ကိုယ့်ရဲ့ပြင်းလွန်းတဲ့ချွေးနံ့ကြောင့် စိတ်ထဲ သက်သောင့်သက်သာမခံစားရတဲ့အပြင် မိမိကိုယ်ကိုယ် ယုံကြည်မှုပါ ကျဆင်းနေသလို ခံစားနေရပါသလား။ ကျွန်တော်တို့ရဲ့ကိုယ်သင်းရနံ့များသည် မျိုးရိုးဗီဇပေါ်မှာလည်း မူတည်နေသလို ကျွန်တော်တို့ စားသုံးတဲ့အစားအစာများ နေထိုင်မှုပုံစံများကြောင့်လည်း ကိုယ်သင်းရနံ့အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။

ကိုယ်သင်းရနံ့ သင်းပျံ့ချင်တဲ့ ယောကျာ်းများအတွက် ဘယ်လိုအစားအစာများသည် ကိုယ်သင်းရနံ့ကောင်းမွန်စေပြီး ဘယ်အစားအစာများက ခန္ဓာကိုယ်အနံ့အသက်ကို ဆိုးဝါးစေသလဲဆိုတာ ဝေမျှပေးလိုက်ရပါတယ်။

နွားနို့နှင့် ဒိန်ချဉ်

food for men who want to smell good

ဒိန်ချဉ်ထဲမှာပါဝင်တဲ့ ဗီတာမင်ဒီသည် ခံတွင်းထဲရှိ ဘက်တီးရီးယားများကို သေစေတာကြောင့် ခံတွင်းရနံ့မွှေးပျံ့စေပေမယ့် နွားနို့ထဲမှာပါဝင်တဲ့ Choline ဓာတ်ကတော့ ခန္ဓာကိုယ်ရနံ့ကို ဆိုးရွားစေပါတယ်။

Herbal လက်ဖက်ရည်နှင့် ကော်ဖီ

food for men who want to smell good

Herbal လက်ဖက်ရည်ထဲတွင် Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ပုံမှန်သောက်သုံးပေးပါက ကိုယ်သင်းရနံ့သင်းပျံ့စေပါတယ်။ ကော်ဖီထဲမှာတော့ ကာဖိန်းဓာတ်များ ပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ရနံ့ ဆိုးစေပါတယ်။

ပန်းသီးနှင့် ပန်းဂေါ်ဖီ

food for men who want to smell good

ပန်းသီးထဲမှာပါဝင်တဲ့ သဘာဝအစွန်းချွတ်ဂုဏ်သတ္တိများသည် ခံတွင်းရနံ့ဆိုးများကို ဖယ်ရှားပေးပြီး ပန်းဂေါ်ဖီထဲမှာပါဝင်တဲ့ Choline ဓာတ်ကတော့ ခန္ဓာကိုယ်ရနံ့ပြင်းစေပါတယ်။

ရွှေဖရုံသီးနှင့် အချဉ်ဓာတ်ကြွယ်ဝသော သစ်သီးများ

food for men who want to smell good

အချဉ်ဓာတ်ကြွယ်ဝသော သစ်သီးများသည် ခန္ဓာကိုယ်ရှိ အနံ့အသက်ဆိုးများကို ဖယ်ရှားပေးတာကြောင့် ကိုယ်သင်းရနံ့လေး သင်းပျံ့နေမှာပါ။ ဒါပေမဲ့ ရွှေဖရုံသီးကတော့ ခန္ဓာကိုယ်ရနံ့ကို ဆိုးရွားစေပါတယ်။

အဖြူရောင်အဆင်းရှိသော ငါးနှင့် အနီရောင်ရှိသော အသားများ

food for men who want to smell good

လေ့လာတွေ့ရှိချက်တစ်ခုအရ အနီရောင်အသားများကို ရှောင်ကာ အဖြူရောင်ငါးများကို နှစ်ပတ်တိတိ စားသုံခြင်းသည် အနီရောင်အသားများကို စားသုံးသူတွေထက် ဆွဲဆောင်မှုပိုတိုးပြီး ကိုယ်သင်းရနံ့ ပိုမိုသင်းပျံ့တာကို လေ့လာတွေ့ရှိရပါတယ်။

သင်ရော အခုဖော်ပြသွားတဲ့အစားအစာများထဲကမှ ဘယ်အစားအစာကို အများဆုံးစားဖြစ်ပါသလဲ။

Source: Brightside.me

Featured Image Source: Prime.sg