ကျောက်ကပ်ဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရှိသမျှ အဆိပ်အသောက်တွေကို ဖယ်ရှားပေးရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ဟာ လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။
ဒီနေ့ kwee page က ကျောက်ကပ် ကျန်းမာရေးအတွက် စားပေးသင့်သော အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။
စတော်ဘယ်ရီ
Source: Healthline
စတော်ဘယ်ရီမှာ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် ကျောက်ကပ်အတွက် စားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာပါဝင်နေတာပါ။ ပြီးတော့ စတော်ဘယ်ရီမှာပါဝင်တဲ့ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်တွေလည်း ပါရှိပါတယ်။
Omega-3 Fatty Acids
Source: Feed Strategy
Omega-3 Fatty Acids တွေကို ပင်လယ်ငါး တွေဆီကနေ ရရှိနိုင်တယ်။ အကျိုးပြုအဆီဓာတ် လို့ ခေါ်တဲ့ Omega-3 Fatty Acids က အာရုံကြောစနစ်ရဲ့ ဆဲလ်တွေတည်ဆောက်တဲ့နေရာမှာ အဓိကနေရာကနေ ပါဝင်နေပြီး ခုခံအားစနစ်ကိုအားကောင်းစေပါတယ်။ အစားအသောက်တွေဆီကနေ လိုအပ်တဲ့အာဟာရတွေ စုပ်ယူတဲ့နေရာမှာ အကူအညီပေးပြီး ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။
ကိုက်လန်
Source: The Guardian
ကိုက်လန်မှာ ဗီတာမင် အေ၊ ဗီတာမင် စီ ၊ ဗီတာမင် ကေ နဲ့ ကယ်လ်စီယမ်အပါအဝင် အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ အစားအစာထဲမှာ ကိုက်လန်လည်းအပါအဝင်ဖြစ်ပါတယ်။
ကန်စွန်းဥ
Source: Chicago Sun-Times
ကန်စွန်းဥ မှာ ဗီတာမင် အေနဲ့ ဗီတာမင် စီ တွေအပြင် ပိုတက်စီယမ် လည်း ပါဝင်သလို အမျှင်ဓာတ်လည်း ပါဝင်မှုလည်းများပါတယ်။ ပိုတက်စီယမ် အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးပြီး ကျောက်ကပ်အပေါ် သက်ရောက်မှု လျော့နည်းအောင် ကူညီပေးပါတယ်။
ရောဂါဆိုတာ ဖြစ်ပြီးမှကုသတာထက် မဖြစ်ခင် ကာကွယ်ခြင်းက ပိုပြီးထိရောက်ပါတယ်။ ဒါ့ကြောင့် မိမိနေ့စဉ်စားမယ့် ဟင်းခွက်တွေထဲမှာ အာဟာရဓာက်ကြွယ်ဝတဲ့ အစားအသောက်တွေ ပါဝင်နေဖို့က အရေးကြီးပါတယ်။