ကျွန်တော်တို့လူသားများရဲ့အချိန်နာရီကို နှေးနှေးလေးသွားအောင် လုပ်ဆောင်လို့မရပေမယ့် ကိုယ့်မျက်နှာအသားအရေရဲ့အိုမင်းရင့်ရော်မှုကိုတော့ နှေးကွေးအောင် ပြုလုပ်နိုင်ပါတယ်။

အသက်အရွယ်နဲ့ မလိုက်အောင် နုလိုက်တာ၊ ရင့်လိုက်တာ စတဲ့ စကားတွေကို ကြားရခြင်းသည် သင့်ရဲ့နေထိုင်ပြုမူပုံများနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေပါတယ်။

သင်သည် အိပ်ရေးဝဝ အိပ်စက်အနားယူမယ်၊ အဆီအဆိမ့်တွေရှောင်မယ်၊ ကျန်းမာရေးနဲ့ ညီညွှတ်မျှတစွာ စားသုံးမယ်ဆိုရင်တော့ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းကို တားဆီးနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အစားအစာများ လျော့စားခြင်း (သို့) ရှောင်ကြဉ်ခြင်းအားဖြင့် အရေးအကြောင်းများ၊ ပါးရေတွန့်ခြင်းတို့ကို ဟန့်တားနိုင်ပါတယ်။

အဆီအဆိမ့်များလွန်းသော အစားအစာများကို ရှောင်ကြဉ်ပါ

food for men to avoid

ဆီများများနဲ့ ထည့်ကြော်ထားတဲ့ အစားအစာတွေအစား သဘာဝဆီများ ကြွယ်ဝစွာပါဝင်တဲ့အစားအစာများကို များများမှီဝဲစားသုံးပါ။ ဆော်လမွန်ငါး၊ ထောပတ်သီး၊ အယ်လ်မွန်သီး၊ အစိမ်းရင့်ရောင်အသီး၊ အုန်းဆီ၊ Omega-3 ကြွယ်ဝတဲ့ ဥအမျိုးမျိုး စတဲ့ သဘာဝအဆီတွေကို မှီဝဲစားသောက်ခြင်းက သင့်ကျန်းမာရေးအတွက်ရော အသားအရေအလှအပအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။

အငန်ဓာတ်များလွန်းသော အစားအစာများကို ရှောင်ကြဉ်ပါ

food for men to avoid

ဟင်းချက်တဲ့အခါ စားများများထည့်ချက်ခြင်းတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ ဒိန်ခဲ၊ ပီဇာ၊ အာလူးချောင်းကြော် စတဲ့အစားအစာများသည်လည်း အငန်ဓာတ်လွန်ကဲတဲ့အတွက်ကြောင့် အသားအရေနုပျိုချင်တဲ့ယောကျာ်းများအနေနဲ့ ရှောင်ကြဉ်သင့်ပါတယ်။

အငန်ဓာတ် လွန်ကဲပါက သင်သည် ရေအရမ်းငတ်သလိုခံစားရမှာဖြစ်ပြီး ထိုအချက်သည် သင် ရေဓာတ်ခမ်းခြောက်ခြင်းရဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ သင့်မျက်နှာကို ဖောရောင်စေကာ ပါးရေတွန့်ခြင်းကို အလျင်အမြန်ဖြစ်ပေါ်စေပါတယ်။

အချိုဓာတ်ကဲလွန်းသော အစားအစာများ ရှောင်ကြဉ်ပါ

food for men to avoid

ကိုယ်အလေးချိန်တက်ခြင်း၊ အရေးအကြောင်းများဖြစ်ပေါ်စေခြင်း၊ အသားအရေတွဲကျခြင်းတို့ကို ဖြစ်ပေါ်စေတဲ့တရားခံကတော့ သကြားပဲဖြစ်ပါတယ်။ သကြားအလွန်အကျွံစားသုံးခြင်းက သင့်အသားအရေရဲ့ Collagen ဓာတ်ကို ပျက်စီးစေပြီး အသားအရေတင်းရင်းမှုကို လျော့ကျစေပါတယ်။

ဝိုင် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ

food for men to avoid

တစ်နေ့လျှင် ဝိုင်တစ်ခွက်သောက်သုံးခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ သို့သော် တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်းပဲ သာမန်ပမာဏထက်ကျော်လွန်ပြီး အလွန်အကျွံ သောက်သုံးတဲ့အခါ သင့်အသည်းကို ပျက်စီးစေပါလိမ့်မယ်။

သင့်အသည်း ပျက်စီးသွားတဲ့အခါ ခန္ဓာကိုယ်ရှိအညစ်အကြေးနဲ့ အဆိပ်အတောက်များကို ကောင်းစွာမစစ်ထုတ်နိုင်တော့ဘဲ အသားအရေတင်းရင်းမှုလျော့ကျခြင်း၊ ဝက်ခြံပေါက်ခြင်း၊ အရေးအကြောင်းဖြစ်ပေါ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

ဓာတုပစ္စည်းများနှင့် ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့အစားအစာများ

food for men to avoid

အစားအစာများကို ကြာရှည်ခံဖို့ရန်အတွက် ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းများနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ထိုကြာရှည်ခံအစားအစာများ အလွန်အကျွံ စားသုံးမိပါက သင့်ခန္ဓာကိုယ်ထဲတွင် အစားအစာများမှ ရရှိတဲ့ ဗီတာမင်စီဓာတ်ကို ကြာရှည်ခံအစားအစာများက စုပ်ယူလိုက်မှာဖြစ်ပြီး သင့်ရဲ့အသားအရေတင်းရင်းလှပမှုကို လျော့ကျစေပါတယ်။

Source: Eatthis.com

Featured Image Source: Mafficlinics.com