စားသောက်မှုပုံစံ မမှန်ကန်ခြင်းသည် လူအများရဲ့ကျန်းမာရေးကို တမဟုတ်ချင်း ပြောင်းလဲပစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ ငန်လွန်းသော အစားအစာများ စားသုံးခြင်းတို့သည် သွေးတိုးရောဂါ ခံစားရခြင်းရဲ့အဓိကတရားခံတွေပါပဲ။

သွေးတိုးရောဂါကို ရောဂါနုနေစဉ်အချိန်ကတည်းက ဘာ့ကြောင့်ဂရုစိုက်သင့်သလဲဆိုရင် သွေးတိုးရောဂါသည် အချိန်တဖြည်းဖြည်းကြာလာသည်နှင့်အမျှ နှလုံးရောဂါနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့အဖြစ် ပြောင်းလဲသွားနိုင်လို့ပါပဲ။

သွေးတိုးရောဂါကို ဆေးဖြင့် ထိန်းချုပ်လို့လည်း ရနိုင်သလို အစားအသောက်ဖြင့်လည်း ထိန်းချုပ်လို့ရပါတယ်။ ဆေးကို အရမ်းကြီး မမှီဝဲချင်ဘူး ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝအစားအစာများနဲ့သာ သွေးပေါင်ချိန် ထိန်းညှိချင်တဲ့ ယောကျာ်းများအတွက် အစားအစာတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

အချဉ်ဓာတ် ကြွယ်ဝသောအစားအစာများ

food for  men who want to control hypertension

လိမ္မော်သီး၊ သံပုယိုသီးတို့သည် အချဉ်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် သွေးတိုးရောဂါအတွက် အစွမ်းထက်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပါ။ ဒါ့အပြင် သူတို့ထဲမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက နှလုံးရောဂါဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ဘယ်ရီသီးများ

 

food for  men who want to control hypertension

ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးများ၊ ရက်စ်ဘယ်ရီသီးများထဲတွင် ပါဝင်တဲ့ Anthocyanins ဓာတ်သည် သွေးတိုးရောဂါကို လျော့ချပေးနိုင်ပါတယ်။

မုန်လာဥနီ

food for  men who want to control hypertension

လေ့လာတွေ့ရှိချက်များအရ မုန်လာဥနီကို ကြော်ပဲစားစား ပြုတ်ပဲစားစား ဘယ်လိုနည်းလမ်းနဲ့ စားသုံးနေပါစေ မုန်လာဥနီသည် ကျန်းမာရေးအတွက် အကျိုးများစွာဖြစ်စေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။

ခရမ်းချဉ်သီး

food for  men who want to control hypertension

ခရမ်းချဉ်သီးသည်လည်း အာဟာရဓာတ် အင်မတန်ပေါကြွယ်ဝပြီး နှလုံးရောဂါနှင့် သွေးတိုးရောဂါ ခံစားရခြင်းကို သက်သာစေပါတယ်။

ဟင်းနုနွယ်

food for  men who want to control hypertension

ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး ဟင်းသီးဟင်းရွက်လို့ ပြောလိုက်တဲ့အခါ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များကိုသာ ပြေးမြင်မိကြပါလိမ့်မယ်။ အစိမ်းရင့်ရောင် ဟင်းနုနွယ်သည် ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်တို့ ပေါကြွယ်ဝတဲ့အတွက်ကြောင့် သွေးတိုးခြင်းကို လျော့ချပေးနိုင်ပါတယ်။

ငှက်ပျောသီး

food for  men who want to control hypertension

သွေးတိုးရောဂါကို ထိန်းချုပ်တဲ့နေရာမှာ ပိုတက်စီယမ်လို့ခေါ်တဲ့ သတ္တုဓာတ်သည် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ငှက်ပျောသီးသည်လည်း ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် သွေးတိုးသမားများအတွက် ဦးစားပေး စားသုံးသင့်တ့အစားအစာတစ်ခုဖြစ်ပါတယ်။

ထိုအစားအစာများအပြင် ပန်းဂေါ်ဖီစိမ်း၊ အစေ့အဆံများ၊ အုတ်ဂျုံနှင့် သကြားမုန်လာတို့ကိုလည်း များများစားသုံးပေးပါက သွေးတိုးရောဂါကို သက်သာပျောက်ကင်းစေပါလိမ့်မယ်။

Source: Thefitindian.com