အမျိုးသားတစ်ယောက် ကျန်းမာစေဖို့ စားသုံးရတဲ့ အစားအစာတွေက အမျိုးသမီးတွေနဲ့ မတူနိုင်ပါဘူး။ အများစုက တူနိုင်ပေမယ့် မတူကွဲပြားတာတွေ ရှိနိုင်ပါတယ်။ ဒီနေ့ kwee page ကအမျိုးသားတိုင်း စားသုံးပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။

အနက်ရောင် ချောကလက်

Source: Medical News Today

ချောကလက်မှာ ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အာနိသင်များစွာ ပါဝင်နေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးစီးဆင်းမှု ကောင်းစေပြီး သွေးတွင်း ကိုလက်စထရော ကျဆင်းစေနိုင်ပါတယ်။

ထောပတ်သီး

Source: Medical News Today

ထောပတ်သီးက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တဲ့ အစားအစာ တစ်ခုပါ။ ထောပတ်သီးက အကျိုးပြု ကိုလက်စထရော ပမာဏကို မြင့်တက်စေပြီး အကျိုးမပြု ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ omega 3 fatty acid ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ချယ်ရီသီး

Source: Medical News Today

ချယ်ရီသီးမှာပါတဲ့ဓာတ်တွေက နာကျင် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဂေါက်ရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျိုးသားတစ်ဦးအနေနဲ့ တစ်နေ့ကို ချယ်ရီသီး ၁၀ လုံးခန့် စားပေးသင့်ပါတယ်။

ငါး

Source: The Healthy Fish

ဆယ်လ်မွန်၊ ဆာဒင်းတို့လိုမျိုး omega-3 fatty acids ကြွယ်ဝတဲ့ ငါးတွေကို ပုံမှန် စားသုံးမယ်ဆိုရင် နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ချင်း (ဂျင်း)

Source: Times of India

ဂျင်းကိုပုံမှန်စားသုံးပေးပါက ကြွက်သားနာကျင်မှုကို သက်သာစေပါတဘ်။ ဂျင်း ကသဘာဝအကိုက်အခဲပျောက်ဆေးတစ်မျိုး ဖြစ်ပြီး ဆီးကျိတ်ကင်ဆာမဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။