လုံလောက်တဲ့ငွေ ရမယ်ဆိုရင် မက်ဂရီဂေါနဲ့ ထပ်ထိုးဖို့ဆန္ဒရှိတယ်လို့ ဖလိုက်မေဝဲလ်သာက ပြောဆိုလိုက်ပါတယ်။ မေဝဲလ်သာဟာ ၂၀၁၇ ခုနှစ်မှာ မက်ဂရီဂေါနဲ့ ထိုးသတ်ခဲ့ပြီး ဒီပွဲကနေ ‌ပေါင် သန်း ၂၀၀ လောက် ရရှိခဲ့ပါတယ်။

သတင်းထောက်တစ်ယောက်ကို မေဝဲလ်သာကို မက်ဂရီဂေါနဲ့ ပြန်လည်ထိုးသတ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ “ငါလိုချင်တဲ့ ပိုက်ဆံပမာဏရမယ်ဆိုရင် ငါ ထပ်ထိုးဦးမှာပဲ။ ငါက ပိုက်ဆံရမှ အလုပ်လုပ်တာ။ သူတို့ပေးတဲ့ပိုက်ဆံကို ငါ ယူတယ်၊ အဲဒါနဲ့ထိုက်တန်တဲ့ ဇာတ်လမ်းတပုဒ်ကို ငါ ဖန်တီးပေးတယ် ဒါပဲ” လို့ ပြန်ဖြေခဲ့ပါတယ်။

Source: The New York Times

အသက် ၄၃ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ အမေရီကန်ဘောက်စင် ဖိုက်တာ မေဝဲလ်သာဟာ ကစားသမားဘဝ ပွဲ ၅၀ ထိုးသတ်ခဲ့ပြီး ရှုံးပွဲလုံးဝမရှိသေပဲ ပွဲ (၅၀) စလုံးအနိူင်ရအောင် ထိုးသတ်ထားနိူင်ခဲ့သူလည်းဖြစ်ပါတယ်။

မက်ဂရီဂေါနဲ့ ထိုးသတ်အပြီး ကြိုးဝိုင်းဘဝမှ အနားယူပြီဟုကြေညာခဲ့ပေမဲ့ မေဝဲလ်သာဟာ ၂၀၁၈ ခုနှစ်မှာ ဂျပန် ကစ်ဘောက်ဆာသမား တန်ရှင်နာ ဆူကာဝါနဲ့ သရုပ်ပြပွဲထိုးသတ်ခဲ့ပါသေးတယ်။

Source: Essentially Sports

မေဝဲလ်သာ‌က ၂၀၂၀ ပြည့်နှစ် UFC အခမ်းအနားတစ်ခုမှာ ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်ဖို့ ရှိတယ်လို့ ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။

အခြားတစ်ဖက်မှာ မက်ဂရီဂေါဟာလည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ခါဘစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် ဇန်နဝါရီလမှာ အမေရိကန် ကစားသမား ဒေါ်နယ်ကာရုန်းနဲ့ ထိုးသတ်ခဲ့ပြီး ပထမအချီမှာတင် အလဲထိုးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မက်ဂရီဂေါဟာ မေဝဲလ်သာထက်စာရင် ခါဘစ်ကို ရှုံးကြွေးဆပ်ဖို့ ပိုမိုစိတ်အားထက်သန်နေတယ်လို့ UFC အကြီးအကဲ ဝှိုက်က ပြောပါတယ်။

Source: Casino.org

မေဝဲလ်သာဟာ မက်ဂရီဂေါကို အနိူင်ရခဲ့တဲ့ ပွဲစဉ်မျာ သူ့အနေနဲ့ ထွေထွေထူးထူး ပြင်ဆင်ခဲ့ရတာ မရှိဘူးလို့ ပြောဆိုခဲ့ပါသေးတယ်။ ဘာပဲပြောပြော ၂၀၂၀ ခုနှစ်မှာ သူတို့နှစ်ယောက်ကို ကြိုးဝိုင်းထဲမှာ ပြန်တွေ့ရဖို့ ပရိသတ်တွေအနေနဲ့ စိတ်လှုပ်ရှားနေကြမယ်ထင်ပါတယ်။