ရာသီဥတုဒဏ် စိတ်ဖိစီးမှုဒဏ် စသည့်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ ခေါင်းကိုက်ပြီဆိုရင် ဘာမှမလုပ်ချင်မကိုက်ချင်ဖြစ်ပြီး ခံစားရအတော်ခက်စေပါတယ်။ ခေါင်းကိုက်ခြင်းဟာ အဓိကအားဖြင့် ခန္ဓာကိုယ်က ရေဓာတ်အလုံအလောက်မရတဲ့အခါ၊ ရေဓာတ်ခမ်းခြောက်တဲ့အခါတွေမှာ ဖြစ်ပေါ်တတ်တဲ့ ဝေဒနာတစ်ခုလို့ ဆေးပညာရှင်တွေကဆိုပါတယ်။

ကိုယ်က မကြာမဏ ခေါင်းကိုက်တတ်ပြီး ဆေးရုံဆေးခန်းလည်း မသွားချင်ဘူးဆိုရင်တော့ ခေါင်းကိုက်ဝေဒနာကို အမြန်ဆုံးသက်သာစေမယ့် အစားအစာလေးတွေတော့ သိထားဖို့လိုမယ်နော်။ ဆေးသောက်ကြောက်တဲ့ အစားတလိုင်းလေးတွေအတွက်တော့ အစားအစာနဲ့ ခေါင်းကိုက်ဝေဒနာကို ကုသခြင်း နည်းလမ်းက အံ့ကိုက်ပဲဖြစ်မယ်ထင်ပါတယ်။ ဒါဆိုဘာတွေစားပေးရမလဲ ဆက်ဖတ်ကြည့်ရအောင်။

(၁) ဖရဲသီး

Source : 1zoom.me

ခေါင်းအရမ်းကိုက်နေတဲ့အချိန် ဖရဲသီးလို ရေဓာတ်ပါဝင်မှုများတဲ့ အသီးအနှံမျိုးစားပေးခြင်းက ခေါင်းကိုက်ဝေဒနာကို အမြန်ဆုံး သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။ ဖရဲသီးမှာအဓိက အားဖြည့် ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် သတ္တုဓာတ်လို ခေါင်းကိုက်သက်သာစေတဲ့ ဓာတ်မျိုးတွေလည်းပါဝင်တာကြောင့် ခေါင်းကိုက်နေရင် ဖရဲသီးသာအမြန်ဆုံးစားလိုက်ပါ။

(၂) ငှက်ပျောသီး

Source : 1zoom.me

ငှက်ပျောသီးဟာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ခေါင်းကိုက်ဝေဒနာကို အမြန်ဆုံးပျောက်ကင်းသက်သာစေမယ့် သဘာဝအသီးတစ်ခုဖြစ်ပါတယ်။ နေပူထဲသွားလာရများတဲ့သူတွေအနေနဲ့ ငှက်ပျောသီးလေးတစ်လုံးနှစ်လုံးတော့ အိတ်ထဲဆောင်ထားသင့်ပါတယ်။ ခေါင်းကိုက်ဝေဒနာခံစားရပြီဆိုတာနဲ့ ငှက်ပျောသီးလေးသာထုတ်စားလိုက်ပါ။ အမြန်ဆုံး သက်သာလာစေမှာဖြစ်ပါတယ်။

(၃) အာလူး

Source : simplelifebykels.com

အားလူးဟာ ရေဓာတ်ခမ်းခြောက်ခြင်းကို အမြန်ဆုံးပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ အစားစာတစ်ခုဖြစ်ပါတယ်။ ရေဓာတ်ခမ်း ခြောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ခေါင်းကိုက်ခြင်းအတွက် အမြန်ဆုံးရေဓာတ်ပြန်လည်ဖြည့်ပေးမယ့် အစားအစာဟာ အာလူးဖြစ်တာကြောင့် ခေါင်းကိုက်လာရင် အာလူးလေးသာ အပြေးစားလိုက်ပါ။

(၄) ဟင်းနုနွယ်

Source : The Healthy Family and Home

ပြည့်စုံတဲ့ထမင်းဝိုင်းတစ်ခုဖြစ်ဖို့ အသားချည်းစားလို့မရနိုင်ပါဘူး။ အသီးအရွက်ကြော်တစ်မျိုးမျိုးလည်း ပါဝင်ရပါမယ်။ အရသာရှိပြီး အဟာရပြည့်ဝတဲ့ အရွက်ကြော်ဟင်းတစ်ပွဲအတွက် အကောင်းဆုံးကတော့ ဟင်းနုနွယ်ရွက်ဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ် ကြွယ်ဝစွာပါဝင်တဲ့အပြင် သွေးဖိအားကိုလည်း ကောင်းမွန်စေတာဖြစ်ပါတယ်။ ခေါင်းကိုက်ဝေဒနာဟာ သွေးဖိအားကျဆင်းရင်လည်းဖြစ်တတ်တာေ ကာင့် သွေးဖိအားပြန်လည်ကောင်းမွန်စေမယ့် ဟင်းနုနွယ်ရွက်ကို စားသုံးပေးဖို့လိုပါမယ်။

(၅) ရေ

Source : Medical News Today

ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ရေဝဝလင်လင်သောက်သုံးခြင်းဖြင့် ပြန်လည်ဖြည့်တင်းပေးဖို့လိုပါတယ်။ ရေဓာတ် ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်စေတဲ့ ခေါင်းကိုက်ဝေဒနာကို ရေသောက်ခြင်းနဲ့ပဲ ပြန်လည်ကုစားလို့ရပါတယ်။ ဒါကြောင့်ရေများများသောက်ပါ။ ဒါပေမယ့် ရေဆိုတဲ့ နေရာမှာ ရေခဲရေထက် သဘာဝရေကိုပဲ ပိုပြီးသောက်သုံးသင့်ပါတယ်။