ကျန်းမာရေးကောင်းမွန်ဖို့ဟာ လူတိုင်းအတွက်အရေးကြီးပါတယ်။ အစားအစာကို ကျန်းမာရေးနဲ့ အညီစားသုံးဖို့လိုအပ်သလို လုံလောက်တဲ့ကိုယ်လက် လှုပ်ရှားမူရှိဖို့လည်းလိုအပ်ပါသေးတယ်။ အခုဆိုရင် website တွေ facebook တွေပေါ်မှာ ကျန်းမာရေးနဲ့အညီ ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာတွေကို အကျယ်တဝန်း လေ့လာနိုင်ပါပြီ။
ဒီနေ့မှာတော့ kwee page ကနေပြီးတော့ ကျန်းမာစွာနေထိုင်နိူင်ဖို့အတွက် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်သလဲဆိုတာပြောပြပေးသွားမှာပါ။
(၁) အချိုများတဲ့ ဒိန်ချဉ်တွေ

ချိုတဲ့နို့ထွက်ပစ္စည်းတွေက အာဟာရမဖြစ်ပါဘူး။ ဒိန်ချဉ်က ကျန်းမာရေးအတွက်ကောင်းတာမှန်ပါတယ်။ ဒါပေမဲ့ သကြားထည့်ပဲနဲ့ သောက်တာပိုကောင်းပါတယ်။
ဆရာဝန်တွေကတော့ ကစီဓာတ်များတဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ရှားဖို့အကြံပေးထားကြပါတယ်။ အချိုမပါတဲ့ ဒိန်ချဉ်တွေထဲကို အသီးတွေ ဒါမှမဟုတ် vanilla စတာတွေကို ရောထည့်ပြီး စားသုံးတာက ပိုပြီးကျန်းမာရေးနဲ့ညီညွတ်ပါတယ်။
(၂) အခြောက်ကြော်များ

အခြောက်ကြော်ထားတဲ့ အစားအစာတော်တော်များများဟာ ဆီထဲမှာ နှစ်ပြီးအချိန်အကြာကြီးကြော်ရတာပါ။ ဥပမာ အာလူးခြောင်းကြော်လိုမျိုးဆီတွေအများကြီး သုံးပြီးကြော်ရတာပါ။ ဒါကြောင့် အရွတ်အခြောက်ကြော်ပဲဖြစ်ဖြစ် အသီးအခြောက်ကြော်ထားတာပဲဖြစ်ဖြစ် အာလူးချောင်းကြော်လိုပဲ ကယ်လိုရီတွေအများကြီးပါဝင်ပါတယ်။
ပြီးတော့ ဒီအစားအစာတွေကို ကြာရှည်ခံအောင် ဓာတုပစ္စည်းတွေအသုံးပြုရပါသေးတယ်။ ဒါကြောင့် ဒီအစားအစာတွေဟာ ကျန်းမာရေးအတွက် အထောက်အကူမပြုတာကြောင့် မစားပဲနေတာက အကောင်းဆုံးပါ။
(၃) စပျစ်သီးများ

ကြားရတာတော့နည်းနည်းထူးဆန်းနေမယ်ထင်ပါတယ်။ ဟုတ်ပါတယ် စပျစ်သီးအများကြီးစားတာက ကျန်းမားရေးကို ထိခိုက်စေပါတယ်။ စပျစ်သီးမှာအချိုဓာတ်တွေအများကြီးပါဝင်ပါတယ်။ စားကောင်းကောင်းနဲ့ အများကြီးစားမိမယ်ဆိုရင် ခန္ဓာကိုယ်က အချိုဓာတ်တွေအများကြီး စုမိသွားတတ်ပါတယ်။
ကျွမ်းကျင်သူတွေကတော့ စပျစ်သီးကို အခြားအသီးတွေနဲ့ရောနှောပြီး စားသုံးသင့်တယ်လို့ အကြံပေးထားကြပါတယ်။ စပျစ်သီးနဲ့ ရောပြီးမစားသုံးသင့်တဲ့အစားအစားတွေကတော့ ငါး၊ သခွားသီး၊ ဖရဲသီး၊ ဘီယာ နဲ့ နွားနို့ တို့ပဲဖြစ်ပါတယ်။
(၄) ဆန်ကိုအခြေခံပြီး ပြုလုပ်ထားသောကိတ်မုန့်များ

ဆန်ကိုအခြေခံပြီး ပြုလုပ်ထားသောကိတ်မုန့်တွေမှာ အဆီတွေမပါသလောက်ပါပဲ။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုံးက နာမည်းကြီး မဂ္ဂဇင်းတွေကတောင် ပေါင်မုန့်တွေအစား ဆန်ကိုအခြေခံပြီး ပြုလုပ်ထားသောကိတ်မုန့်တွေကို စားသုံးသင့်တယ်လို့ ရေးသားခဲ့ကြပါတယ်။
ဒါပေမဲ့ တခုရှိတာက သူတို့မှာ glycemic index လို့ခေါ်တဲ့ အစားစာချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေတဲ့ ဓာတ်တစ်မျိုး အများအပြားပါဝင်နေပါတယ်။ ဒါကြောင့် ဒီမုန့်တွေစားမယ်ဆိုရင် ခဏခဏ စာလောင်မူကို ဖြစ်စေပါတယ်။ မလိုအပ်ပဲ ကယ်လိုရီတွေအများကြီး စားသုံးခြင်းကို ဖြစ်စေပြီးတော့ ဝိတ်ပိုတတ်လာစေပါတယ်။
အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့ စကားအတိုင်း ဆေးကိုအစာစား သလိုမစားချင်ဘူးဆိုရင်တော့ အစာကို ဆေးလိုသဘောထားပြီး ရွေးချယ်စားသုံးသင့်ပါတယ်။
Source: Bright Side
