uniform ဖိနပ် စတဲ့ Footwear ၊ Sportswear နဲ့ Sports Equipment တွေ ထုတ်တဲ့ Wolverine World Wide ရဲ့ အောက်မှာ ရှိပါတယ်။ Boat Shoes တွေအပြင် ခြေညှပ်ဖိနပ်တွေလည်း ထုတ်ပြီး အောင်မြင်မှုတွေ ရနေပါတယ်။

Sperry က ထုတ်တဲ့ Flip Flops တွေက Sporty ဆန်ပြီး ကမ်းခြေခရီးတွေ ထွက်ရာမှာ သယ်သွားသင့်တဲ့ ဖိနပ်တွေလို့ ဆိုနိုင်ပါတယ်။ အောက်ခံခုံက ခြေကုပ်အားကောင်းပြီး လမ်းလျှောက်လို့ကောင်းစေတဲ့ ကူရှင်နဲ့ Shock Absorption တို့နဲ့ ထုတ်ထားတာပါ။ ၂၀၂၁ ခုနှစ်ထဲမှာ Sperry ဟာ အမေရိကန်ပြည်ထောင်စုတလွှားမှာ Specialty Stores ၂ ခု နဲ့ Outlet Store ၄၀ ဖွင့်လှစ်ထားပါတယ်။

(၃) Adidas

Adidas

Photo: dmarge

ဂျာမန် အားကစားဝတ်စုံကုမ္ပဏီ Adidas ဟာ Nike ပြီးရင် ကမ္ဘာပေါ်မှာ အကြီးဆုံး Sportswear ထုတ်လုပ်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ဥရောပမှာတော့ Adidas ကို ယှဉ်နိုင်တဲ့ အားကစားကုမ္ပဏီ မရှိပါဘူး။ Adidas ကို ပရော်ဖက်ရှင်နယ် နဲ့ အပျော်တမ်း အားကစားသမား ဖက်ရှင်တွေ အဓိက ထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ် လူသိများပါတယ်။ တကယ်က ပရီမီယံ အားကစားအမှတ်တံဆိပ် ထုတ်ကုန်တွေ ထုတ်လုပ်တဲ့ Sportswear ကုမ္ပဏီဆိုပေမယ့် ကျား / မ မရွေး စီးနိုင်တဲ့ Flip Flops အမျိုးမျိုးလည်း ထုတ်ပါတယ်။

Sportswear ဘက်မှာ ထိပ်တန်းအမှတ်တံဆိပ် ဖြစ်တဲ့အတိုင်း Flip Flops တွေ ထုတ်လုပ်ရာမှာလည်း Adidas Brand တွေက နာမည်ကြီးပါတယ်။ Adidas ထုတ် Flip Flop တွေဟာ အကြမ်းခံပြီး စီးရတာ သက်တောင့်သက်သာရှိတယ်လို့ ကျော်ကြားပါတယ်။ ရေစို မိုးစိုတာတွေကို အမြန်ခြောက်သွေ့စေတဲ့ နည်းပညာနဲ့ လာပြီး ဒီဇိုင်းပိုင်းလည်း အတော်လေး အဆင့်အတန်းရှိပါတယ်။ တော်ရုံတန်ရုံကတော့ အဝတ်အစားကောင်းကောင်းနဲ့ တွဲစီးနိုင်မယ့် Flip Flops တွေပါပဲ။

(၄) Teva

Teva

Photo: dmarge

၁၉၈၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Teva အမှတ်တံဆိပ်ဟာ ပထမဆုံး Sport Sandal ထုတ်တဲ့ Footwear ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ Teva ကနေ ဖိနပ်မျိုးစုံ ထုတ်လာပြီး နာမည်ကျော်ပုဂ္ဂိုလ်တွေအကြားမှာ လူကြိုက်များတဲ့ Brand တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ Teva ကနေ ယောင်္ကျား မိန်းမစီး နှစ်မျိုးလုံး ထုတ်ပါတယ်။

၂၀၂၀ ပြည့်နှစ်ကစပြီး Recycled ပလတ်စတစ်တွေကနေ ဖိနပ်ပြန်ထုတ်လာပါတယ်။ ခြေညှပ်မကြိုက်သူတွေအတွက် ကြိုးသိုင်း Straps တွေနဲ့ လာပြီး နိုင်လွန်ကြိုးသိုင်းတွေ အများဆုံး သုံးပါတယ်။ Teva Sandals တွေက ဖက်ရှင်ကျလို့ အမေရိကန်လူငယ်ထုအကြားမှာ ရေပန်းစားပါတယ်။ ၂၀၀၂ ခုနှစ်မှာ Deckers Outdoor ကော်ပိုရေးရှင်းက Teva ရဲ့ မူပိုင်ခွင့် ၊ ကုန်အမှတ်တံဆိပ်နဲ့ ပိုင်ဆိုင်မှုတေါကို မာ့ခ် သက်ချာဆီက ဝယ်ယူခဲ့ပါတယ်။ လက်ရှိမှာတော့ Teva Sandals တွေကို တရုတ် ၊ ဗီယက်နမ် နဲ့ ကမ္ဘောဒီးယားတွေမှာ ထုတ်လုပ်နေပါတယ်။

(၅) Hari Mari

Hari Mari

Photo: dmarge

Hari Mari က ရိုးရှင်း သပ်ရပ်ပြီး ပေါ့ပါးတဲ့ အမျိုးသားစီး ခြေညှပ်ဖိနပ်ဒီဇိုင်းတွေ ထုတ်လုပ်ပါတယ်။ ဖဝါးခွက်အတွက် ထားတဲ့ ဖိနပ်အောက်ခံခုံက ဒီဇိုင်းဆန်းသလို ဆွဲဆောင်မှုလည်း ကောင်းပါတယ်။ Hari Mari တွေက ဈေးမြောက်ပါတယ်။ သုံးထားတဲ့ ပစ္စည်းတွေကလည်း Premium Materials တွေ ဖြစ်ပြီး ဒီဇိုင်းက ထိပ်တန်းအဆင့်မှာ ရှိလို့ အခုလို ဈေးကြီးတာပါ။

အရောင်စပ်ဟပ်မှု ဆန်းသစ်ပြီး တောက်ပတဲ့ ကာလာ Pops တွေ ၊ အဆင့်အတန်းရှိတဲ့ Textures ဒီဇိုင်းတွေနဲ့ လာပါတယ်။ တကယ်လို့ အကောင်းစား Flip Flop ရှာနေပြီး ဈေးလည်း သိပ်ပြီး မမှုတဲ့သူမျိုးဆိုရင် Hari Mari Brand ကလည်း အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။

Featured Photo : Hari Mari