ခံတွင်းနံ့ဆိုးတာကို ဖြေရှင်းဖို့ သွားဆရာဝန်တွေက သင့်ကို တစ်နေ့ နှစ်ကြိမ် သွားတိုက်တာ ၊ နေ့တိုင်း သွားပွတ်ကြိုး Floss သုံးပြီး သန့်ရှင်းတာ နဲ့ ခံတွင်းနံ့ဆိုးမယ့် အစားအသောက်တွေ ရှောင်ကြဉ်တာ လုပ်ဖို့ အကြံပေးပါလိမ့်မယ်။ ဒီအချက်အပြင် ခံတွင်းနံ့ဆိုးတာကို ဖြေရှင်းနိုင်တဲ့ အစားအသောက်တွေလည်း စားပေးဖို့ လိုပါတယ်။

(၁) နံနံပင်

Parsley

Photo; Unsplash

ဟင်းခတ်အမွှေးအကြိုင်ပင်တစ်မျိုး ဖြစ်တဲ့ နံနံပင်ကို ရှေးကတည်းက ခံတွင်းနံ့ဆိုးတာကို နိုင်တဲ့ သဘာဝဆေးမြီးတိုအဖြစ် သုံးလာခဲ့တာပါ။ နံနံပင်မှာ ဘက်တီးရီးယားတွေ သတ်နိုင်စွမ်းရှိတဲ့ Chlorophyll ပါရှိတယ်လို့ ဆိုပါတယ်။ ကလိုရိုဖီးဟာ ဆာလ်ဖာထွက်တဲ့ အနုဇီဝပိုးတွေကို သတ်နိုင်စွမ်းရှိပါတယ်။ ဒီလို ပိုးတွေက ခံတွင်းနံ့ဆိုးစေလို့ ဖြစ်ပါတယ်။

(၂) Green Tea

Green Tea

Photo; Unsplash

Green Tea က ခံတွင်းနံ့ဆိုးတာ နိုင်ကြောင်း သုတေသနနဲ့ လေ့လာမှုတွေက ဆိုထားပါတယ်။ Green Tea မှာ ပါတဲ့ ပိုလီဖီနောဆိုတဲ့ ဓါတ်တိုးဆန့်ကျင်နိုင်တဲ့ ဓါတ်ဟာ ပါးစပ်ထဲက ဆာလ်ဖာဒြပ်ပေါင်း ထွက်မှုကို ဖယ်ရှားနိုင်ပါတယ်။ ဒီလို ခံတွင်းနံ့မဆိုးအောင် ထိန်းပေးတဲ့ သက်ရောက်မှုက ယာယီပဲ ဆိုပေမယ့် Green Tea က ကျန်းမာရေးအကျိုးများတဲ့ သောက်စရာဖြစ်လို့ နောင်တရစရာတော့ မရှိပါဘူး။

(၃) ဒိန်ချဉ်

Yogurt

Photo; Unsplash

နို့ကနေ အချဉ်ဖောက်ထားတဲ့ ဒိန်ချဉ်မှာ ကျန်းမာရေးအကျိုးပြုတဲ့ ဘက်တီးရီးယားနဲ့ တဆေးတွေ ပါရှိပါတယ်။ ဒိန်ချဉ်ဟာ ခံတွင်းအနံ့ဆိုးတာကို သတ်နိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ သုတေသနတွေက ဖော်ထုတ်တွေ့ရှိထားပါတယ်။ ၂၀၀၅ ခုနှစ်က လေ့လာမှုတစ်ခုအရ အချိုဓါတ်မပါတဲ့ Plain ဒိန်ချဉ်ကို ၆ ပတ်ကြာ သောက်စေတဲ့ လူတွေမှာ ခံတွင်းထဲ ဆာလ်ဖာဒြပ်ပေါင်း Level သိသိသာသာ ကျဆင်းလာတယ်လို့ ဆိုပါတယ်။

(၄) အချဉ်ဓါတ်ပါတဲ့ အသီးတွေ

Tangerines

Photo; Unsplash

ဗိုက်တာမင်စီဟာ ခံတွင်းထဲက မကောင်းတဲ့ ဘက်တီးရီးယားပေါက်ပွားမှုကို လျှော့ချနိုင်ပါတယ်။ ဒါကြောင့် အချဉ်ဓါတ်ပါပြီး ဗိုက်တာမင်စီ ကြွယ်ဝတဲ့ လိမ္မော် ၊ ကဗ္ဗလာ ၊ ဘယ်ရီ ၊ သခွား နဲ့ ပန်းပွင့်စိမ်း စတဲ့ သစ်သီးတွေ စားပေးတာကလည်း ခံတွင်းနံ့ဆိုးတာ သက်သာစေနိုင်ပါတယ်။