ပင်ပန်းနွမ်းနယ်ခြင်းဆိုတာက လူတိုင်းကြုံနေရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်းမှာ မောပန်းခြင်း၊ အားအင်ကုန်ခမ်းခြင်းနှင့် ထိုင်းမှိုင်းလေးကန်ခြင်းတို့ ပါဝင်ပါသည်။ သင်ပင်ပန်းနေသော အခါတွင် သင့်မှာ နောက်ထပ် ခွန်အားနဲ့ လုပ်နိုင်စွမ်းအား မရှိတော့ခြင်း၊ ကုန်ခမ်းသွားခြင်း ဖြစ်သည်။

ဒီနေ့တော့ kwee page ကပင်ပန်းနွမ်းနယ်ခြင်းကို တိုက်ထုတ်ပေးနိူင်မယ့် အစားအစာတွေအကြောင်း ပြောပြပေးသွားမှာပါ။

ဥအမျိုးမျိုး

Source: Medical News Today

ဥများမှာ သံဓါတ်၊ ဇင့်ဓါတ် နဲ့ အသားဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ ဥများကို ပုံစံမျိုးစုံနဲ့ ထည့်သွင်းစားသုံးခြင်းက ကြွက်သားတည်ဆောက်ရာမှာ ကူညီရုံသာမက ခွန်အားဆက်လက်ပြည့်ဝနေအောင် ထိန်းသိမ်းရာတွင်လည်း ကူညီပေးပါတယ်။ ဥတွင်ပါဝင်သော ဗီတာမင် ဘီ သည် ခန္ဓာကိုယ်မှ စွမ်းအင်ထုတ်လုပ်မှုကို ထောက်ပံ့ပေးပါတယ်။

Oatmeal (အုတ်ဂျုံ)

Source: Medical News Today

မနက်ပိုင်း အားအင်လျော့နည်းနေတယ်လို့ ခံစားရတယ်ဆိုလျှင် အုတ်ဂျုံ တစ်ခွက် စားသုံးလိုက်ခြင်းက အကြံဉာဏ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အုတ်ဂျုံသည် ခန္ဓာကိုယ်မှာ သိုလှောင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ အရည်အသွေးတူသော ကာဗိုဟိုက်ဒရိတ်များ ပါရှိပြီး ဦးနှောက်နဲ့ ကြွက်သားအတွက် စွမ်းအင်လောင်စာ ဖြည့်တင်းပေးသည်။

ပဲအမျိုးမျိုး

Source: NomNomGang

ပဲသည် အစားအစာများထဲတွင် စွမ်းအင်ဖြည့်တင်းပေးသော အဓိက ရင်းမြစ်တစ်ခုပင်ဖြစ်သည်။ ဘာလို့လဲဆိုတော့ ပဲမှာ အသားဓါတ်၊ အမျှင်ဓါတ်နှင့် ကာဗိုဟိုက်ဒရိတ်ဓါတ်များစွာ ပါဝင်သောကြောင့်ဖြစ်သည်။

အခွံမာသီးများ

Source: Healthline

အသားဓါတ်နှင့် အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်သော နောက်ထပ် ရင်းမြစ်တစ်ခုသည် အခွံမာသီး အမျိုးမျိုး ဖြစ်ပါတယ်။ အခွံမာသီးများသည် သင် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးချိန်တွင် စွမ်းအင်ပြန်လည်ဖြည့်တင်းဖို့အတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။ အားကစားလုပ်ပြီးချိန် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော (ပိုတက်ဆီယမ်၊ ဆိုဒီယမ်ကဲ့သို့သော)  ဓါတ်များ ပြန်လည်ဖြည့်တင်းဖို့အတွက် အစိမ်းဖျော့ရောင် အခွံမာသီးတစ်မျိုးဖြစ်သည့် ပီစတာချီအို (pistachio) စားသုံးသင့်ပါတယ်။ ၎င်းကို စားသုံးခြင်းသည် ပင်ပန်းနွမ်းနယ်ခြင်းကို သက်သာစေရုံသာမက မဂ္ဂနီဆီယမ်ဓါတ်ကိုလည်း ရရှိစေပါတယ်။