ဒီရက်ပိုင်းအပူချိန်က ၃၇ ဒီဂရီစင်တီဂရိတ်နဲ့ ၄၀ ဒီဂရီစင်တီဂရိတ်ကြား ရှိနေပါတယ်။ ဒီလိုတဟုန်ထိုးမြင့်တက်လာတဲ့ အပူချိန်ကြောင့် နေပူထဲ သွားလာလှုပ်ရှားနေရသူတွေအတွက် ခေါင်းကိုက်ခြင်း၊ ချွေးထွက်များခြင်း၊ သွေးဖိအာမြင့်တက်ခြင်းစတဲ့ရောဂါလက္ခဏာတွေ ကြုံတွေ့ခံစားရနိုင်ပါတယ်။ဒါကြောင့် ဒီလိုပူပြင်းလှတဲ့နွေရာသီဒဏ်ကြောင့် ဖြစ်ပေါ်လာမယ့် ရောဂါဝေဒနာတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်မယ့် အစားအစာလေးတွေအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) ဖရဲသီး

Source : Hindustan Times

အရည်ရွှမ်းတဲ့ အသီးတစ်မျိုးကိုပြောပါဆိုရင် ဖရဲသီးကို လူတိုင်းသတိရမိကြမယ် ထင်ပါတယ်။ ဖရဲသီးဟာ ရေဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဟာရဓာတ်တွေကိုလည်း ဖြည့်တင်းပေးပြီး အသားအရေစိုပြေလှပစေပါတယ်။ စားလိုက်တဲ့အချိန်မှာလည်း ရင်အေးစေတာကြောင့် နွေရာသီအတွက် အကောင်းဆုံး သဘာဝအသီးတစ်မျိုးဖြစ်ပါတယ်။

(၂) ဆန်းကစ်သီး

Source : Sunkist Growers

ဆန်းကစ်သီးဟာ ဗီတာမင်စီဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အမျှင်ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ သံဓာတ် စတဲ့အဟာရဓာတ် များစွာပါဝင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် လန်းဆန်းခေါင်းကြည်စေမှာဖြစ်ပါတယ်။ ဖျော်ရည်ပဲလုပ်သောက်သောက် အသီးအတိုင်းပဲစားစား အဆင်ပြေပါတယ်။

(၃) သခွားသီး

Source : Rural Messenger

သခွားသီးဟာလည်း ဖရဲသီးနည်းတူ ရေဓါတ်ကြွယ်ဝစွာ ပါဝင်တာ အားလုံးသိကြမယ် ထင်ပါတယ်။ သခွားသီးမှာ ရေဓာတ်နဲ့ အမျှင်ဓာတ်များကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ပမာဏကို ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်နှလုံးအားကောင်းစေပြီး ကိုယ်တွင်းကိုလက်စထရောပမာဏကို လျော့ချပေးနိုင်ပါတယ်။

(၄) Green Tea

Source : 9Coach – Nine

နေပူပူမှာ Green Tea အေးအေးလေးတစ်ခွက်သောက်လိုက် ရင်အမောပြေသွားတဲ့ခံစားမှုမျိုး အားလုံးကြုံဖူးကြမယ်ထင်ပါတယ်။ Green Tea ဟာ နှလုံးခုန်နှုန်းကို အားကောင်းစေတဲ့ အပြင် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်များအတွက် အထူးကောင်းမွန်ပါတယ်။ ဒါကြောင့် နေပူထဲသွားလာရလို့ မောပန်းနေရင်တော့ Green Tea တစ်ခွက်သာ သောက်သုံးလိုက်ပါ။